ကြောက်မက်ဖွယ်ရာတိုက်စစ်အစုအဖွဲ့ကိုရွေးချယ်လာခဲ့ပြီး ပြိုင်ဘက်တွေကိုတစ်ချက်ဖြဲပြလိုက်တဲ့ ပြင်သစ်နည်းပြဒက်ချမ့်

ပြင်သစ်နည်းပြဒက်ချမ့်ဟာ ကမ္ဘာ့ဖလားအတွက်အပြီးသတ်လူစာရင်းကိုထုတ်ပြန် ကြေညာလိုက်ပြီဖြစ်တယ်။ ဒီပြိုင်ပွဲမှာ

လက်ရှိချန်ပီယံဆုကိုကာကွယ်ရမယ့် ပြင်သစ်အနေနဲ့ အင်အားကြီးမားတဲ့တိုက်စစ်အစုအဖွဲ့ကိုအခြေခံလာခဲ့ပြီး အမ်ဘာပီနဲ့

ဘန်ဇီမာတို့လိုကစားသမားတွေနဲ့အတူ ကိုမန်း၊ ဂီရောက်၊ ဂရေ့ဇ်မန်း၊ ဒမ်ဘီလီနဲ့ အန်ကွန်ကူတို့ပါဝင်လာခဲ့ပါတယ်။

ပြိုင်ဘက်တွေအနေနဲ့သူတို့တိုက်စစ် အစုအဖွဲ့ကိုကြည့်ပြီး ငုတ်တုပ်မေ့သွားလောက်တဲ့ အနေအထားဖြစ်နေတာပါ။ ဒက်ချမ့်ဟာ ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်တဲ့ လိုရစ်၊

ဆာလီဘာ၊ ကိုနာတေးနဲ့ ဗာရန်းတို့ကိုလူစာရင်းထဲထည့်သွင်းလာခဲ့ပြီး လူရွေးချယ်ရာမှာအလွန် ပဲခက်ခဲခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။ “ဒီနေရာမှာ လုံး၀ရိုးသားဖို့လိုပါတယ်။

ဒါဟာ အလွယ်ဆုံးရွေးချယ်မှုတစ်ခုတော့မဟုတ်ပါဘူး။ တခြားနိုင်ငံအသင်းနည်းပြတွေ အားလုံးအတွက်လည်း အလားတူဖြစ်ပါလိမ့်မယ်။ ဒဏ်ရာပြန်ကောင်းလာတဲ့ ကစားသမားတွေ၊

မနေ့ညကဒဏ်ရာရခဲ့တဲ့ ကစားသမားတွေ၊ ဒီည ဒဏ်ရာရနိုင်တဲ့ကစားသမားတွေနဲ့အတူ စဉ်းစားရတာရှုပ်ထွေးပါတယ်” လို့ ပြင်သစ်နည်းပြဒက်ချမ့်က ဆိုခဲ့ပါတယ်။

လက်ရှိအပြီးသတ်လူစာရင်းတွေထွက်ပေါ်လာအပြီးမှာတော့ ပြိုင်ဘက်တွေဟာ ပြင်သစ်နဲ့ ဘရာဇီးကိုထိတ်လန့်နေပြီး အထူးသဖြင့်ကြောက်မက်ဖွယ်ရာသူတို့ရဲ့

တိုက်စစ်ပိုင်းတွေက ပြိုင်ပွဲမစတင်ခင်မှာတင်ခြိမ်းခြောက်နိုင်တဲ့ပုံစံရှိနေခဲ့ပါတယ်။ ပြင်သစ်အသင်းဟာ နိုဝင်ဘာ ၂၂ရက်မှာ ဩစတြေးလျအသင်းနဲ့

အုပ်စုအဖွင့်ပွဲကစားရဖို့ရှိနေပြီး နိုဝင်ဘာ ၂၆ရက်မှာ ဒိန်းမတ်နဲ့ရင်ဆိုင်ရမှာဖြစ်သလို အုပ်စုနောက်ဆုံးပွဲအဖြစ် နိုဝင်ဘာ ၃၀ရက်မှာ တူနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။

(Zawgyi)

ေၾကာက္မက္ဖြယ္ရာတိုက္စစ္အစုအဖြဲ႕ကိုေ႐ြးခ်ယ္လာခဲ့ၿပီး ၿပိဳင္ဘက္ေတြကိုတစ္ခ်က္ၿဖဲျပလိုက္တဲ့ ျပင္သစ္နည္းျပဒက္ခ်မ့္

ျပင္သစ္နည္းျပဒက္ခ်မ့္ဟာ ကမာၻ႔ဖလားအတြက္အၿပီးသတ္လူစာရင္းကိုထုတ္ျပန္ ေၾကညာလိုက္ၿပီျဖစ္တယ္။ ဒီၿပိဳင္ပြဲမွာ လက္ရွိခ်န္ပီယံဆုကိုကာကြယ္ရမယ့္ ျပင္သစ္အေနနဲ႔

အင္အားႀကီးမားတဲ့တိုက္စစ္အစုအဖြဲ႕ကိုအေျခခံလာခဲ့ၿပီး အမ္ဘာပီနဲ႔ ဘန္ဇီမာတို႔လိုကစားသမားေတြနဲ႔အတူ ကိုမန္း၊ ဂီေရာက္၊ ဂေရ႕ဇ္မန္း၊ ဒမ္ဘီလီနဲ႔

အန္ကြန္ကူတို႔ပါဝင္လာခဲ့ပါတယ္။ ၿပိဳင္ဘက္ေတြအေနနဲ႔သူတို႔တိုက္စစ္ အစုအဖြဲ႕ကိုၾကည့္ၿပီးငုတ္တုတ္ေမ့သြားေလာက္တဲ့ အေနအထားျဖစ္ေနတာပါ။ ဒက္ခ်မ့္ဟာ

ပရီးမီးယားလိဂ္ကစားသမားေတြျဖစ္တဲ့ လိုရစ္၊ ဆာလီဘာ၊ ကိုနာေတးနဲ႔ ဗာရန္းတို႔ကိုလူစာရင္းထဲထည့္သြင္းလာခဲ့ၿပီး လူေ႐ြးခ်ယ္ရာမွာအလြန္ ပဲခက္ခဲခဲ့တယ္လို႔ ဝန္ခံလိုက္ပါတယ္။

“ဒီေနရာမွာ လုံး၀႐ိုးသားဖို႔လိုပါတယ္။ ဒါဟာ အလြယ္ဆုံးေ႐ြးခ်ယ္မႈတစ္ခုေတာ့မဟုတ္ပါဘူး။ တျခားႏိုင္ငံအသင္းနည္းျပေတြ အားလုံးအတြက္လည္းအလားတူျဖစ္ပါလိမ့္မယ္။

ဒဏ္ရာျပန္ေကာင္းလာတဲ့ကစားသမားေတြ၊ မေန႔ညကဒဏ္ရာရခဲ့တဲ့ ကစားသမားေတြ၊ ဒီညဒဏ္ရာရႏိုင္တဲ့ကစားသမားေတြနဲ႔အတူ စဥ္းစားရတာရႈပ္ေထြးပါတယ္” လို႔ ျပင္သစ္နည္းျပဒက္ခ်မ့္က

ဆိုခဲ့ပါတယ္။ လက္ရွိအၿပီးသတ္လူစာရင္းေတြထြက္ေပၚလာအၿပီးမွာေတာ့ ၿပိဳင္ဘက္ေတြဟာ ျပင္သစ္နဲ႔ ဘရာဇီးကိုထိတ္လန႔္ေနၿပီး အထူးသျဖင့္ေၾကာက္မက္ဖြယ္ရာသူတို႔ရဲ႕ တိုက္စစ္ပိုင္းေတြက

ၿပိဳင္ပြဲမစတင္ခင္မွာတင္ၿခိမ္းေျခာက္ႏိုင္တဲ့ပုံစံရွိေနခဲ့ပါတယ္။ ျပင္သစ္အသင္းဟာ ႏိုဝင္ဘာ ၂၂ရက္မွာ ဩစေၾတးလ်အသင္းနဲ႔

အုပ္စုအဖြင့္ပြဲကစားရဖို႔ရွိေနၿပီး ႏိုဝင္ဘာ ၂၆ရက္မွာ ဒိန္းမတ္နဲ႔ရင္ဆိုင္ရမွာျဖစ္သလို အုပ္စုေနာက္ဆုံးပြဲအျဖစ္ ႏိုဝင္ဘာ ၃၀ရက္မွာ တူနီးရွားအသင္းနဲ႔ ယွဥ္ၿပိဳင္ရဖို႔ရွိေနပါတယ္။