ကြောက်ချီးပန်းနေတဲ့ အသင်းပိုင်ရှင်တွေက နည်းပြသစ်ရှာဖို့ပဲ လုပ်တတ်တယ်ဆိုတဲ့ ကလော့ပ်

၂၀၂၂-၂၃ ဘောလုံးရာသီအတွက် နည်းပြရာထူးကနေ ဖယ်ရှားခံရတဲ့ စာရင်းမှာ ဈေးဦးပေါက်သွားတာကတော့ ဘုန်းမောက်နည်းပြ စကော့ပါကားပဲ ဖြစ်ပါ တယ်။ လီဗာပူးကို ၉-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဘုန်းမောက်အသင်းဟာ အင်္ဂါနေ့ နံနက်ပိုင်းမှာ နည်းပြပါကားကို ရာထူးကနေ တရားဝင် ဖယ်ရှားလိုက် ပြီဖြစ်ပါတယ်။

အရည်အချင်းရှိတဲ့ နည်းပြတစ်ယောက်ကို ရာထူးကနေ ဖယ် ရှားပစ်လိုက်တယ်ဆိုတဲ့ သတင်းကြားလိုက်ရတဲ့ လီဗာပူးနည်းပြ ဂျာဂင် ကလော့ပ်ဟာ သူ့ပယောဂ မကင်းတဲ့အတွက်ကြောင့် ဘုန်းမောက်အသင်း ပိုင်ရှင်တွေဟာ ကြောက်ချီးပန်းပြီး လုပ်မိလုပ်ရာ လုပ်လိုက်တာဖြစ်တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ပါကားဟာ ထူးချွန်ထက်မြက်တဲ့ နည်းပြ တစ်ယောက်ဖြစ်တယ်လို့လည်း ကလော့ပ်က ချီးမွမ်းသွားခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာ တစ်နိုင်ငံတည်းက ပိုင်တဲ့ အသင်းမျိုးဆိုရင် သူတို့တွေ စိတ်အလိုမကျတဲ့အခါ နည်းပြတစ်ယောက်ကို

အလွယ်တကူထုတ်ပယ်ပစ် လေ့ရှိပြီး နောက်ထပ် နည်းပြသစ်နဲ့ အစားထိုးတာမျိုးပဲ လုပ်တတ်ကြတယ် လို့ ကလော့ပ်က ဝေဖန်သွားခဲ့ပါတယ်။ အခုလို ပြောဆိုလိုက်တာဟာ တစ်ဦး တစ်ယောက်တည်းကနေ ပိုင်ဆိုင်ထားတဲ့ အသင်းမျိုးတွေဖြစ်တဲ့

မန်စီးတီး၊ ချဲလ်ဆီးနဲ့ နယူးကာဆယ်တို့လိုအသင်းတွေကို ဆွပေးလိုက်တာလည်း ဖြစ်ပါ တယ်။ ‘’ကျွန်တော်ဒီနေ့ ပါကားသတင်းကြားလိုက်တော့ ဘောလုံးအသင်းမှာ သင့်တော်ကောင်းမွန်တဲ့ အသင်းပိုင်ရှင်တွေဟာ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို သိမြင်လာပါတယ်။

တချို့အသင်းတွေက နိုင်ငံတွေကနေ ပိုင်ဆိုင်ထားကြတာပါ။ ဒါပေမဲ့ တခြားအသင်းတွေကတော့ စုဖွဲ့မှုအရပိုင်တာ ဖြစ်ပြီး ကျွန်တော်တို့လိုမျိုးပေါ့။ အာဆင်နယ်လည်း ပါကောင်း ပါနိုင်ပါတယ်။ တန်းတက်လာတဲ့ သုံးသင်းဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်က ငွေသုံးတယ်။

ဖူလ်ဟမ်လည်း သုံးပါတယ်။ နည်းပြတစ်ယောက်အတွက် အခက်အခဲတွေ ရှိနေတဲ့ ဘုန်းမောက်ကတော့ အများကြီးသုံးလား မသိပါဘူး။ ပါကားအတွက် ကျွန်တော် စိတ်မကောင်းပါဘူး။

ပထမ ၄ ပွဲမှာ သူတို့က အာဆင်နယ်၊ မန်စီး တီး၊ လီဗာပူးနဲ့ ကြုံခဲ့ရတာပါ။ ကြောက်ချီးပန်းနေတဲ့ ပိုင်ရှင်မျိုးတွေရှိနေရင် နည်းပြတစ်ယောက် ရှာတော့တာပါပဲ။ ပါကားဟာ ထူးချွန်တဲ့ နည်းပြတစ်ယောက်လို့ ကျွန်တော် မြင်ပါတယ်’’ လို့ ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

၂၀၂၂-၂၃ ေဘာလုံးရာသီအတြက္ နည္းျပရာထူးကေန ဖယ္ရွားခံရတဲ့ စာရင္းမွာ ေဈးဦးေပါက္သြားတာကေတာ့ ဘုန္းေမာက္နည္းျပ စေကာ့ပါကားပဲ ျဖစ္ပါ တယ္။ လီဗာပူးကို ၉-၀ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ဘုန္းေမာက္အသင္းဟာ

အဂၤါေန႔ နံနက္ပိုင္းမွာ နည္းျပပါကားကို ရာထူးကေန တရားဝင္ ဖယ္ရွားလိုက္ ၿပီျဖစ္ပါတယ္။ အရည္အခ်င္းရွိတဲ့ နည္းျပတစ္ေယာက္ကို ရာထူးကေန ဖယ္ ရွားပစ္လိုက္တယ္ဆိုတဲ့ သတင္းၾကားလိုက္ရတဲ့ လီဗာပူးနည္းျပ ဂ်ာဂင္ ကေလာ့ပ္ဟာ သူ႔ပေယာဂ မကင္းတဲ့အတြက္ေၾကာင့္ ဘုန္းေမာက္အသင္း ပိုင္ရွင္ေတြဟာ

ေၾကာက္ခ်ီးပန္းၿပီး လုပ္မိလုပ္ရာ လုပ္လိုက္တာျဖစ္တယ္လို႔ စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ ပါကားဟာ ထူးခြၽန္ထက္ျမက္တဲ့ နည္းျပ တစ္ေယာက္ျဖစ္တယ္လို႔လည္း ကေလာ့ပ္က ခ်ီးမြမ္းသြားခဲ့ပါတယ္။ ဒါ့အျပင္ ပရီးမီးယားလိဂ္မွာ တစ္ႏိုင္ငံတည္းက ပိုင္တဲ့ အသင္းမ်ိဳးဆိုရင္

သူတို႔ေတြ စိတ္အလိုမက်တဲ့အခါ နည္းျပတစ္ေယာက္ကို အလြယ္တကူထုတ္ပယ္ပစ္ ေလ့ရွိၿပီး ေနာက္ထပ္ နည္းျပသစ္နဲ႔ အစားထိုးတာမ်ိဳးပဲ လုပ္တတ္ၾကတယ္ လို႔ ကေလာ့ပ္က ေဝဖန္သြားခဲ့ပါတယ္။ အခုလို ေျပာဆိုလိုက္တာဟာ တစ္ဦး တစ္ေယာက္တည္းကေန ပိုင္ဆိုင္ထားတဲ့

အသင္းမ်ိဳးေတြျဖစ္တဲ့ မန္စီးတီး၊ ခ်ဲလ္ဆီးနဲ႔ နယူးကာဆယ္တို႔လိုအသင္းေတြကို ဆြေပးလိုက္တာလည္း ျဖစ္ပါ တယ္။ ‘’ကြၽန္ေတာ္ဒီေန႔ ပါကားသတင္းၾကားလိုက္ေတာ့ ေဘာလုံးအသင္းမွာ သင့္ေတာ္ေကာင္းမြန္တဲ့ အသင္းပိုင္ရွင္ေတြဟာ

ဘယ္ေလာက္အထိ အေရးပါတယ္ဆိုတာကို သိျမင္လာပါတယ္။ တခ်ိဳ႕အသင္းေတြက ႏိုင္ငံေတြကေန ပိုင္ဆိုင္ထားၾကတာပါ။ ဒါေပမဲ့ တျခားအသင္းေတြကေတာ့ စုဖြဲ႕မႈအရပိုင္တာ ျဖစ္ၿပီး ကြၽန္ေတာ္တို႔လိုမ်ိဳးေပါ့။ အာဆင္နယ္လည္း ပါေကာင္း ပါႏိုင္ပါတယ္။

တန္းတက္လာတဲ့ သုံးသင္းျဖစ္တဲ့ ေနာ္တင္ဟမ္ေဖာရက္စ္က ေငြသုံးတယ္။ ဖူလ္ဟမ္လည္း သုံးပါတယ္။ နည္းျပတစ္ေယာက္အတြက္ အခက္အခဲေတြ ရွိေနတဲ့ ဘုန္းေမာက္ကေတာ့ အမ်ားႀကီးသုံးလား မသိပါဘူး။ ပါကားအတြက္ ကြၽန္ေတာ္ စိတ္မေကာင္းပါဘူး။

ပထမ ၄ ပြဲမွာ သူတို႔က အာဆင္နယ္၊ မန္စီး တီး၊ လီဗာပူးနဲ႔ ႀကဳံခဲ့ရတာပါ။ ေၾကာက္ခ်ီးပန္းေနတဲ့ ပိုင္ရွင္မ်ိဳးေတြရွိေနရင္ နည္းျပတစ္ေယာက္ ရွာေတာ့တာပါပဲ။ ပါကားဟာ ထူးခြၽန္တဲ့ နည္းျပတစ္ေယာက္လို႔ ကြၽန္ေတာ္ ျမင္ပါတယ္’’ လို႔ ကေလာ့ပ္က ေျပာဆိုသြားခဲ့ပါတယ္။