ကြောက်ခမန်းခြေစွမ်းနဲ့ ပီလီလက်သစ်လို့နာမည်ကြီးသူကို ဂန်းနားတွေ အပိုင်သိမ်းဖို့ကြံနေပြီ

အာဆင်နယ်ဂန္တဝင်ကွင်းလယ်လူဟောင်း ဂီလ်ဘာတိုဆေးလ်ဗားက ဂန်းနားတွေအနေနဲ့ ပါးမီးယက်စ် လူငယ်တိုက်စစ်မှူးအန်ဒရစ်ခ်ကို ခေါ်ယူဖို့အခွင့်အလမ်းအများကြီး ရှိနေတယ်အသိပေးပြောဆိုလိုက်ပါတယ်။

ဒီနှစ်အစောပိုင်းမှာ ပါးမီးယက်စ်နဲ့ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့တဲ့ အန်ဒရစ်ခ်ဟာ ၂၀၂၂ခုနှစ်အတွင်း ထိပ်တန်းကလပ်များစွာနဲ့အချိတ်အဆက်လုပ်ခဲ့ဖူးသူဖြစ်ပါတယ်။

လူငယ်တိုက်စစ်မှူးဟာမှော်ဆန်တဲ့ ခြေစွမ်းပိုင်ဆိုင်ထားသလို ထူးခြားတဲ့ဘယ်ခြေကန်ချက်တွေလုပ်နိုင်တာကြောင့် သူ့ကို ပီလီနဲ့ရိုနယ်ဒိုတို့လိုဂန္တဝင်တွေနဲ့ခိုင်းနှိုင်းနေကြပါတယ်။

ပါးမီးယက်စ်လူငယ် အသင်းအတွက် ၁၆၉ပွဲ မှာ ၁၆၅ဂိုးသွင်းထားတဲ့ အန်ဒရစ်ခ်ခြေစွမ်းက ကြောက်ခမန်းလိလိဖြစ်နေပြီး သူ့အနေနဲ့ ၁၈နှစ်ပြည့်မှသာ ပါးမီးယက်စ်အသင်းကနေထွက်ခွာနိုင်မယ်လို့ သဘောတူညီချက်ရှိနေပါတယ်။

ဒါပေမဲ့ ရီးရဲလ်နဲ့ ချဲလ်ဆီးလိုအသင်းတွေက အန်ဒရစ်ခ်ခြေစွမ်းကို စောင့်ကြည့်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီနှစ်အစောပိုင်းမှာ ရီးရဲလ်အသင်းလေ့ကျင့်ရေးကွင်းကို ရောက်ခဲ့ဖူးတယ်လို့ သတင်းထွက်နေပါတယ်။

လက်ရှိသူ့ရဲ့အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းကပိုမိုအချိတ်အဆက်မိလာခဲ့ပြီး နည်းစနစ်ဒါရိုက်တာအီဒူးကသော့ချက်အဖြစ် ရှိလာနိုင်ပါတယ်။

အီဒူးဟာ မာတင်နယ်လီနဲ့ မာကွင်ဟိုတို့လိုဘရာဇီးလူ ငယ်တွေကို အာဆင်နယ်အရောက်ခေါ်နိုင်ခဲ့သူဖြစ်ပြီး လက်ရှိအသင်းမှာ ဂါဘရီရယ်နဲ့ ဂျီဆပ်စ်တို့လို ဘရာဇီးကစားသမားတွေရှိနေတာက အမ်းမရိတ်ကို အန်ဒရစ်ခ်ရောက်လာဖို့ အဓိကသော့ချက်တွေဖြစ်နေပါတယ်။

ပါးမီးယက်စ်အနေနဲ့ ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ထိပ်တန်းကလပ်တိုင်းဆီက ကမ်းလှမ်းချက်ရရှိမှာ အသေချာဆုံးဖြစ်နေပေမဲ့ ကစားသမားရဲ့ဆုံးဖြတ်ချက်နဲ့ မက်လုံးပေးဆွဲဆောင်မှု တွေက အဓိကကျလာနိုင်ပါတယ်။

အန်ဒရစ်ခ်ဟာ ဘရာဇီးယူ-၁၆အသင်းအတွက် ၄ပွဲကစားထားရာမှာ ၅ဂိုးသွင်းထားနိုင်သူဖြစ်ပါတယ်။

(Zawgyi)

ေၾကာက္ခမန္းေျခစြမ္းနဲ႔ ပီလီလက္သစ္လို႔နာမည္ႀကီးသူကို ဂန္းနားေတြအ ပိုင္သိမ္းဖို႔ႀကံေနၿပီ

အာဆင္နယ္ဂႏၲဝင္ကြင္းလယ္ေဟာင္း လူဂီလ္ဘာတိုေဆးလ္ဗားက ဂန္းနားေတြအေနနဲ႔ ပါးမီးယက္စ္လူငယ္တိုက္စစ္မႉးအန္ဒရစ္ခ္ကို ေခၚယူဖို႔အခြင့္အလမ္းမ်ားစြာရွိေနေၾကာင္းအသိေပးေျပာဆိုလိုက္ပါတယ္။

ဒီႏွစ္အေစာပိုင္းမွာ ပါးမီးယက္စ္နဲ႔ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့ အန္ဒရစ္ခ္ဟာ ၂၀၂၂ခုႏွစ္အတြင္း ထိပ္တန္းကလပ္မ်ားစြာ နဲ႔အခ်ိတ္အဆက္လုပ္ခဲ့ဖူးသူျဖစ္ပါတယ္။

လူငယ္တိုက္စစ္မႉးဟာေမွာ္ဆန္တဲ့ ေျခစြမ္းပိုင္ဆိုင္ထားသလို ထူးျခားတဲ့ဘယ္ေျခကန္ခ်က္ေတြလုပ္ႏိုင္တာေၾကာင့္ သူ႔ကို ပီလီနဲ႔႐ိုနယ္ဒိုတို႔လိုဂႏၲဝင္ေတြနဲ႔ခိုင္းႏႈိင္းေနၾကပါတယ္။

ပါးမီးယက္စ္လူငယ္ အသင္းအတြက္ ၁၆၉ပြဲ မွာ ၁၆၅ဂိုးသြင္းထားတဲ့ အန္ဒရစ္ခ္ေျခစြမ္းက ေၾကာက္ခမန္းလိလိျဖစ္ေနၿပီး သူ႔အေနနဲ႔ ၁၈ႏွစ္ျပည့္မွသာ ပါးမီးယက္စ္အသင္းကေနထြက္ခြာႏိုင္မယ္လို႔ သေဘာတူညီခ်က္ရွိေနပါတယ္။

ဒါေပမဲ့ ရီးရဲလ္နဲ႔ ခ်ဲလ္ဆီးလိုအသင္းေတြက အန္ဒရစ္ခ္ေျခစြမ္းကို ေစာင့္ၾကည့္မႈေတြ ဆက္တိုက္ျပဳလုပ္ေနၿပီး ဒီႏွစ္အေစာပိုင္းမွာ ရီးရဲလ္အသင္းေလ့က်င့္ေရးကြင္းကို ေရာက္ခဲ့ဖူးတယ္လို႔ သတင္းထြက္ေနပါတယ္။

လက္ရွိသူ႔ရဲ႕အေျပာင္းအေ႐ႊ႕မွာ အာ ဆင္နယ္အသင္းကပိုမိုအခ်ိတ္အဆက္မိလာခဲ့ၿပီး နည္းစနစ္ဒါ႐ိုက္တာအီဒူးကေသာ့ ခ်က္အျဖစ္ရွိလာႏိုင္ပါတယ္။

အီဒူးဟာ မာတင္နယ္လီနဲ႔ မာကြင္ဟိုတို႔လိုဘရာဇီးလူ ငယ္ေတြကို အာဆင္နယ္အေရာက္ေခၚႏိုင္ခဲ့သူျဖစ္ၿပီး လက္ရွိအသင္းမွာ ဂါဘရီရယ္နဲ႔ ဂ်ီဆပ္စ္တို႔လို ဘရာဇီးကစားသမားေတြရွိေနတာက အမ္းမရိတ္ကို အန္ဒရစ္ခ္ေရာက္လာဖို႔ အဓိကေသာ့ခ်က္ေတြျဖစ္ေနပါတယ္။

ပါးမီးယက္စ္အေနနဲ႔ ကေတာ့ ကမာၻေပၚမွာရွိတဲ့ ထိပ္တန္းကလပ္တိုင္းဆီက ကမ္းလွမ္းခ်က္ရရွိမွာ အေသခ်ာဆုံးျဖစ္ေနေပမဲ့ ကစားသမားရဲ႕ဆုံးျဖတ္ခ်က္နဲ႔ မက္လုံးေပးဆြဲေဆာင္မႈ ေတြက အဓိကက်လာႏိုင္ပါတယ္။ အန္ဒရစ္ခ္ဟာ ဘရာဇီးယူ-၁၆အသင္းအတြက္ ၄ပြဲကစားထားရာမွာ ၅ဂိုးသြင္းထားႏိုင္သူျဖစ္ပါတယ္။