ကြေကွဲနေတဲ့ ဒီဂီယာနဲ့ မရှက်တတ်သူ ဆိုးလ်ရှား

သရဲနီ အသင်းဟာ ပရီးမီးယားလိဂ် တန်းတက်ကလပ်ကို ၄-၁ ဆိုတဲ့

ရလဒ်ဖြင့် အရှက်တကွဲ အရေးနိမ့်ခဲ့တာကြောင့် တကယ့်ကို

အရှက်ရဖွယ် ဖြစ်နေပါပြီ။ ယူနိုက်တက် ဂိုးသမား ဒီဂီယာကတော့

အရှက်ရစရာ အရေးနိမ့်မှုအပြီး ပရိသတ်တွေကို တောင်းပန်ခဲ့ကာ

အသင်းက ဒီလို ကျရှုံးနေတာ အချိန်ကြာနေပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒီဂီယာက “ဘာမှ အများကြီး ပြောစရာတောင် မရှိတော့ပါဘူး။

ဒီနေ့လိုခြေစွမ်းနဲ့ ယူနိုက်တက်ကစားနေတာက ရှက်စရာတောင်

ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ လှုပ်ရှားကစားပုံနဲ့ ခြေစွမ်းခြေစတွေက

လက်ခံနိုင်စရာ လုံးဝမရှိဘူး။ မန်နေဂျာနဲ့ နည်းပြအဖွဲ့ကို

အပြစ်တင်ရတာ လွယ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့

ကစားသမားတွေရဲ့ တာဝန်ပါ။ ဒီနေ့လုပ်ပြတာထက်

အများကြီးပိုပြီး လုပ်ပြနိုင်ဖို့လိုတယ်”

“ပထမပိုင်းကလည်း ရှက်စရာတောင် ကောင်းတယ်။ ပထမပိုင်းမှာတင်

၄ ဂိုးလောက် ပြတ်သွားနိုင်တယ်။ ဒီနေ့ အသင်းရဲ့ကစားပုံက

မြင်ရတာတောင် ခက်ခဲနေပါတယ်။ တစ်ကြိမ်ထက်တစ်ကြိမ်

ပိုပြီး ကြောက်စရာကောင်းအောင် ညံ့ဖျင်းလာတယ်။ လက်ခံနိုင်စရာ

အကြောင်းကိုမရှိဘူး။ အကောင်းဆုံးကြိုးစားပေမယ့် တစ်စုံတစ်ခု

မှားယွင်းနေတယ်။ အသင်းရဲ့ အဆင့်အတန်းက သိပ်ပြီးနိမ့်ပါးနေတာ

ကွင်းထဲမှာတင် မြင်နိုင်ပါတယ်။ ပရိသတ်တွေကိုလည်း

စိတ်မကောင်းဘူးလို့ ပြောချင်ပါတယ်”

“ကျွန်တော်တို့ အကောင်းဆုံး တိုက်ပွဲဝင် ကြိုးစားပေမယ့်

တစ်စုံတစ်ခုက မှားယွင်းနေတယ်။ ကျွန်တော်တို့က ယူနိုက်တက်အတွက်

လစာယူပြီး ကစားနေတာဖြစ်လို့ ဒီထက်အများကြီးပိုပြီး ကောင်းဖို့တော့

လိုတယ်။ ဒါဟာယူနိုက်တက် မဟုတ်သလို ကျွန်တော်တို့ ဒီလိုလည်

း မကစားသင့်ဘူး။ ဒီထက်ပိုပြီး ဘာမှပြောစရာတောင် မရှိဘူး။

ယူနိုက်တက်မှာ ခက်ခဲတဲ့အချိန်တွေ ဖြစ်နေတာ သိပ်များနေပါပြီ။

ယူနိုက်တက်ဆိုတာ ဆုဖလားတွေအတွက် တိုက်ခိုက်ကြိုးစားရမယ့်

အသင်းပါ။ ရိုးရိုးသားသားပြောရရင် ဆုဖလား ရယူရေးဆိုတာ

ယူနိုက်တက်က မတွေးနိုင်သေးပါဘူး။ ကျွန်တော်တို့အနေနဲ့

တစ်ယောက်နဲ့တစ်ယောက် အခုထက်ပိုပြီး စည်းစည်းလုံးလုံးနဲ့

ကစားနိုင်ဖို့ လိုပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

zawgyi

ေၾကကြဲေနတဲ့ ဒီဂီယာနဲ႔ မရွက္တတ္သူ ဆိုးလ္ရွား

သရဲနီ အသင္းဟာ ပရီးမီးယားလိဂ္ တန္းတက္ကလပ္ကို ၄-၁ ဆိုတဲ့

ရလဒ္ျဖင့္ အရွက္တကြဲ အေရးနိမ့္ခဲ့တာေၾကာင့္ တကယ့္ကို

အရွက္ရဖြယ္ ျဖစ္ေနပါၿပီ။ ယူႏိုက္တက္ ဂိုးသမား ဒီဂီယာကေတာ့

အရွက္ရစရာ အေရးနိမ့္မႈအၿပီး ပရိသတ္ေတြကို ေတာင္းပန္ခဲ့ကာ

အသင္းက ဒီလို က်ရႈံးေနတာ အခ်ိန္ၾကာေနၿပီလို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ဒီဂီယာက “ဘာမွ အမ်ားႀကီး ေျပာစရာေတာင္ မရွိေတာ့ပါဘူး။

ဒီေန႔လိုေျခစြမ္းနဲ႔ ယူႏိုက္တက္ကစားေနတာက ရွက္စရာေတာင္

ေကာင္းပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ လႈပ္ရွားကစားပုံနဲ႔ ေျခစြမ္းေျခစေတြက

လက္ခံႏိုင္စရာ လုံးဝမရွိဘူး။ မန္ေနဂ်ာနဲ႔ နည္းျပအဖြဲ႕ကို

အျပစ္တင္ရတာ လြယ္ပါတယ္။ ဒါေပမယ့္ တစ္ခါတေလမွာေတာ့

ကစားသမားေတြရဲ႕ တာဝန္ပါ။ ဒီေန႔လုပ္ျပတာထက္

အမ်ားႀကီးပိုၿပီး လုပ္ျပႏိုင္ဖို႔လိုတယ္”

“ပထမပိုင္းကလည္း ရွက္စရာေတာင္ ေကာင္းတယ္။ ပထမပိုင္းမွာတင္

၄ ဂိုးေလာက္ ျပတ္သြားႏိုင္တယ္။ ဒီေန႔ အသင္းရဲ႕ကစားပုံက

ျမင္ရတာေတာင္ ခက္ခဲေနပါတယ္။ တစ္ႀကိမ္ထက္တစ္ႀကိမ္

ပိုၿပီး ေၾကာက္စရာေကာင္းေအာင္ ညံ့ဖ်င္းလာတယ္။ လက္ခံႏိုင္စရာ

အေၾကာင္းကိုမရွိဘူး။ အေကာင္းဆုံးႀကိဳးစားေပမယ့္ တစ္စုံတစ္ခု

မွားယြင္းေနတယ္။ အသင္းရဲ႕ အဆင့္အတန္းက သိပ္ၿပီးနိမ့္ပါးေနတာ

ကြင္းထဲမွာတင္ ျမင္ႏိုင္ပါတယ္။ ပရိသတ္ေတြကိုလည္း

စိတ္မေကာင္းဘူးလို႔ ေျပာခ်င္ပါတယ္”

“ကြၽန္ေတာ္တို႔ အေကာင္းဆုံး တိုက္ပြဲဝင္ ႀကိဳးစားေပမယ့္

တစ္စုံတစ္ခုက မွားယြင္းေနတယ္။ ကြၽန္ေတာ္တို႔က ယူႏိုက္တက္အတြက္

လစာယူၿပီး ကစားေနတာျဖစ္လို႔ ဒီထက္အမ်ားႀကီးပိုၿပီး ေကာင္းဖို႔ေတာ့

လိုတယ္။ ဒါဟာယူႏိုက္တက္ မဟုတ္သလို ကြၽန္ေတာ္တို႔ ဒီလိုလည္

း မကစားသင့္ဘူး။ ဒီထက္ပိုၿပီး ဘာမွေျပာစရာေတာင္ မရွိဘူး။

ယူႏိုက္တက္မွာ ခက္ခဲတဲ့အခ်ိန္ေတြ ျဖစ္ေနတာ သိပ္မ်ားေနပါၿပီ။

ယူႏိုက္တက္ဆိုတာ ဆုဖလားေတြအတြက္ တိုက္ခိုက္ႀကိဳးစားရမယ့္

အသင္းပါ။ ႐ိုး႐ိုးသားသားေျပာရရင္ ဆုဖလား ရယူေရးဆိုတာ

ယူႏိုက္တက္က မေတြးႏိုင္ေသးပါဘူး။ ကြၽန္ေတာ္တို႔အေနနဲ႔

တစ္ေယာက္နဲ႔တစ္ေယာက္ အခုထက္ပိုၿပီး စည္းစည္းလုံးလုံးနဲ႔

ကစားႏိုင္ဖို႔ လိုပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။