ကြိုးစားပြီး အဖြေရှာရတော့မယ့်အချိန်ရောက်ပြီလို့ ပေါ်တာ ဝန်ခံသွားပြီ

ပွဲဆက်တွေများလွန်းနေမှုနဲ့ ပင်ပန်းမှုတွေက ချဲလ်ဆီးအတွက် ထိုးနှက်ချက် ဖြစ်စေခဲ့ပြီး လက်ရှိအချိန်မှာတော့ အကောင်းဆုံး ဖြစ်ဖို့အတွက် ကြိုးစားပြီး အဖြေရှာရတော့မယ့်အချိန်ရောက်ပြီလို့

ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက ပြောဆိုလိုက်ပါတယ်။ စနေညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီးဟာ နယူးကာဆယ်ကို ဂျိုးဝီလော့ရဲ့ သွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီးတဲ့နောက် ၂၀၀၂ ခုနှစ် နောက်ပိုင်း

၃ ပွဲဆက်တိုက် အရှုံးရလဒ်ကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး နှစ်ပေါင်း ၂၀ အတွင်းမှာ ရှုံးပွဲဆက်တဲ့ စံချိန်တစ်ရပ် တိုးလာခဲ့ပါတယ်။ ဒီအရှုံးရလဒ်ကြောင့် ချဲလ်ဆီးဟာ ကမ္ဘာ့ဖလားအတွက်

တစ်ထောက်နားမယ့် ကြားကာလမှာ ပရီး မီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာအထိ ရောက်သွားပြီး အဆင့် ၄ နေရာက မြို့ခံပြိုင်ဘက် စပါးနဲ့ ၈ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ် ပါတယ်။

ဒါကြောင့် လက်ရှိ ချဲလ်ဆီးရဲ့ ဆိုးရွားလွန်းနေတဲ့ ပုံစံနဲ့ပတ်သက်ပြီး ပေါ်တာက ပြောဆိုခဲ့ရာမှာတော့ ‘’ရလဒ်တွေ မကောင်းတော့ အဆင်မပြေ ဘူးပေါ့ဗျာ။ ဒါက ရှင်းရှင်းလေးပဲ။ ဒါပေမဲ့

ဒါတွေ ဘာကြောင့်ဖြစ်သလဲဆိုတာ ကို ကျွန်တော်တို့ ကြည့်ရမယ်။ ဒီအခြေအနေကို ကျွန်တော်တို့ လေ့လာရ မယ်။ ဒါဟာ သမားရိုးကျတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ကစားရတဲ့ ပွဲ တွေက

အများကြီး ရှိခဲ့တယ်။ အဓိက ကစားသမားတွေလည်း ဒဏ်ရာတွေ ရခဲ့ကြတယ်။ ကျွန်တော်တို့အသင်းကို မတည်မငြိမ် ဖြစ်စေတယ်။ ဒီနေ့ပွဲမှာ လည်း အဲဒီကစားသမားတွေ မပါခဲ့ပြန်ဘူး။

မယုံနိုင်စရာကောင်းလောက်အောင် စိန်ခေါ်မှုတွေပြည့်နေတဲ့ ကာလတစ်ခုပါပဲ။ အချိန်ကောင်းမှာ တကယ့် ထိပ်တန်း အသင်းကောင်း ၄သင်းနဲ့ ကစားခဲ့ရတယ်။ သူတို့အကုန်လုံးက

ကျွန်တော်တို့ကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းတွေချည်းပဲ၊ ဒါကို ကျွန်တော်တို့ လက်မခံနိုင်တာတော့ ရှိတာပေါ့။ ဒါပေမဲ့ အသားကျအောင်တော့ လုပ်ရမယ်။ ရှေ့ဆက်သွားနိုင်အောင် ကြိုးစားရတော့မယ်’’ လို့

ပေါ်တာက နယူးကာဆယ် နဲ့ ပွဲစဉ်အပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ နောက်ပြီး နည်းပြ အက်ဒီဟိုဝီရဲ့ အသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲက အကောင်းဆုံး

တစ်သင်းဖြစ်ပြီး အထူးသဖြင့် ခံစစ်ပိုင်းမှာ အရမ်းကောင်းလွန်းတဲ့ အသင်းဖြစ်တယ်လို့ ပေါ်တာက သုံးသပ်သွားခဲ့ပါတယ်။

(Zawgyi)

ႀကိဳးစားၿပီး အေျဖရွာရေတာ့မယ့္အခ်ိန္ေရာက္ၿပီလို႔ ေပၚတာ ဝန္ခံသြားၿပီ

ပြဲဆက္ေတြမ်ားလြန္းေနမႈနဲ႔ ပင္ပန္းမႈေတြက ခ်ဲလ္ဆီးအတြက္ ထိုးႏွက္ခ်က္ ျဖစ္ေစခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ အေကာင္းဆုံး ျဖစ္ဖို႔အတြက္

ႀကိဳးစားၿပီး အေျဖရွာရေတာ့မယ့္အခ်ိန္ေရာက္ၿပီလို႔ ခ်ဲလ္ဆီးနည္းျပ ဂေရဟမ္ေပၚတာက ေျပာဆိုလိုက္ပါတယ္။ စေနညက ကစားခဲ့တဲ့ ပြဲစဥ္မွာ ခ်ဲလ္ဆီးဟာ နယူး ကာဆယ္ကို ဂ်ိဳးဝီေလာ့ရဲ႕ သြင္းဂိုးနဲ႔

အေရးနိမ့္ခဲ့ရၿပီးတဲ့ေနာက္ ၂၀၀၂ ခုႏွစ္ ေနာက္ပိုင္း ၃ ပြဲဆက္တိုက္ အရႈံးရလဒ္ကို ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ႏွစ္ေပါင္း ၂၀ အတြင္းမွာ ရႈံးပြဲဆက္တဲ့ စံခ်ိန္တစ္ရပ္ တိုးလာခဲ့ပါတယ္။

ဒီအရႈံးရလဒ္ေၾကာင့္ ခ်ဲလ္ဆီးဟာ ကမာၻ႔ဖလားအတြက္ တစ္ေထာက္နားမယ့္ ၾကားကာလမွာ ပရီး မီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၈ ေနရာအထိ ေရာက္သြားၿပီး အဆင့္ ၄ ေနရာက

ၿမိဳ႕ခံၿပိဳင္ဘက္ စပါးနဲ႔ ၈ မွတ္အထိ ကြာဟသြားခဲ့ၿပီျဖစ္ ပါတယ္။ ဒါေၾကာင့္ လက္ရွိ ခ်ဲလ္ဆီးရဲ႕ ဆိုး႐ြားလြန္းေနတဲ့ ပုံစံနဲ႔ပတ္သက္ၿပီး ေပၚတာက ေျပာဆိုခဲ့ရာမွာေတာ့ ‘’ရလဒ္ေတြ မေကာင္းေတာ့

အဆင္မေျပ ဘူးေပါ့ဗ်ာ။ ဒါက ရွင္းရွင္းေလးပဲ။ ဒါေပမဲ့ ဒါေတြ ဘာေၾကာင့္ျဖစ္သလဲဆိုတာ ကို ကြၽန္ေတာ္တို႔ ၾကည့္ရမယ္။ ဒီအေျခအေနကို ကြၽန္ေတာ္တို႔ ေလ့လာရ မယ္။

ဒါဟာ သမား႐ိုးက်ေတာ့ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔မွာ ကစားရတဲ့ ပြဲ ေတြက အမ်ားႀကီး ရွိခဲ့တယ္။ အဓိက ကစားသမားေတြလည္း ဒဏ္ရာေတြ ရခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔အသင္းကို

မတည္မၿငိမ္ ျဖစ္ေစတယ္။ ဒီေန႔ပြဲမွာ လည္း အဲဒီကစားသမားေတြ မပါခဲ့ျပန္ဘူး။ မယုံႏိုင္စရာေကာင္းေလာက္ ေအာင္ စိန္ေခၚမႈေတြျပည့္ေနတဲ့ ကာလတစ္ခုပါပဲ။

အခ်ိန္ေကာင္းမွာ တကယ့္ ထိပ္တန္း အသင္းေကာင္း ၄သင္းနဲ႔ ကစားခဲ့ရတယ္။ သူတို႔အကုန္လုံးက ကြၽန္ေတာ္တို႔ကို စိန္ေခၚႏိုင္စြမ္းရွိတဲ့ အသင္းေတြခ်ည္းပဲ၊

ဒါကို ကြၽန္ေတာ္တို႔ လက္မခံႏိုင္တာေတာ့ ရွိတာေပါ့။ ဒါေပမဲ့ အသားက်ေအာင္ေတာ့ လုပ္ရမယ္။ ေရွ႕ဆက္သြားႏိုင္ေအာင္ ႀကိဳးစားရေတာ့မယ္’’ လို႔ ေပၚတာက နယူးကာဆယ္ နဲ႔ ပြဲစဥ္အၿပီးမွာ

ေျပာဆိုသြားခဲ့ပါတယ္။ ေနာက္ၿပီး နည္းျပ အက္ဒီဟိုဝီရဲ႕ အသင္းဟာ လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြထဲက အေကာင္းဆုံး တစ္သင္းျဖစ္ၿပီး အထူးသျဖင့္ ခံစစ္ပိုင္းမွာ

အရမ္းေကာင္း လြန္းတဲ့ အသင္းျဖစ္တယ္လို႔ ေပၚတာက သုံးသပ္သြားခဲ့ပါတယ္။