ကြိုးကြာနီတွေနဲ့ အသင့်တော်ဆုံးဖြစ်မယ့် ပေါင်သန်း ၁၅၀ တန်ကစားသမားအကြောင်းကို ရိုမာနို ထုတ်ပြောပြီ

ဘောလုံးသမားအပြောင်းအရွှေ့ကိစ္စရပ်တွေမှာ ပြောတိုင်းဖြစ်တဲ့ အီတလီနာမည် ကျော်ဂျာနယ်လစ် ရိုမာနိုကတော့ လီဗာပူးနဲ့သင့်တော်မယ့် ကစားသမားတစ်ယောက် အကြောင်းကို လမ်းကြောင်းစခင်းပေးလိုက်ပါပြီ။

ဗန်ဒိုက်နဲ့ အလစ်ဆန်တို့ကိုခေါ်ယူ နိုင်ခဲ့တာက ကလော့ပ်နဲ့ လီဗာပူးကိုဥရောပထိပ်သီးအဖြစ်အင်အားကောင်းစေခဲ့ပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ခဲ့ပေမဲ့ ပြီးခဲ့တဲ့စျေးကွက်မှာခေါ်ယူခဲ့သူတွေက တော့ ကြိုးကြာနီတွေနဲ့ သိပ်ပြီးအစေးမကပ်ခဲ့ပါဘူး။

ဒါဝင်းနူးနက်ဇ်၊ ကာဗယ်လ်ဟို၊ အာသာနဲ့ ကယ်ဗင်ရမ်ဆေးတို့လို ကစားသမားတွေက လီဗာပူးနဲ့ထိုက်တန်တဲ့ခြေ စွမ်းမျိုးထုတ်မပြနိုင်သေးပါဘူး။

ကွင်းလယ်လူတွေဖြစ်တဲ့ ဖာဘင်ဟို၊ အာသာ၊ သီယာဂိုနဲ့ ကီတာတို့က ကြံ့ခိုင်မှုအတွက်အမြဲတမ်းနှာနှပ်ယူနေရသူတွေဖြစ်တာ ကြောင့် ကလော့ပ်အနေနဲ့ ဒီနေရာမှာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူအားဖြည့်သင့်တယ်လို့ ရိုမာနိုကအကြံပေးလိုက်တာပါ။

ဝက်စ်ဟမ်းနည်းပြ မိုယက်စ်ကတော့ သူ့ကစားသမားဟာ လက်ရှိမှာ အနိမ့်ဆုံးပေါင်သန်း ၁၅၀ တန် တယ်မရောင်းနိုင်ဘူးလို့ ပြောနေပေမဲ့ တကယ်တမ်းလီဗာပူးသာခေါ်ရင်လာမယ့် အနေအထားရှိပါတယ်။

“ဒီကလန်ရိုက်စ်က လီဗာပူးအတွက် အားအင်အချို့ယူလာ ပေးနိုင်ပါတယ်။ လုံး၀ကိုအံဝင်ခွင်ကျဖြစ်မှာပါ။

လက်ရှိအသင်းတိုင်းရဲ့ပစ်မှတ်က တော့ ဘယ်လင်ဂမ်ဖြစ်နေပါတယ်” လို့ ရိုမာနိုက ပြောဆိုခဲ့ပါတယ်။ ဘောလုံးသမားအပြောင်းအရွှေ့မှာ ရှေ့ဖြစ်ဟောဆရာတစ်ဆူအဖြစ်ကျော်ကြားတဲ့ ရိုမာနိုရဲ့အဆိုကို လီဗာပူးနည်းပြကလော့ပ် သဘောကျမလားဆိုတာကိုတော့..

(Zawgyi)

ႀကိဳးၾကာနီေတြနဲ႔ အသင့္ေတာ္ဆုံးျဖစ္မယ့္ ေပါင္သန္း ၁၅၀ တန္ကစားသမားအေၾကာင္းကို ႐ိုမာႏို ထုတ္ေျပာၿပီ

ေဘာလုံးသမားအေျပာင္းအေ႐ႊ႕ကိစၥရပ္ေတြမွာ ေျပာတိုင္းျဖစ္တဲ့ အီတလီနာမည္ ေက်ာ္ဂ်ာနယ္လစ္ ႐ိုမာႏိုကေတာ့ လီဗာပူးနဲ႔သင့္ေတာ္မယ့္ ကစားသမားတစ္ေယာက္ အေၾကာင္းကို လမ္းေၾကာင္းစခင္းေပးလိုက္ပါၿပီ။

ဗန္ဒိုက္နဲ႔ အလစ္ဆန္တို႔ကိုေခၚယူ ႏိုင္ခဲ့တာက ကေလာ့ပ္နဲ႔ လီဗာပူးကိုဥေရာပထိပ္သီးအျဖစ္အင္အားေကာင္းေစခဲ့ၿပီး ေအာင္ျမင္မႈလမ္းေၾကာင္းေပၚေရာက္ခဲ့ေပမဲ့ ၿပီးခဲ့တဲ့ေစ်းကြက္မွာေခၚယူခဲ့သူေတြက ေတာ့ ႀကိဳးၾကာနီေတြနဲ႔ သိပ္ၿပီးအေစးမကပ္ခဲ့ပါဘူး။ ဒါဝင္းႏူးနက္ဇ္၊ ကာဗယ္လ္ဟို၊ အာသာနဲ႔ ကယ္ဗင္ရမ္ေဆးတို႔လို ကစားသမားေတြက လီဗာပူးနဲ႔ထိုက္တန္တဲ့ေျခ စြမ္းမ်ိဳးထုတ္မျပႏိုင္ေသးပါဘူး။

ကြင္းလယ္လူေတြျဖစ္တဲ့ ဖာဘင္ဟို၊ အာသာ၊ သီယာဂိုနဲ႔ ကီတာတို႔က ႀကံ့ခိုင္မႈအတြက္အၿမဲတမ္းႏွာႏွပ္ယူေနရသူေတြျဖစ္တာ ေၾကာင့္ ကေလာ့ပ္အေနနဲ႔ ဒီေနရာမွာ ဝက္စ္ဟမ္းကြင္းလယ္လူ ဒီကလန္႐ိုက္စ္ကို ေခၚယူအားျဖည့္သင့္တယ္လို႔ ႐ိုမာႏိုကအႀကံေပးလိုက္တာပါ။

ဝက္စ္ဟမ္းနည္းျပ မိုယက္စ္ကေတာ့ သူ႔ကစားသမားဟာ လက္ရွိမွာ အနိမ့္ဆုံးေပါင္သန္း ၁၅၀ တန္ တယ္မေရာင္းႏိုင္ဘူးလို႔ ေျပာေနေပမဲ့ တကယ္တမ္းလီဗာပူးသာေခၚရင္လာမယ့္ အေနအထားရွိပါတယ္။

“ဒီကလန္႐ိုက္စ္က လီဗာပူးအတြက္ အားအင္အခ်ိဳ႕ယူလာ ေပးႏိုင္ပါတယ္။ လုံး၀ကိုအံဝင္ခြင္က်ျဖစ္မွာပါ။ လက္ရွိအသင္းတိုင္းရဲ႕ပစ္မွတ္က ေတာ့ ဘယ္လင္ဂမ္ျဖစ္ေနပါတယ္” လို႔ ႐ိုမာႏိုက ေျပာဆိုခဲ့ပါတယ္။

ေဘာလုံးသမားအေျပာင္းအေ႐ႊ႕မွာ ေရွ႕ျဖစ္ေဟာဆရာတစ္ဆူအျဖစ္ေက်ာ္ၾကားတဲ့ ႐ိုမာႏိုရဲ႕အဆိုကို လီဗာပူးနည္းျပကေလာ့ပ္ သေဘာက်မလားဆိုတာကိုေတာ့..