ကြိုးကြာနီစိတ်ဓာတ်ထက် သရဲနီဟောင်းတွေအသည်းပိုမာတယ်ဆိုတာပြသလိုက်တဲ့ ရွိုင်ကိန်း

လက်ရှိချန်ပီယံကို လီဗာပူးကအလဲထိုးလိုက်တဲ့ ပွဲစဉ်အပြီး Sky Sport ရုပ်သံတင် ဆက်မှုမှာတော့ မန်စီးတီးနောက်ခံလူဟောင်းမီကာရစ်ချတ်က ဂျိမ်းစ်မီလ်နာကိုရွှန်းရွှန်းဝေအောင်ချီးကျူးလိုက်ပေမဲ့

ရွိုင်ကိန်းကတော့ ရယ်စရာတစ်ခုလောက်အဖြစ်လောက်နဲ့ပြောစကားကိုအဆုံးသတ်ပေးလိုက်ပါတယ်။ ပွဲသိမ်းခရာမှုတ်ချိန်မှာ မီကာရစ်ချတ်က “ဒီနေ့ မီလ်နာခြေစွမ်းစိတ်လှုပ်ရှားစရာပါ။

ပွဲမတိုင်ခင်မှာ ဖိုဒန်ကိုရင်ဆိုင်ရမှာနဲ့ပတ်သတ်ပြီး ဆွေးနွေးခဲ့တယ်။ မီလ်နာ တော့စုတ်ပြတ်သတ်တော့မယ်လို့ ကျွန်တော်တို့တွေးခဲ့တယ်။

ဒါပေမဲ့ သူအရမ်းကောင်းခဲ့တယ်။ သူ့နေရာ… ပြီးတော့ဘယ်အချိန်ဘာလုပ်ရမယ်၊ ဘယ်လိုရှင်းထုတ်ရမယ်ဆိုတာတွေက ခေါင်းဆောင်စစ်ဖြစ်ကြောင်းစကားပြောနေပါတယ်” လို့ချီးကျူးခဲ့ပါတယ်။

ဒါကိုရွိုင်ကိန်း က “သူကအတွေ့အကြုံရှိတဲ့ကစားသမားတစ်ယောက်။ မီလ်နာဆီက ဒါပဲရမှာပါ။ စိတ်ကူးထဲမှာ သူထူးထူးခြားခြားတစ်ခုခုလုပ်ခဲ့တယ်ဆိုတာလောက်ပါပဲ” လို့ စကား အဆက်ဖြတ်လိုက်ပါတယ်။

တွဲဖက်အစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်ခဲ့တဲ့ ဂယ်ရီနဗီးလ်ကတော့ မီလ်နာဟာ လီဗာပူးအသင်းစိတ်ဓါတ်ပိုင်းဆိုင်ရာကို အတုယူနိုင်ခဲ့တယ်လို့ ဆက်လက်ပြောဆိုသွားပါတယ်။

မီလ်နာဟာ ကစားသမားဘ၀ကို မန်စီးတီး၊ လီဗာပူးတို့နဲ့ဖြတ်သန်းခဲ့သူဖြစ်တာကြောင့် ရွိုင်ကိန်းက မန်ယူရဲ့ပြိုင်ဘက်တွေဆိုရင်ကောင်းရာကောင်းကြောင်းမပြောဘူးဆိုတဲ့ ပုံစံလုပ်ပြလိုက်တာဖြစ်တယ်။

မန်စီးတီးကိုအနိုင်ယူခဲ့တဲ့ လီဗာပူးစိတ်ဓါတ်အမြင့်ဆုံးရှိခဲ့ပေမဲ့ သရဲနီဟောင်းတွေရဲ့ အသည်းကပိုလို့တောင်မာနေပါသေးတယ်။

(Zawgyi)

ႀကိဳးၾကာနီစိတ္ဓာတ္ထက္ သရဲနီေဟာင္းေတြအသည္းပိုမာတယ္ဆိုတာျပသလိုက္တဲ့ ႐ြိဳင္ကိန္း

လက္ရွိခ်န္ပီယံကို လီဗာပူးကအလဲထိုးလိုက္တဲ့ ပြဲစဥ္အၿပီး Sky Sport ႐ုပ္သံတင္ ဆက္မႈမွာေတာ့ မန္စီးတီးေနာက္ခံလူေဟာင္းမီကာရစ္ခ်တ္က ဂ်ိမ္းစ္မီလ္နာကို႐ႊန္း႐ႊန္းေဝေအာင္ခ်ီးက်ဴးလိုက္ေပမဲ့ ႐ြိဳင္ကိန္းကေတာ့ ရယ္စရာတစ္ခုေလာက္အျဖစ္ေလာက္နဲ႔ေျပာစကားကိုအဆုံးသတ္ေပးလိုက္ပါတယ္။

ပြဲသိမ္းခရာမႈတ္ခ်ိန္မွာ မီကာရစ္ခ်တ္က “ဒီေန႔ မီလ္နာေျခစြမ္းစိတ္လႈပ္ရွားစရာပါ။ ပြဲမတိုင္ခင္မွာ ဖိုဒန္ကိုရင္ဆိုင္ရမွာနဲ႔ပတ္သတ္ၿပီး ေဆြးေႏြးခဲ့တယ္။

မီလ္နာ ေတာ့စုတ္ျပတ္သတ္ေတာ့မယ္လို႔ ကြၽန္ေတာ္တို႔ေတြးခဲ့တယ္။ ဒါေပမဲ့ သူအရမ္းေကာင္းခဲ့တယ္။ သူ႔ေနရာ… ၿပီးေတာ့ဘယ္အခ်ိန္ဘာလုပ္ရမယ္၊ ဘယ္လိုရွင္းထုတ္ရမယ္ဆိုတာေတြက ေခါင္း ေဆာင္စစ္ျဖစ္ေၾကာင္းစကားေျပာေနပါတယ္” လို႔ခ်ီးက်ဴးခဲ့ပါတယ္။ ဒါကို႐ြိဳင္ကိန္း က “သူကအေတြ႕အႀကဳံရွိတဲ့ကစားသမားတစ္ေယာက္။ မီလ္နာဆီက ဒါပဲရမွာပါ။

စိတ္ကူးထဲမွာ သူထူးထူးျခားျခားတစ္ခုခုလုပ္ခဲ့တယ္ဆိုတာေလာက္ပါပဲ” လို႔ စကား အဆက္ျဖတ္လိုက္ပါတယ္။

တြဲဖက္အစီအစဥ္တင္ဆက္သူအျဖစ္ပါဝင္ခဲ့တဲ့ ဂယ္ရီနဗီးလ္ကေတာ့ မီလ္နာဟာ လီဗာပူးအသင္းစိတ္ဓါတ္ပိုင္းဆိုင္ရာကို အတုယူႏိုင္ခဲ့တယ္လို႔ ဆက္လက္ေျပာဆိုသြားပါတယ္။

မီလ္နာဟာ ကစားသမားဘ၀ကို မန္စီးတီး၊ လီဗာပူးတို႔နဲ႔ျဖတ္သန္းခဲ့သူျဖစ္တာေၾကာင့္ ႐ြိဳင္ကိန္းက မန္ယူရဲ႕ၿပိဳင္ဘက္ေတြဆိုရင္ေကာင္းရာေကာင္းေၾကာင္းမေျပာဘူးဆို တဲ့ ပုံစံလုပ္ျပလိုက္တာျဖစ္တယ္။

မန္စီးတီးကိုအႏိုင္ယူခဲ့တဲ့ လီဗာပူးစိတ္ဓါတ္အျမင့္ဆုံးရွိခဲ့ေပမဲ့ သရဲနီေဟာင္းေတြရဲ႕ အသည္းကပိုလို႔ေတာင္မာေနပါေသးတယ္။