တိုက်စစ်မှူးသစ်ဝက်စ်ဟော့ဟာ မန်ချက်စတာဒါဘီပွဲစဉ်အပြီး
နောက်နေ့မှာ ပထမဆုံးလေ့ကျင့်ရေးပြုလုပ်ခဲ့တယ်လို့
ယူနိုက်တက်အသင်းက အသိပေးလာပါတယ်။ တကယ်တော့
နည်းပြတန်ဟတ်ဟာ ဒါဘီပွဲစဉ်လူစာရင်းမှာ နယ်သာလန်သားကို
ထည့်သွင်းဖို့ရည်ရွယ်ခဲ့ပေမဲ့ အပြောင်းအရွှေ့အပြီးသတ်ဖို့
နောက်ကျသွားတဲ့အတွက်ဖြစ်မလာခဲ့ပါဘူး။ အပြောင်းအရွှေ့
အမြန်ဆုံးပြီးမြောက်ဖို့အတွက် ယူနိုက်တက်ဟာ ဘီဆစ်တပ်
အသင်းကို စာချုပ်ဖျက်သိမ်းကြေးပေးဖို့သဘောတူခဲ့တာဖြစ်တယ်။
အငှားစာချုပ်အတွက် မိခင်ကလပ် ဘန်လေကို ပေါင် ၂.၆ သန်း
ပေးခဲ့ပြီး ဘန်လေဟာ ပေါင် ၂.၅ သန်းကို ဘီဆစ်တပ်အသင်းထံ
လွှဲပြောင်းပေးသွားမှာပါ။ လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့
သရဲနီတွေဟာ ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်
ကစားရဖို့ရှိနေပြီး ဝက်စ်ဟော့ပါလာနိုင်တာဖြစ်တယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ ဝက်စ်ဟော့တစ်ယောက်
ယူနိုက်တက်အသင်းဖော်တွေနဲ့လေ့ကျင့်ရေးဆင်းနေတဲ့
ပုံရိပ်တွေထွက်ပေါ်လာခဲ့ပါတယ်။ ယူနိုက်တက်အသင်းရဲ့
တရားဝင်အင်စတာဂရမ်စာမျက်နှာမှာ နယ်သာလန်တိုက်စစ်မှူး
လေ့ကျင့်ရေးဆင်းနေတဲ့ ပုံရိပ်တွေကိုမျှဝေခဲ့ပြီး
“ယူနိုက်တက်နဲ့အတူ ပထမဆုံးလေ့ကျင့်ရေး” လို့
ခေါင်းစဉ်တပ်ခဲ့တာပါ။ မန်ချက်စတာဒါဘီပွဲစဉ်ကိုတော့
ဝက်စ်ဟော့က အိုးလ်ထရက်ဖို့ဒ်ကွင်းထဲမှာ ပရိသတ်အဖြစ်
လာရောက်ကြည့်ရှုခဲ့ရပေမဲ့ ပဲလေ့စ်နဲ့ပွဲစဉ်မှာတော့ တန်ဟတ်ဟာ
နယ်သာလန်ကြယ်ပွင့်ကို လူစာရင်းထဲထည့်သွင်းလာဖို့သေချာနေပြီဖြစ်တယ်။
zawgyi
ကြားရက်ပဲလေ့စ်နဲ့ပွဲစဉ်မှာ ဝက်စ်ဟော့ လာတော့မယ်လို့ ယူနိုက်တက်အသင်း အသိပေးလာ