ကြယ်ပွင့်တွေနဲ့တွဲကစားခွင့်အပေါ်ညီးညူနေတဲ့ အမ်ဘာပီကို ယုံရခက်ကြီးလို့ တံဆိပ်ကပ်လိုက်တဲ့ ဖာဒီနန်

ဒီရာသီမှာ အမ်ဘာပီက ပီအက်စ်ဂျီအသင်းထက်ပိုပြီး ကြီးကျယ်နေတယ်လို့ ဖာဒီနန်က ဝေဖန်လိုက်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ဇန်နဝါရီမှာ အသင်းကနေ ထွက်ချင်တယ်လို့ သတင်းပြေးနေသလို မက်ဆီ၊ နေမာတို့နဲ့တွဲကစားခွင့်ရတာကို ညီးညူနေတာက ပုံမှန်မဟုတ်ဘူးလို့ ဖာဒီနန်ကယူဆနေတာဖြစ်တယ်။

ကစားသမားကို ရီးရဲလ်ကလိုချင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့မေလမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်တယ်။ လက်ရှိမှာတော့ အမ်ဘာပီနဲ့ ပီအက်စ်ဂျီအသင်းကြားမှာ အက်ကွဲကြောင်းပိုကြီးလာခဲ့သလို ကစားသမားရဲ့အပြု အမူအပေါ်ဝေဖန်သံတွေညံလာခဲ့ပါပြီ။

“အသင်းသားတစ်ယောက်အနေနဲ့ အဆိုးမြင်စိတ်တွေရှိနေတဲ့အတွက် ပီအက်စ်ဂျီဟာ ဒီကိစ္စအပေါ်စိတ်ပျက်နေ မယ်ထင်ပါတယ်။ တစ်ခုခုကြောင့် သူမပျော်ဘူး။ ကျွန်တော်တို့ကြားနေရတာကတော့ သူလက်ရှိကစားနေရတဲ့နေရာမှာ မကစားချင်ဘူး။ ဝိန်းရွန်နီဆိုရင် ဘယ်တောင်ပံကစားရတာကိုမကြိုက်ပေမဲ့ အသင်း ဖော်တွေအတွက် သူစတေးပေးခဲ့ရတာကို ဘယ်သူမှမသိပါဘူး။

အမ်ဘာပီဟာ အခုမှနိုးထလာပြီး မက်ဆီ၊ နေမာတို့နဲ့ကစားခွင့်ရတာပါ။

သူတွဲကစားချင်မယ်ဆိုတာ သေချာပါတယ်။ သူညီးတွားနေတာက ယုံရခက်ပါတယ်” လို့ BT Sport ရုပ်သံကတစ်ဆင့် ဖာဒီနန်က ဝေဖန်လိုက်ပါတယ်။

ဆက်လက်ပြီး မန်ယူနောက်ခံလူဟောင်းက “ဘောလုံးတစ်သင်းက ကစားသမား တစ်ယောက်ကို ကလပ်ထက်ပိုပြီးကြီးကျယ်တဲ့ပုံပေါက်တဲ့ စွမ်းပကားမျိုး ခွင့်ပြုပေး သင့်တယ်လို့ မထင်ပါဘူး။

ဒီဆက်ဆံရေးမှာ အမ်ဘာပီက ပိုကြီးတဲ့စွမ်းအားရှင်ဖြစ် နေတာကိုက မူမမှန်ပါဘူး။

ကစားပွဲကနေ ငွေတွေအများကြီးရနေပေမဲ့ ကစားသ မားတစ်ယောက်အနေနဲ့ ကလပ်အပေါ်လေးစားမှုရှိသင့်တယ်၊ အခြေအနေမှန်ကို မသိပေမဲ့ ကျွန်တော်ဟာ ကလပ်ထက်ပိုပြီးမကြီးကျယ်ခဲ့ပါဘူး” လို့ ဆိုခဲ့ပါတယ်။

(Zawgyi)

ၾကယ္ပြင့္ေတြနဲ႔တြဲကစားခြင့္အေပၚညီးညဴေနတဲ့ အမ္ဘာပီကို ယုံရခက္ႀကီးလို႔ တံဆိပ္ကပ္လိုက္တဲ့ ဖာဒီနန္

ဒီရာသီမွာ အမ္ဘာပီက ပီအက္စ္ဂ်ီအသင္းထက္ပိုၿပီး ႀကီးက်ယ္ေနတယ္လို႔ ဖာဒီနန္က ေဝဖန္လိုက္ပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ ဇန္နဝါရီမွာ အသင္းကေန ထြက္ခ်င္တယ္လို႔ သတင္းေျပးေနသလို မက္ဆီ၊ ေနမာတို႔နဲ႔တြဲကစားခြင့္ရတာကို ညီးညဴေနတာက ပုံမွန္မဟုတ္ဘူးလို႔ ဖာဒီနန္ကယူဆေနတာျဖစ္တယ္။ ကစားသမားကို ရီးရဲလ္ကလိုခ်င္ခဲ့ေပမဲ့ ၿပီးခဲ့တဲ့ေမလမွာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာျဖစ္တယ္။

လက္ရွိမွာေတာ့ အမ္ဘာပီနဲ႔ ပီအက္စ္ဂ်ီအသင္းၾကားမွာ အက္ကြဲေၾကာင္းပိုႀကီးလာခဲ့သလို ကစားသမားရဲ႕အျပဳ အမူအေပၚေဝဖန္သံေတြညံလာခဲ့ပါၿပီ။

“အသင္းသားတစ္ေယာက္အေနနဲ႔ အဆိုးျမင္စိတ္ေတြရွိေနတဲ့အတြက္ ပီအက္စ္ဂ်ီဟာ ဒီကိစၥအေပၚစိတ္ပ်က္ေန မယ္ထင္ပါတယ္။ တစ္ခုခုေၾကာင့္ သူမေပ်ာ္ဘူး။ ကြၽန္ေတာ္တို႔ၾကားေနရတာကေတာ့ သူလက္ရွိကစားေနရတဲ့ေနရာမွာ မကစားခ်င္ဘူး။ ဝိန္း႐ြန္နီဆိုရင္ ဘယ္ေတာင္ပံကစားရတာကိုမႀကိဳက္ေပမဲ့ အသင္း ေဖာ္ေတြအတြက္ သူစေတးေပးခဲ့ရတာကို ဘယ္သူမွမသိပါဘူး။

အမ္ဘာပီဟာ အခုမွႏိုးထလာၿပီး မက္ဆီ၊ ေနမာတို႔နဲ႔ကစားခြင့္ရတာပါ။ သူတြဲကစားခ်င္မယ္ဆိုတာ ေသခ်ာပါတယ္။ သူညီးတြားေနတာက ယုံရခက္ပါတယ္” လို႔ BT Sport ႐ုပ္သံကတစ္ဆင့္ ဖာဒီနန္က ေဝဖန္လိုက္ပါတယ္။

ဆက္လက္ၿပီး မန္ယူေနာက္ခံလူေဟာင္းက “ေဘာလုံးတစ္သင္းက ကစားသမား တစ္ေယာက္ကို ကလပ္ထက္ပိုၿပီးႀကီးက်ယ္တဲ့ပုံေပါက္တဲ့ စြမ္းပကားမ်ိဳး ခြင့္ျပဳေပး သင့္တယ္လို႔ မထင္ပါဘူး။

ဒီဆက္ဆံေရးမွာ အမ္ဘာပီက ပိုႀကီးတဲ့စြမ္းအားရွင္ျဖစ္ ေနတာကိုက မူမမွန္ပါဘူး။

ကစားပြဲကေန ေငြေတြအမ်ားႀကီးရေနေပမဲ့ ကစားသ မားတစ္ေယာက္အေနနဲ႔ ကလပ္အေပၚေလးစားမႈရွိသင့္တယ္၊ အေျခအေနမွန္ကို မသိေပမဲ့ ကြၽန္ေတာ္ဟာ ကလပ္ထက္ပိုၿပီးမႀကီးက်ယ္ခဲ့ပါဘူး” လို႔ ဆိုခဲ့ပါတယ္။