
မက်ဆီဟာအာဂျင်တီးနားသို့သွားရောက်စဉ်အတွင်းကိုဗစ်ကူးစက်ခံရမှုနဲ့အတူ
ပတ်သက်ပြီးပီအက်စ်ဂျီနည်းပြပိုချက်တီနိုကိုသတင်းမပေးပို့မှုအတွက်
နည်းပြကိုမလေးမစားလုပ်တယ်လို့စွပ်စွဲပြောဆိုခြင်းခံနေရပါတယ်။
ပြင်သစ်မီဒီယာများရဲ့ဖော်ပြချက်အရပိုချက်တီနိုဟာ
မက်ဆီကိုဗစ်ကူးစက်ခံနေရကြောင်းကို တိုက်ရိုက်ဆက်သွယ်အကြောင်းကြားမှု
ရရှိခဲ့တာမျိုးမဟုတ်ဘဲ တစ်ဆင့်ခံသိခဲ့ရတာဖြစ်ကြောင်းသိရပါတယ်။
မက်ဆီဟာအာဂျင်တီးနားသို့ရောက်နေစဉ်အတွင်းရှိုးပွဲတစ်ခုကိုလည်း
ဇနီးသည်နှင့်အတူသွားရောက်ခဲ့ပါတယ်။သူဟာယင်းရှိုးပွဲအပြီးတွင်
ကိုဗစ်ကူးစက်ခံရကြောင်းတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။
နည်းပြကို ဆက်သွယ် အကြောင်းကြားမှုတွေ မပြုလုပ်တဲ့ မက်ဆီကို
ပီအက်စ်ဂျီ တောင်ပံကစားသမားဟောင်း ရိုသန်က
“မင်းရဲ့နည်းပြကို မင်းဘက်ကနေ လေးစားသမူ ရှိရမယ်လို့ ငါယူဆတယ်။
ဒီလိုမျိုး ဖြစ်ရပ်တွေ ကြုံတွေ့လာတဲ့အခါမျိုးမှာဆိုရင်
မင်းက ကြယ်ပွင့်ကစားသမားတစ်ယောက် ဖြစ်နေနေ မဖြစ်နေနေ
အားလုံးရဲ့အထက်မှာတော့ နည်းပြရှိနေတယ်။ နည်းပြဆိုတာက
အသင်းတစ်သင်းကို တည်ဆောက်ပေးနေတဲ့သူ။ ဒီမှာဆိုရင် ပိုချက်တီနိုပေါ့။
သူရဲ့ ပြောစကားအရဆိုရင် မက်ဆီ ဘယ်နေရာမှာ ရှိနေသလဲ
သူမသိရဘူးဆိုတော့ ဒါက မက်ဆီအနေနဲ့ သူဖြစ်ပျက်နေတာတွေကို
ပိုချက်တီနိုဆီ ဖုန်းဆက်ပြီး အကြောင်းကြားတာမျိုး မရှိဘူးဆိုတာ သိသာပါတယ်။
နည်းပြဆိုတာက သူလုပ်ချင်တာ ဘာမဆိုကို လုပ်ဆောင်နိုင်ပါတယ်။
ဒီကိစ္စက နည်းနည်း စိတ်ပျက်စရာတော့ ကောင်းနေတယ်။
ဒါမျိုးကို မက်ဆီလို ကစားသမားမျိုးဆီကနေ မြင်တွေ့ရတာက
ပိုပြီးတောင် တုန်လှုပ်စရာပါပဲ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။
ယခုအခါမက်ဆီဟာကိုဗစ်နက်ဂတစ်ပြန်လည်တွေ့ရှိပြီးနောက်
ပဲရစ်သို့ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။
zawgyi
ၾကယ္ပြင့္ကစားသမားတစ္ေယာက္ ျဖစ္ေနေန မျဖစ္ေနေန အားလုံးရဲ႕အထက္မွာေတာ့ နည္းျပရွိတယ္
မက္ဆီဟာအာဂ်င္တီးနားသို႔သြားေရာက္စဥ္အတြင္းကိုဗစ္ကူးစက္ခံရမႈနဲ႔အတူ
ပတ္သက္ၿပီးပီအက္စ္ဂ်ီနည္းျပပိုခ်က္တီႏိုကိုသတင္းမေပးပို႔မႈအတြက္
နည္းျပကိုမေလးမစားလုပ္တယ္လို႔စြပ္စြဲေျပာဆိုျခင္းခံေနရပါတယ္။
ျပင္သစ္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရပိုခ်က္တီႏိုဟာ
မက္ဆီကိုဗစ္ကူးစက္ခံေနရေၾကာင္းကို တိုက္႐ိုက္ဆက္သြယ္အေၾကာင္းၾကားမႈ
ရရွိခဲ့တာမ်ိဳးမဟုတ္ဘဲ တစ္ဆင့္ခံသိခဲ့ရတာျဖစ္ေၾကာင္းသိရပါတယ္။
မက္ဆီဟာအာဂ်င္တီးနားသို႔ေရာက္ေနစဥ္အတြင္းရႈိးပြဲတစ္ခုကိုလည္း
ဇနီးသည္ႏွင့္အတူသြားေရာက္ခဲ့ပါတယ္။သူဟာယင္းရႈိးပြဲအၿပီးတြင္
ကိုဗစ္ကူးစက္ခံရေၾကာင္းေတြ႕ရွိခဲ့တာလည္းျဖစ္ပါတယ္။
နည္းျပကို ဆက္သြယ္ အေၾကာင္းၾကားမႈေတြ မျပဳလုပ္တဲ့ မက္ဆီကို
ပီအက္စ္ဂ်ီ ေတာင္ပံကစားသမားေဟာင္း ႐ိုသန္က
“မင္းရဲ႕နည္းျပကို မင္းဘက္ကေန ေလးစားသမူ ရွိရမယ္လို႔ ငါယူဆတယ္။
ဒီလိုမ်ိဳး ျဖစ္ရပ္ေတြ ႀကဳံေတြ႕လာတဲ့အခါမ်ိဳးမွာဆိုရင္
မင္းက ၾကယ္ပြင့္ကစားသမားတစ္ေယာက္ ျဖစ္ေနေန မျဖစ္ေနေန
အားလုံးရဲ႕အထက္မွာေတာ့ နည္းျပရွိေနတယ္။ နည္းျပဆိုတာက
အသင္းတစ္သင္းကို တည္ေဆာက္ေပးေနတဲ့သူ။ ဒီမွာဆိုရင္ ပိုခ်က္တီႏိုေပါ့။
သူရဲ႕ ေျပာစကားအရဆိုရင္ မက္ဆီ ဘယ္ေနရာမွာ ရွိေနသလဲ
သူမသိရဘူးဆိုေတာ့ ဒါက မက္ဆီအေနနဲ႔ သူျဖစ္ပ်က္ေနတာေတြကို
ပိုခ်က္တီႏိုဆီ ဖုန္းဆက္ၿပီး အေၾကာင္းၾကားတာမ်ိဳး မရွိဘူးဆိုတာ သိသာပါတယ္။
နည္းျပဆိုတာက သူလုပ္ခ်င္တာ ဘာမဆိုကို လုပ္ေဆာင္ႏိုင္ပါတယ္။
ဒီကိစၥက နည္းနည္း စိတ္ပ်က္စရာေတာ့ ေကာင္းေနတယ္။
ဒါမ်ိဳးကို မက္ဆီလို ကစားသမားမ်ိဳးဆီကေန ျမင္ေတြ႕ရတာက
ပိုၿပီးေတာင္ တုန္လႈပ္စရာပါပဲ” လို႔ မွတ္ခ်က္ျပဳ ေျပာဆိုသြားခဲ့ပါတယ္။
ယခုအခါမက္ဆီဟာကိုဗစ္နက္ဂတစ္ျပန္လည္ေတြ႕ရွိၿပီးေနာက္
ပဲရစ္သို႔ျပန္လည္ေရာက္ရွိေနၿပီျဖစ္ပါတယ္။