
မနေ့ကပွဲက မန်ချက်စတာ နှစ်သင်း ရင်ဆိုင်ရတာ ဆိုတာထက်
အဲဒီနှစ်သင်းနဲ့ ယူနိုက်တက် ဂိုးသမား ဒီဂီယာပဲ ထိပ်တိုက် ရင်ဆိုင်ရတာလို့တောင်
ပြောရမလိုပါ။ မန်စီးတီးရဲ့ ဖိကစားတဲ့ တိုက်စစ်တွေ အပြင်
ယူနိုက်တက်ခံစစ်သမားတွေရဲ့ အမှားတွေကိုပါ ဒီဂီယာ
တစ်ယောက်တည်း ကြံ့ကြံ့ခံ ကာကွယ်ခဲ့ရတာပါ။
မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဒီဂီယာတစ်ယောက်
မက်ဂွိုင်းယားကဒုက္ခပေးလိုက်၊ ဘိုင်လီက ချောက်ထဲတွန်းချလိုက်၊
လင်ဒီလော့ဖ် နဲ့ လုခ်ရှောကလည်း ပညာစမ်းလိုက် နဲ့ တော်တော်လေး
အခက်တွေ့ခဲ့ရပါတယ်။ ဒီဂီယာတစ်ယောက် အသင်းအတွက် လက်စွမ်းပြ
ကစားပေးနိုင်ခဲ့ပေမယ့်ပြိုင်ဘက်ကို ၂ဂိုးခွင့်ပြုခဲ့ရပါတယ်။
အသင်းဖော်တွေဆီက လုံလောက်တဲ့ကာကွယ်မှုကိုမရရှိခဲ့တဲ့ ဒီဂီယာဟာ
ပထမပိုင်းအပြီး အဝတ်လဲခန်းအတွင်းသွားရာလမ်းမှာ ဥမင်ထိပ်မှာပဲ
ဒေါသတကြီးနဲ့ ဥမင်ထိပ်ကို ထိုးကြိတ်မှုတွေပြုလုပ်သွားခဲ့ပါတယ်။
ပရိသတ်တွေရှေ့မှာ ဒေါသမထိန်းနိုင်တော့ဘဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
တကယ်ကတော့ ဒီဂီယာဟာ တစ်ယောက်ယောက်ကို လက်သီးကျွေးချင်နေတာပါ။
ဒီဂီယာရဲ့ ကြိုးစားမှုသာမရှိရင် လီဗာပူးတုန်းကလို မန်စီးတီး ဘက်က
ဂိုးတွေ အများကြီးရသွားနိုင်ပါတယ်။ ကန်ဆယ်လိုရဲ့ ကန်သွင်းမှုနှစ်ကြိမ်၊
ဒီဘရိုင်း နဲ့ ဂျီးဆပ်တို့ရဲ့ ကန်သွင်းမှုတွေကို သူသာ မကာကွယ်နိုင်ခဲ့ရင်
ယူနိုက်တက်ဟာ ပထမပိုင်းတင် ၅ ဂိုးလောက်ပြတ်မယ့်အနေအထားမှာ ရှိနေခဲ့တာပါ။
ဒီဂီယာကတော့ ” ကျွန်တော် နာကျင်နေပါပြီ”ဆိုပြီး လူမှုကွန်ရက်မှာ
ရင်ဖွင့်ထားပါတယ်။ ပရိသတ်တွေရဲ့ ရင်ဘတ်ကတော့
ဒဏ်ရာပေါ် ဒဏ်ရာထပ် အသားမာတက်ပြီး ထုံနေပါပြီ။
zawgyi
ကြၽန္ေတာ္ နာက်င္ေနပါၿပီ – ဒီဂီယာ
မေန႔ကပြဲက မန္ခ်က္စတာ ႏွစ္သင္း ရင္ဆိုင္ရတာ ဆိုတာထက္
အဲဒီႏွစ္သင္းနဲ႔ ယူႏိုက္တက္ ဂိုးသမား ဒီဂီယာပဲ ထိပ္တိုက္ ရင္ဆိုင္ရတာလို႔ေတာင္
ေျပာရမလိုပါ။ မန္စီးတီးရဲ႕ ဖိကစားတဲ့ တိုက္စစ္ေတြ အျပင္
ယူႏိုက္တက္ခံစစ္သမားေတြရဲ႕ အမွားေတြကိုပါ ဒီဂီယာ တစ္ေယာက္တည္း
ႀကံ့ႀကံ့ခံ ကာကြယ္ခဲ့ရတာပါ။ မန္စီးတီးကို အေရးနိမ့္ခဲ့တဲ့ပြဲမွာ ဒီဂီယာတစ္ေယာက္
မက္ဂြိဳင္းယားကဒုကၡေပးလိုက္၊ ဘိုင္လီက ေခ်ာက္ထဲတြန္းခ်လိုက္၊
လင္ဒီေလာ့ဖ္ နဲ႔ လုခ္ေရွာကလည္း ပညာစမ္းလိုက္ နဲ႔ ေတာ္ေတာ္ေလး
အခက္ေတြ႕ခဲ့ရပါတယ္။ ဒီဂီယာတစ္ေယာက္ အသင္းအတြက္ လက္စြမ္းျပ
ကစားေပးႏိုင္ခဲ့ေပမယ့္ၿပိဳင္ဘက္ကို ၂ဂိုးခြင့္ျပဳခဲ့ရပါတယ္။
အသင္းေဖာ္ေတြဆီက လုံေလာက္တဲ့ကာကြယ္မႈကိုမရရွိခဲ့တဲ့ ဒီဂီယာဟာ
ပထမပိုင္းအၿပီး အဝတ္လဲခန္းအတြင္းသြားရာလမ္းမွာ ဥမင္ထိပ္မွာပဲ
ေဒါသတႀကီးနဲ႔ ဥမင္ထိပ္ကို ထိုးႀကိတ္မႈေတြျပဳလုပ္သြားခဲ့ပါတယ္။
ပရိသတ္ေတြေရွ႕မွာ ေဒါသမထိန္းႏိုင္ေတာ့ဘဲ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။
တကယ္ကေတာ့ ဒီဂီယာဟာ တစ္ေယာက္ေယာက္ကို လက္သီးေကြၽးခ်င္ေနတာပါ။
ဒီဂီယာရဲ႕ ႀကိဳးစားမႈသာမရွိရင္ လီဗာပူးတုန္းကလို မန္စီးတီး ဘက္က
ဂိုးေတြ အမ်ားႀကီးရသြားႏိုင္ပါတယ္။ ကန္ဆယ္လိုရဲ႕ ကန္သြင္းမႈႏွစ္ႀကိမ္၊
ဒီဘ႐ိုင္း နဲ႔ ဂ်ီးဆပ္တို႔ရဲ႕ ကန္သြင္းမႈေတြကို သူသာ မကာကြယ္ႏိုင္ခဲ့ရင္
ယူႏိုက္တက္ဟာ ပထမပိုင္းတင္ ၅ ဂိုးေလာက္ျပတ္မယ့္အေနအထားမွာ ရွိေနခဲ့တာပါ။
ဒီဂီယာကေတာ့ ” ကြၽန္ေတာ္ နာက်င္ေနပါၿပီ”ဆိုၿပီး လူမႈကြန္ရက္မွာ
ရင္ဖြင့္ထားပါတယ္။ ပရိသတ္ေတြရဲ႕ ရင္ဘတ္ကေတာ့
ဒဏ္ရာေပၚ ဒဏ္ရာထပ္ အသားမာတက္ၿပီး ထုံေနပါၿပီ။