
ယူနိုက်တက် Legend ကြီး ဝိန်းရွန်းနီကတော့ Amazon Primeကနေ
Documentary ရုပ်ရှင်တစ်ခုကို ထုတ်ခဲ့ပါတယ်။
ရွန်းနီရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ထဲမှာတော့ သူ့ရဲ့ ငယ်စဉ်ဘဝတုန်းက
ဘောလုံးသမား တစ်ဦး ဖြစ်လာအောင် ရုန်းကန် ကြိုးစားခဲ့ရပုံတွေ ၊
အောင်မြင်တဲ့ ဘောလုံးသမား တစ်ဦး ဖြစ်လာပြီးနောက်
ရှင်သန်နေထိုင်ပုံတွေ ၊ တစ်ခါတစ်ရံ လူသားတစ်ဦး ပီသစွာ
အမှားလုပ်ခဲ့မိပုံတွေ ပါဝင်ပါတယ်။
ရွန်းနီရဲ့ မှတ်တမ်းရုပ်ရှင် ပွဲကို ယူနိုက်တက်မှ ရပ်ရှ်ဖို့ဒ်၊ ဗီးဂျုံး၊
မက်ဂွိုင်ယားတို့တွေဟာစုံတွဲလိုက်တက်ရောက်ခဲ့ပြီး
ကစား သမားဟောင်းကာရစ်လည်း တက်ရောက်ခဲ့ပါတယ်။
ဒါပေမဲ့ ဆာအဲလက်ဖာဂူဆန်တော့ လာရောက်ခြင်းမရှိသလို
မှတ်တမ်းရုပ်ရှင်ထဲမှာလည်း မပါဝင်ခဲ့ဖူးလို့ သိရပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီးဝိန်းရွန်းနီက ” ဘော့စ် နဲ့ ကျွန်တော်က
ဆက်ဆံရေးကောင်းတွေရှိပါတယ်။
ကျွန်တော့်ရုပ်ရှင်မှာ တစ်စိတ်တစ်ပိုင်းပါဝင်ဖို့
ကျွန်တော်မျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး”
“နောက်ပြီး ကွင်းထဲမှာ ပြဿနာရှိလည်း အခု အချိန်ထိ
ကျွန်တော်တော့ မမှတ်ယူထားပါဘူး။
ကျွန်တော်နဲ့ အဝတ်လဲခန်းမှာ ကတောက်ကဆဖြစ်တာလေးပဲရှိပါတယ်”
“အဲ့ဒီအတွက်ကြောင့်ပွဲမလာတာလားဆိုတာတော့
ကျွန်တော်လည်း နားမလည်တော့ပါဘူး။
ပွဲမလာတဲ့အတွက်စိတ်မကောင်းဖြစ်မိပါတယ်။
ကျွန်တော့်ရုပ်ရှင်မှာ ယူနိုက်တက် Legends တွေအစုံပါစေချင်ခဲ့တာပါ။
ကျွန်တော်အများကြီး အနစ်နာခံခဲ့ပေးဆပ်ခဲ့ပေမယ့်
ဆာအဲလက်စ်ဖာဂူဆန်ကတော့ ကျွန်တော့်ကို
မလိုချင်ခဲ့ဘူးလို့တောင် မြင်မိနေတုန်းပါပဲ ” လို့ ပြောဆိုပါတယ်။
zawgyi
ကြၽန္ေတာ္အမ်ားႀကီး အနစ္နာခံခဲ့ေပးဆပ္ခဲ့ေပမယ့္ ဖာဂူဆန္ကေတာ့ ကြၽန္ေတာ့္ကို မလိုခ်င္ခဲ့ဘူး- ႐ြန္းနီ
ယူႏိုက္တက္ Legend ႀကီး ဝိန္း႐ြန္းနီကေတာ့ Amazon Primeကေန
Documentary ႐ုပ္ရွင္တစ္ခုကို ထုတ္ခဲ့ပါတယ္။
႐ြန္းနီရဲ႕ အတၳဳပၸတၱိ႐ုပ္ရွင္ထဲမွာေတာ့ သူ႔ရဲ႕ ငယ္စဥ္ဘဝတုန္းက
ေဘာလုံးသမား တစ္ဦး ျဖစ္လာေအာင္ ႐ုန္းကန္ ႀကိဳးစားခဲ့ရပုံေတြ ၊
ေအာင္ျမင္တဲ့ ေဘာလုံးသမား တစ္ဦး ျဖစ္လာၿပီးေနာက္
ရွင္သန္ေနထိုင္ပုံေတြ ၊ တစ္ခါတစ္ရံ လူသားတစ္ဦး ပီသစြာ
အမွားလုပ္ခဲ့မိပုံေတြ ပါဝင္ပါတယ္။
႐ြန္းနီရဲ႕ မွတ္တမ္း႐ုပ္ရွင္ ပြဲကို ယူႏိုက္တက္မွ ရပ္ရွ္ဖို႔ဒ္၊ ဗီးဂ်ဳံး၊
မက္ဂြိဳင္ယားတို႔ေတြဟာစုံတြဲလိုက္တက္ေရာက္ခဲ့ၿပီး
ကစား သမားေဟာင္းကာရစ္လည္း တက္ေရာက္ခဲ့ပါတယ္။
ဒါေပမဲ့ ဆာအဲလက္ဖာဂူဆန္ေတာ့ လာေရာက္ျခင္းမရွိသလို
မွတ္တမ္း႐ုပ္ရွင္ထဲမွာလည္း မပါဝင္ခဲ့ဖူးလို႔ သိရပါတယ္။
အဲဒီကိစၥနဲ႔ ပတ္သက္ၿပီးဝိန္း႐ြန္းနီက ” ေဘာ့စ္ နဲ႔ ကြၽန္ေတာ္က
ဆက္ဆံေရးေကာင္းေတြရွိပါတယ္။
ကြၽန္ေတာ့္႐ုပ္ရွင္မွာ တစ္စိတ္တစ္ပိုင္းပါဝင္ဖို႔
ကြၽန္ေတာ္ေမွ်ာ္လင့္ခဲ့ေပမယ့္ ျဖစ္မလာခဲ့ပါဘူး”
“ေနာက္ၿပီး ကြင္းထဲမွာ ျပႆနာရွိလည္း အခု အခ်ိန္ထိ
ကြၽန္ေတာ္ေတာ့ မမွတ္ယူထားပါဘူး။
ကြၽန္ေတာ္နဲ႔ အဝတ္လဲခန္းမွာ ကေတာက္ကဆျဖစ္တာေလးပဲရွိပါတယ္”
“အဲ့ဒီအတြက္ေၾကာင့္ပြဲမလာတာလားဆိုတာေတာ့
ကြၽန္ေတာ္လည္း နားမလည္ေတာ့ပါဘူး။
ပြဲမလာတဲ့အတြက္စိတ္မေကာင္းျဖစ္မိပါတယ္။
ကြၽန္ေတာ့္႐ုပ္ရွင္မွာ ယူႏိုက္တက္ Legends ေတြအစုံပါေစခ်င္ခဲ့တာပါ။
ကြၽန္ေတာ္အမ်ားႀကီး အနစ္နာခံခဲ့ေပးဆပ္ခဲ့ေပမယ့္
ဆာအဲလက္စ္ဖာဂူဆန္ကေတာ့ ကြၽန္ေတာ့္ကို
မလိုခ်င္ခဲ့ဘူးလို႔ေတာင္ ျမင္မိေနတုန္းပါပဲ ” လို႔ ေျပာဆိုပါတယ္။