
ရော်နယ်ဒိုဟာ ပေါ်တူဂီ ၅-၀ လူဇင်ဘက် ပွဲစဉ်မှာ ဟက်ထရစ် ရယူနိုင်ခဲ့ပါတယ်။
အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ
ပေါ်တူဂီအသင်း အတွက် နောက်ဆုံး ပါဝင် ကစားပေးခဲ့တဲ့ ၅၁ပွဲမှာ သွင်းဂိုး
၅၄ဂိုး အထိ သွင်းနိုင်ခဲ့ပါတယ်။လူဇင်ဘက်အသင်းနဲ့ ပွဲစဉ်မှာ ရော်နယ်ဒိုဟာ
အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး ပွဲကစားချိန် ၈မိနစ် ၊ ၁၃မိနစ်နဲ့
၈၇မိနစ်တို့မှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ကာ ဟက်ထရစ် ရရှိခဲ့ပါတယ်။
လူဇင်ဘက်အသင်းနဲ့ ပွဲစဉ်မှာ ဟက်ထရစ် ရခဲ့တာကြောင့် ရော်နယ်ဒိုရဲ့
ကစားသမား ဘဝ နိုင်ငံတကာပွဲတွေမှာ ရခဲ့တဲ့ ဟက်ထရစ်ဟာ ၁၀ကြိမ် အထိ
ရှိလာခဲ့ပြီး ရော်နယ်ဒိုဟာ နိုင်ငံတကာ ဟက်ထရစ် အများဆုံး ကစားသမား အဖြစ်
မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
” နောက်ထပ် နိုင်ပွဲတစ်ခု ၊ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဆီ ချဉ်းနင်းသွားတဲ့
နောက်ထပ် ခြေလှမ်း တစ်လှမ်းပါပဲ ။ ကျွန်တော်တို့ရဲ့ အရောင်အသွေးတွေ
စုံလင်ခဲ့တဲ့ ကွင်းထဲက နောက်ထပ် သမိုင်းဝင် ညချမ်း တစ်ခုကို ပိုင်ဆိုင်ခဲ့ရပါတယ်။
ကျွန်တော်တို့တွေ အိမ်ကွင်းမှာ ကစားခဲ့ကြရတဲ့ အချိန် ၊ ကျွန်တော်တို့တွေကို
ပွဲစဉ် စတင်ချိန်မှ စပြီး ပွဲစဉ်ပြီးဆုံးသွားတဲ့ အချိန်ထိ ဂရုစိုက် ပေးတတ်ကြတဲ့
ပရိသတ်တွေရဲ့ ရှေ့မှောက် ပွဲစဉ်တွေ ကစားကြရတဲ့ အခါမှာ
အရာရာတိုင်းက ပိုပြီး လွယ်ကူသွားလေ့ ရှိတတ်ပါတယ် ”
” ကျွန်တော်ဟာ နောက်ထပ် ၊ နောက်ထပ် ဂိုးတွေ ၊ နိုင်ပွဲတွေကို
ရှေးရှုနေတယ် ဆိုတာကို အရင်ထဲကကတိပေးထားခဲ့ပြီးသားပါ ။
အဲဒါက ကျွန်တော့်ရဲ့ DNA ထဲမှာ အမြဲတမ်း
ရှိနေခဲ့တဲ့ အရာတစ်ခုပါပဲ ။ကျွန်တော်တို့တွေရဲ့ DNA ထဲမှာ တင်းတိမ်
ရောင့်ရဲသွားခြင်းဆိုတာ လုံးဝ မရှိပါဘူး ။ ကျွန်တော်တို့ရဲ့ ဆာလောင်မှုစိတ်တွေ
ဘယ်တော့မှ လျှော့ကျသွားမှာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ အမြဲတမ်း အရှေ့ကိုပဲ
ဆက်သွားကြမှာပါ ” လို့ ရော်နယ်ဒို က ကတိပေး သွားခဲ့တာပဲ ဖြစ်ပါတယ် ။
zawgyi
ကြၽန္ေတာ္ဟာ ေနာက္ထပ္ ၊ ေနာက္ထပ္ ဂိုးေတြ ၊ ႏိုင္ပြဲေတြကို ေရွးရႈေနတယ္ဆိုတာကို အရင္ထဲက ကတိေပးထားခဲ့ၿပီးသားပါ – ေရာ္နယ္ဒို
ေရာ္နယ္ဒိုဟာ ေပၚတူဂီ ၅-၀ လူဇင္ဘက္ ပြဲစဥ္မွာ ဟက္ထရစ္ ရယူႏိုင္ခဲ့ပါတယ္။
အသက္ ၃၆ႏွစ္ အ႐ြယ္ ေပၚတူဂီ လက္ေ႐ြးစင္ အသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုဟာ
ေပၚတူဂီအသင္း အတြက္ ေနာက္ဆုံး ပါဝင္ ကစားေပးခဲ့တဲ့ ၅၁ပြဲမွာ သြင္းဂိုး
၅၄ဂိုး အထိ သြင္းႏိုင္ခဲ့ပါတယ္။လူဇင္ဘက္အသင္းနဲ႔ ပြဲစဥ္မွာ ေရာ္နယ္ဒိုဟာ
အေကာင္းဆုံး ေျခစြမ္းေတြကို ျပသႏိုင္ခဲ့ၿပီး ပြဲကစားခ်ိန္ ၈မိနစ္ ၊ ၁၃မိနစ္နဲ႔
၈၇မိနစ္တို႔မွာ သြင္းဂိုးေတြ သြင္းယူႏိုင္ခဲ့ကာ ဟက္ထရစ္ ရရွိခဲ့ပါတယ္။
လူဇင္ဘက္အသင္းနဲ႔ ပြဲစဥ္မွာ ဟက္ထရစ္ ရခဲ့တာေၾကာင့္ ေရာ္နယ္ဒိုရဲ႕
ကစားသမား ဘဝ ႏိုင္ငံတကာပြဲေတြမွာ ရခဲ့တဲ့ ဟက္ထရစ္ဟာ ၁၀ႀကိမ္ အထိ
ရွိလာခဲ့ၿပီး ေရာ္နယ္ဒိုဟာ ႏိုင္ငံတကာ ဟက္ထရစ္ အမ်ားဆုံး ကစားသမား အျဖစ္
မွတ္တမ္းဝင္ခဲ့ေၾကာင္းလည္း သိရပါတယ္။
” ေနာက္ထပ္ ႏိုင္ပြဲတစ္ခု ၊ ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ဆီ ခ်ဥ္းနင္းသြားတဲ့
ေနာက္ထပ္ ေျခလွမ္း တစ္လွမ္းပါပဲ ။ ကြၽန္ေတာ္တို႔ရဲ႕ အေရာင္အေသြးေတြ
စုံလင္ခဲ့တဲ့ ကြင္းထဲက ေနာက္ထပ္ သမိုင္းဝင္ ညခ်မ္း တစ္ခုကို ပိုင္ဆိုင္ခဲ့ရပါတယ္။
ကြၽန္ေတာ္တို႔ေတြ အိမ္ကြင္းမွာ ကစားခဲ့ၾကရတဲ့ အခ်ိန္ ၊ ကြၽန္ေတာ္တို႔ေတြကို
ပြဲစဥ္ စတင္ခ်ိန္မွ စၿပီး ပြဲစဥ္ၿပီးဆုံးသြားတဲ့ အခ်ိန္ထိ ဂ႐ုစိုက္ ေပးတတ္ၾကတဲ့
ပရိသတ္ေတြရဲ႕ ေရွ႕ေမွာက္ ပြဲစဥ္ေတြ ကစားၾကရတဲ့ အခါမွာ အရာရာတိုင္းက
ပိုၿပီး လြယ္ကူသြားေလ့ ရွိတတ္ပါတယ္ ” ” ကြၽန္ေတာ္ဟာ ေနာက္ထပ္ ၊
ေနာက္ထပ္ ဂိုးေတြ ၊ ႏိုင္ပြဲေတြကို ေရွးရႈေနတယ္ ဆိုတာကို အရင္ထဲက
ကတိေပးထားခဲ့ၿပီးသားပါ ။ အဲဒါက ကြၽန္ေတာ့္ရဲ႕ DNA ထဲမွာ အၿမဲတမ္း
ရွိေနခဲ့တဲ့ အရာတစ္ခုပါပဲ ။ကြၽန္ေတာ္တို႔ေတြရဲ႕ DNA ထဲမွာ တင္းတိမ္
ေရာင့္ရဲသြားျခင္းဆိုတာ လုံးဝ မရွိပါဘူး ။ ကြၽန္ေတာ္တို႔ရဲ႕ ဆာေလာင္မႈစိတ္ေတြ
ဘယ္ေတာ့မွ ေလွ်ာ့က်သြားမွာ မဟုတ္ပါဘူး ။ ကြၽန္ေတာ္တို႔ အၿမဲတမ္း အေရွ႕ကိုပဲ
ဆက္သြားၾကမွာပါ ” လို႔ ေရာ္နယ္ဒို က ကတိေပး သြားခဲ့တာပဲ ျဖစ္ပါတယ္ ။