ကျွန်တော်သာ မန်စီးတီးနည်းပြဆိုရင် ၁၀၀ တန် အစ်ကိုကြီးထက် အယ်လ်မီရွန်ကို ပိုလိုချင်မိတယ်လို့ အင်းနရစ် ပြန်ခနဲ့
နယူးဆယ်နောက်ခံလူဟောင်းဂျိုဆေးအင်းနရစ်က သူသာမန်စီးတီးနည်းပြဆိုရင် ပေါင်သန်း ၁၀၀တန် ဂျက်ဂရီလစ်ရှ်ထက် ပါရာဂွေးတိုက်စစ်မှူးအယ်လ်မီရွန်ကို ပိုလို ချင်မိမှာပါလို့ အသားလွတ်ဝင်ကစ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ် သရဖူဆောင်းခဲ့တဲ့ ဂျက်ဂရီလစ်ရှ်က အယ်လ်မီရွန်ကို ပြင်းပြင်းထန်ထန်လှောင် ပြောင်ခဲ့တဲ့ပြဿနာက အစပြုတယ်လို့ဆိုရမယ်။
ပါရာဂွေးသားက မာရက်ဇ်ဟာ ဗီလာနဲ့ပွဲမှာ သူ့ပုံစံမျိုးကစားခဲ့တယ်လို့ ဆိုခဲ့တဲ့အပေါ် ဂရီလစ်ရှ်ကစတင်လှောင် ပြောင်ခဲ့တာပါ။ အယ်လ်မီရွန်ဟာ ဂရီလစ်ရှ်ရဲ့ စကားလုံးတွေကိုလှုံ့ဆော်မှုအဖြစ်အ သုံးချခဲ့သလို ဒီရာသီအစမှာ ငှက်ကျားတွေအတွက်အတောက်ပဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။
“ကျွန်တော်အယ်လ်မီရွန်ကို သဘောကျပါတယ်။ သူကအသင်းအတွက်အရာ အားလုံးကိုပေးဆပ်ကစားပါတယ်။ အခုလည်း သူ့ရဲ့သွင်းဂိုးတွေကိုမြင်ရမှာပါ။
ကျွန် တော့်အတွက်တော့ သူကလူးဝစ်ဒီယက်ဇ်လို ကစားသမားပါ။ သူတို့မှာအစွမ်းအစ တွေရှိပေမဲ့ အသင်းအတွက်ပိုပြီးပေးဆပ်ကြပါတယ်။ အယ်လ်မီရွန်က ချန်ပီယံလိဂ် ကစားပေးနိုင်သူတစ်ယောက်ပါ။
အကောင်းဆုံးစွမ်းဆောင်ရှင်တွေထဲကတစ် ယောက်ဖြစ်တဲ့ သူ့ကိုသဘောကျပါတယ်” လို့ အင်းနရစ်ကဆိုခဲ့ပါတယ်။ ဆက်လက်ပြီး ပါရာဂွေးသားနဲ့ပတ်သတ်လို့ အင်းနရစ်က “အကောင်းဆုံးလုပ်ပြဖို့ သူဒီကို ရောက်လာတာပါ။
သေချာတာကတော့ ရာသီကြိုမှာကတည်းကအရမ်းကောင်းခဲ့တာပါ။ အခုရာသီအစောပိုင်းမှာ အကောင်းဆုံးလုပ်ပြနေသလို နောက်ထပ်အများ ကြီးလာဖို့ရှိနေသေးတယ်ထင်ပါတယ်။
စွမ်းဆောင်ရည်အပေါ်စိတ်လှုပ်ရှားမိသလို ဂိုးမသွင်းနိုင်ရင်တောင်အသင်းအတွက် အများကြီးလုပ်ပေးနိုင်တယ်ဆိုတာ သတိပြုမိပါတယ်” လို့ ချီးကျူးသွားပါတယ်။
ငှက်ကျားစစ်သည်တော်အယ်လ်မီရွန်ဟာ တနင်္ဂနွေနေ့မှာ အိုးလ်ထရက်ဖို့ဒ်သွားရောက်ပြီး မန်ယူနဲ့ရင်ဆိုင်ရဖို့ရှိနေပါတယ်။
(Zawgyi)