
နယူးကာဆယ်ရဲ့ ရှယ်ယာ ၈၀% ကို ပိုင်ဆိုင်မယ့် PIF အဖွဲ့ဟာ ပေါင် ၃၀၀ ဘီလျံ
တန်ကြေး ရှိတဲ့ ပိုင်ဆိုင်မှု ရှိထားတာပါ။ နယူးကာဆယ်ရဲ့ ချက်ချင်းလက်ငင်း
ကြွယ်ဝလာမှုက မန်စီးတီးလိုမျိုး ပရီးမီးယားလိဂ်မှာ အဓိက အင်အားကြီး
အသင်းတစ်သင်း အဖြစ် ပြောင်းလဲသွားစေနိုင်တယ်လို့ သုံးသပ်ခံထားရပါတယ်။
လီဗာပူးနည်းပြ ကလော့ပ်က နယူးကာဆယ်ရဲ့ ပိုင်ရှင်အပြောင်းအလဲအတွက်
မေးခွန်းထုတ်ခံရချိန်မှာ စူပါလိဂ်နဲ့ အလားတူ အခြေအနေမျိုးကို
ဖန်တီးခဲ့တာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
“ တခြားအသင်းကိစ္စက ကျွန်တော့်ကိစ္စ မဟုတ်လို့ ဝင်မပါချင်ပါဘူး။
ဆော်ဒီမှာ ထင်ရှားတဲ့ လူ့အခွင့်အရေး စိုးရိမ်စရာတွေနဲ့ ပတ်သက်လို့
အမြင် ၂ ခု မရှိပါဘူး။ ကျွန်တော်တို့ ဘောလုံးအကြောင်းပဲ ပြောကြမယ်ဆိုရင်
ရေရှည်မှာ သူတို့တွေက စူပါအင်အားကြီး အသင်းတစ်သင်း
ဖြစ်လာလိမ့်မယ်ဆိုတာ ဝန်ခံရမယ်။”
“အခုဆို အဲဒီအသင်းက နိုင်ငံတစ်ခုက ပိုင်ဆိုင်ပြီး ကမ္ဘာပေါ်မှာ အချမ်းသာဆုံး
မိသားစုတစ်ခုနဲ့ သက်ဆိုင်နေတဲ့ ကျွန်တော်သိတဲ့ သုံးခုမြောက်
ကမ္ဘာ့ဘောလုံးအသင်းပါပဲ။ ဖြစ်နိုင်ခြေတွေက အရမ်းကြီးမားတယ်။”
“စူပါလိဂ်လုပ်တော့ တစ်ကမ္ဘာလုံးက အဲဒီကိစ္စကို စိတ်ပျက်ခဲ့ကြတယ်။
အခုလုပ်ရပ်ကလည်း စူပါလိဂ်လိုပါပဲ။ ကလပ်အများကြီး ပေါင်းလုပ်တာနဲ့
ကလပ်တစ်ခုထဲ လုပ်တာပဲ ကွာသွားတာပါ။ နောက် အနှစ် ၂၀၊ ၃၀ လောက်မှာ
နယူးကာဆယ်က ကမ္ဘာ့ဘောလုံးလောကကို လွှမ်းမိုးသွားမှာ လုံးဝသေချာတယ် ” လို့
ကလော့ပ်က သူ့အမြင်ကို ပြောပြခဲ့ပါတယ်။
zawgyi
ကြၽန္ေတာ္တို႔ ေဘာလုံးအေၾကာင္းပဲ ေျပာၾကမယ္ဆိုရင္ ေရရွည္မွာ သူတို႔ေတြက စူပါအင္အားႀကီး အသင္းတစ္သင္း ျဖစ္လာလိမ့္မယ္ဆိုတာ ဝန္ခံရမယ္။- ကေလာ့ပ္
နယူးကာဆယ္ရဲ႕ ရွယ္ယာ ၈၀% ကို ပိုင္ဆိုင္မယ့္ PIF အဖြဲ႕ဟာ ေပါင္ ၃၀၀ ဘီလ်ံ
တန္ေၾကး ရွိတဲ့ ပိုင္ဆိုင္မႈ ရွိထားတာပါ။ နယူးကာဆယ္ရဲ႕ ခ်က္ခ်င္းလက္ငင္း
ႂကြယ္ဝလာမႈက မန္စီးတီးလိုမ်ိဳး ပရီးမီးယားလိဂ္မွာ အဓိက အင္အားႀကီး
အသင္းတစ္သင္း အျဖစ္ ေျပာင္းလဲသြားေစႏိုင္တယ္လို႔ သုံးသပ္ခံထားရပါတယ္။
လီဗာပူးနည္းျပ ကေလာ့ပ္က နယူးကာဆယ္ရဲ႕ ပိုင္ရွင္အေျပာင္းအလဲအတြက္
ေမးခြန္းထုတ္ခံရခ်ိန္မွာ စူပါလိဂ္နဲ႔ အလားတူ အေျခအေနမ်ိဳးကို
ဖန္တီးခဲ့တာျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။
“ တျခားအသင္းကိစၥက ကြၽန္ေတာ့္ကိစၥ မဟုတ္လို႔ ဝင္မပါခ်င္ပါဘူး။
ေဆာ္ဒီမွာ ထင္ရွားတဲ့ လူ႔အခြင့္အေရး စိုးရိမ္စရာေတြနဲ႔ ပတ္သက္လို႔
အျမင္ ၂ ခု မရွိပါဘူး။ ကြၽန္ေတာ္တို႔ ေဘာလုံးအေၾကာင္းပဲ ေျပာၾကမယ္ဆိုရင္
ေရရွည္မွာ သူတို႔ေတြက စူပါအင္အားႀကီး အသင္းတစ္သင္း
ျဖစ္လာလိမ့္မယ္ဆိုတာ ဝန္ခံရမယ္။”
“အခုဆို အဲဒီအသင္းက ႏိုင္ငံတစ္ခုက ပိုင္ဆိုင္ၿပီး ကမာၻေပၚမွာ အခ်မ္းသာဆုံး
မိသားစုတစ္ခုနဲ႔ သက္ဆိုင္ေနတဲ့ ကြၽန္ေတာ္သိတဲ့ သုံးခုေျမာက္
ကမာၻ႔ေဘာလုံးအသင္းပါပဲ။ ျဖစ္ႏိုင္ေျခေတြက အရမ္းႀကီးမားတယ္။”
“စူပါလိဂ္လုပ္ေတာ့ တစ္ကမာၻလုံးက အဲဒီကိစၥကို စိတ္ပ်က္ခဲ့ၾကတယ္။
အခုလုပ္ရပ္ကလည္း စူပါလိဂ္လိုပါပဲ။ ကလပ္အမ်ားႀကီး ေပါင္းလုပ္တာနဲ႔
ကလပ္တစ္ခုထဲ လုပ္တာပဲ ကြာသြားတာပါ။ ေနာက္ အႏွစ္ ၂၀၊ ၃၀ ေလာက္မွာ
နယူးကာဆယ္က ကမာၻ႔ေဘာလုံးေလာကကို လႊမ္းမိုးသြားမွာ လုံးဝေသခ်ာတယ္ ” လို႔
ကေလာ့ပ္က သူ႔အျမင္ကို ေျပာျပခဲ့ပါတယ္။