ကျွန်တော်တို့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲက ဒီနေ့မှာ စတာဆိုတဲ့ မက်ဆီ

စနေညမှာ ကစားခဲ့တဲ့ မက္ကဆီကိုနဲ့ ပွဲစဉ်ကျမှ အာဂျင်တီးနားရဲ့ ကမ္ဘာ့ ဖလားပြိုင်ပွဲ အစစ်အမှန်က စတင်ခဲ့တာဖြစ်တယ်လို့ အသင်းခေါင်းဆောင် မက်ဆီက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီဟာ အသင်းအတွက် ဦးဆောင်ဂိုးကို ပင်နယ်တီဧရိယာရဲ့ အပြင် ဘက်ကနေ ကန်သွင်းယူနိုင်ခဲ့ပြီး အသင်းဖော် အန်ဇို ဖာနန်ဒက်ဇ်ကလည်း

ပွဲပြီးခါနီးမှာ ဒုတိယဂိုး သွင်းနိုင်ခဲ့တာကြောင့် အာဂျင်တီးနားဟာ ၂-၀ ဂိုး ရ လဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲဦးထွက်မှာ ဆော်ဒီအာရေဗျကို အံ့အား သင့်စရာ ရှုံးနိမ့်ခဲ့ရပေမဲ့ အခုပွဲစဉ်မှာ နိုင်လိုက်တာကြောင့်

အာဂျင်တီးနားဟာ နောက် တစ်ဆင့် တက်နိုင်ရေးအတွက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိသွားတဲ့ အနေ အထားကို ရောက်လာခဲ့ပါပြီ။ ဒါကြောင့် တောင်အမေရိက ချန်ပီယံရဲ့ ကမ္ဘာ့ ဖလားပြိုင်ပွဲဟာ

မက္ကဆီကိုနဲ့ပွဲကျမှ အဓိပ္ပာယ်ရှိရှိ စတင်နိုင်ခဲ့တာဖြစ်တယ်လို့ မက်ဆီက ဆိုပါတယ်။ ‘’ဒီနေ့ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ပါပြီ။ ကျွန်တော်တို့ မျှော်လင့်မထားခဲ့တဲ့ပုံစံမျိုးနဲ့ အဖွင့်ပွဲစဉ်မှာ

ရှုံးပွဲကြုံခဲ့ရတာဖြစ် လို့ စိတ်တွေ ပျော်ပျော်ရွှင်ရွှင် မရှိခဲ့ပါဘူး။ နေ့ရက်တွေဟာ အရမ်းကို ရှည်ကြာလွန်းပြီး အဲဒီအခြေအနေကို ပြောင်းလဲပစ်နိုင်ဖို့အတွက် အခွင့်အရေး ကို ကျွန်တော်တို့ အရမ်းလိုချင်နေခဲ့တာပါ။

အခုပွဲက အရေးပါတယ်ဆိုတာ ကို ကျွန်တော်တို့ သိထားခဲ့တာပါ။ ကံကောင်းတာက ကျွန်တော်တို့မှာ နိုင်ပွဲအတွက် ရွေးချယ်စရာ ရှိနေခဲ့တယ်။ ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးတွေကိုလည်း လျှော့ချပစ်နိုင်ခဲ့တယ်။

ပျော်ရွှင်ဖို့နဲ့ အေးအေးချမ်းချမ်း ဖြစ်သွားစေတဲ့ အ ကြောင်းအရင်း တစ်ခုကတော့ ကျွန်တော်တို့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် တစ်ခါ ပြန်ရသွားတာပဲ ဖြစ်ပါတယ်’’ လို့ ဘာစီလိုနာ တိုက်စစ်မှူးဟောင်းက ပွဲအပြီးမှာ

ပြောဆိုသွားခဲ့ပါတယ်။ အာဂျင်တီးနားဟာ အုပ်စု နောက်ဆုံးပွဲစဉ် အဖြစ် ပိုလန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် ပိုလန်ကို မဖြစ်မနေ အနိုင်ယူရမှာ ဖြစ်ပါတယ်။

တကယ်လို့ ပိုလန်နဲ့ ပွဲစဉ်မှာ ခြေချော်လက်ချော်ဖြစ်ခဲ့ပြီး သရေကျတာမျိုးရှိခဲ့ရင်တော့ တစ်ဖက်မှာ ဆော်ဒီအာရေဗျက မက္ကဆီကိုအပေါ် အနိုင်ရခဲ့မယ်ဆိုရင် အာဂျင်တီးနားဟာ အုပ်စုအဆင့်နဲ့တင် ကျေနပ်ရတော့မှာ ဖြစ်ပါတယ်။

(Zawgyi)

ကြၽန္ေတာ္တို႔ရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲက ဒီေန႔မွာ စတာဆိုတဲ့ မက္ဆီ

စေနညမွာ ကစားခဲ့တဲ့ မကၠဆီကိုနဲ႔ ပြဲစဥ္က်မွ အာဂ်င္တီးနားရဲ႕ ကမာၻ႔ ဖလားၿပိဳင္ပြဲ အစစ္အမွန္က စတင္ခဲ့တာျဖစ္တယ္လို႔ အသင္းေခါင္းေဆာင္ မက္ဆီက ပြဲအၿပီးမွာ ေျပာဆိုခဲ့ပါတယ္။

အဲဒီပြဲစဥ္မွာ ပီအက္စ္ဂ်ီ တိုက္စစ္မႉး မက္ဆီဟာ အသင္းအတြက္ ဦးေဆာင္ဂိုးကို ပင္နယ္တီဧရိယာရဲ႕ အျပင္ ဘက္ကေန ကန္သြင္းယူႏိုင္ခဲ့ၿပီး အသင္းေဖာ္ အန္ဇို ဖာနန္ဒက္ဇ္ကလည္း ပြဲၿပီးခါနီးမွာ

ဒုတိယဂိုး သြင္းႏိုင္ခဲ့တာေၾကာင့္ အာဂ်င္တီးနားဟာ ၂-၀ ဂိုး ရ လဒ္နဲ႔ အႏိုင္ရခဲ့ပါတယ္။ ပြဲဦးထြက္မွာ ေဆာ္ဒီအာေရဗ်ကို အံ့အား သင့္စရာ ရႈံးနိမ့္ခဲ့ရေပမဲ့ အခုပြဲစဥ္မွာ ႏိုင္လိုက္တာေၾကာင့္

အာဂ်င္တီးနားဟာ ေနာက္ တစ္ဆင့္ တက္ႏိုင္ေရးအတြက္ ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးခြင့္ ရွိသြားတဲ့ အေန အထားကို ေရာက္လာခဲ့ပါၿပီ။ ဒါေၾကာင့္ ေတာင္အေမရိက ခ်န္ပီယံရဲ႕ ကမာၻ႔

ဖလားၿပိဳင္ပြဲဟာ မကၠဆီကိုနဲ႔ပြဲက်မွ အဓိပၸာယ္ရွိရွိ စတင္ႏိုင္ခဲ့တာျဖစ္တယ္လို႔ မက္ဆီက ဆိုပါတယ္။ ‘’ဒီေန႔ အာဂ်င္တီးနားရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲ စတင္ပါၿပီ။ ကြၽန္ေတာ္တို႔

ေမွ်ာ္လင့္မထားခဲ့တဲ့ပုံစံမ်ိဳးနဲ႔ အဖြင့္ပြဲစဥ္မွာ ရႈံးပြဲႀကဳံခဲ့ရတာျဖစ္ လို႔ စိတ္ေတြ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ မရွိခဲ့ပါဘူး။ ေန႔ရက္ေတြဟာ အရမ္းကို ရွည္ၾကာလြန္းၿပီး အဲဒီအေျခအေနကို

ေျပာင္းလဲပစ္ႏိုင္ဖို႔အတြက္ အခြင့္အေရး ကို ကြၽန္ေတာ္တို႔ အရမ္းလိုခ်င္ေနခဲ့တာပါ။ အခုပြဲက အေရးပါတယ္ဆိုတာ ကို ကြၽန္ေတာ္တို႔ သိထားခဲ့တာပါ။ ကံေကာင္းတာက

ကြၽန္ေတာ္တို႔မွာ ႏိုင္ပြဲအ တြက္ ေ႐ြးခ်ယ္စရာ ရွိေနခဲ့တယ္။ ပခုံးေပၚက ဝန္ထုပ္ ဝန္ပိုးေတြကိုလည္း ေလွ်ာ့ခ်ပစ္ႏိုင္ခဲ့တယ္။ ေပ်ာ္႐ႊင္ဖို႔နဲ႔ ေအးေအးခ်မ္းခ်မ္း ျဖစ္သြားေစတဲ့

အ ေၾကာင္းအရင္း တစ္ခုကေတာ့ ကြၽန္ေတာ္တို႔ ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးခြင့္ တစ္ခါ ျပန္ရသြားတာပဲ ျဖစ္ပါတယ္’’ လို႔ ဘာစီလိုနာ တိုက္စစ္မႉးေဟာင္းက ပြဲအၿပီးမွာ ေျပာဆိုသြားခဲ့ပါတယ္။

အာဂ်င္တီးနားဟာ အုပ္စု ေနာက္ဆုံး ပြဲစဥ္ အျဖစ္ ပိုလန္နဲ႔ ရင္ဆိုင္ရမွာ ျဖစ္ၿပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ဖို႔ အတြက္ ပိုလန္ကို မျဖစ္မေန အႏိုင္ယူရမွာ ျဖစ္ပါတယ္။ တကယ္လို႔ ပိုလန္နဲ႔ ပြဲစဥ္မွာ

ေျခေခ်ာ္လက္ေခ်ာ္ျဖစ္ခဲ့ၿပီး သေရက်တာမ်ိဳးရွိခဲ့ရင္ေတာ့ တစ္ဖက္မွာ ေဆာ္ဒီအာေရဗ်က မကၠဆီကိုအေပၚ အႏိုင္ရခဲ့မယ္ဆိုရင္ အာဂ်င္တီးနားဟာ အုပ္စုအဆင့္နဲ႔တင္ ေက်နပ္ရေတာ့မွာ ျဖစ္ပါတယ္။