ကျွန်တော်စီအီးအိုမဟုတ် တော့မပြောတတ်ဘူးဗျာဆိုပြီး ကတုံးလေးပွတ်ပြီးဖြေဖို့တိုင်ပတ်နေခဲ့တဲ့ ဂွါဒီယိုလာ
ချဲလ်ဆီးနဲ့ခါရာဘောင်ပွဲစဉ်အကြိုအင်တာဗျူးမှာတော့ Sky Sports ရုပ်သံဟာ ဂွါဒီယိုလာကို သူနဲ့မဆိုင်တဲ့လီဗာပူးအကြောင်းမေးမြန်းခဲ့လို့
မန်စီးတီးနည်းပြတစ်ယောက်အဖြေပေးဖို့အတွက် တိုင်ပတ်နေခဲ့ပါတယ်။ လီဗာပူးအသင်းကို Fenway Sports Group ကအရောင်းစျေးကွက်တင်ထားသလို
မရေရာတဲ့ပိုင်ဆိုင်မှုအခြေအနေတွေနဲ့ပတ်သတ်ပြီး ဘယ်လိုထင်မိသလဲလို့ မေးမြန်းခံရတဲ့အတွက် စပိန်သားတစ်ယောက် ကတုံးပွတ်ပြီး ခေါင်းငိုက်စိုက်ခဲ့ပါတယ်။
အသေအချာစဉ်းစားခဲ့ပြီးတဲ့နောက် ဂွါဒီယိုလာက “ငါက ဒီမေးခွန်းမျိုးအမေးခံရဖို့ သင့်တော်တဲ့လူမဟုတ်ဘူးလေ။ မင်းကို မှန်ကန်တဲ့အဖြေပေး နိုင်တဲ့တစ်ယောက်က
ငါမဟုတ်ဘူး။ ဒီလိုမေးခွန်းမျိုးတွေ မမေးပါနဲ့လားဗျာ။ ကျွန်တော်က စီအီးအိုတစ်ယောက်လည်း မဟုတ်ပါဘူး။ ကျွန်တော်ဟာ နည်းပြကောင်းတစ်ယောက်ဖြစ်ဖို့
အတတ်နိုင်ဆုံးကြိုးစားတယ်၊ ဒီလောက်ပါပဲ။ ပြီးတော့ တခြားအသင်းတွေအကြောင်းကို ကျွန်တော်ပြောမှာလည်းမဟုတ်ပါဘူး” လို့ စိတ်ပျက်လက်ပျက်ဆိုခဲ့ပါတယ်။
ဂွါဒီယိုလာဟာ ကာရာဘောင်းဖလားမှာ ချဲလ်ဆီးကို အနိုင်ယူကျော်ဖြတ်ဖို့အတွက် ခေါင်းစားနေတဲ့အချိန်မှာ မဆိုင်တဲ့မေးခွန်း
အမေးခံလိုက်ရတဲ့အတွက် အတော်လေးအနေရကြပ်တဲ့ပုံစံ ဖြစ်သွားခဲ့ပါတယ်။
(Zawgyi)
လီဗာပူးရဲ့မရေရာတဲ့ပိုင်ဆိုင်မှုအခြေအနေတွေတော့ ကျွန်တော်စီအီးအိုမဟုတ် တော့မပြောတတ်ဘူးဗျာဆိုပြီး ကတုံးလေးပွတ်ပြီးဖြေဖို့တိုင်ပတ်နေခဲ့တဲ့ ဂွါဒီယိုလာ