“ကျွန်တော်က အပြာရောင်ပါ။ အာဆင်နယ်နဲ့ရင်ဆိုင်ဖို့ ကျွန်တော်ကအသင့်ပါပဲ” လေကြီးလေကျယ်ပြောပြီး အသင်းဟောင်းနဲ့အတွေ့မှာ အမြီးကုပ်နေခဲ့ရတဲ့ အူဘာမီယန်

”အာဆင်နယ်နဲ့ ဘာပုဂ္ဂိုလ်ရေးမှ မရှိပါဘူး။ ကျွန်တော်ပြန်လာပါပြီ။ ကျွန်တော်က အပြာရောင်ပါ။ ကျွန်တော်အသင့်ပါပဲ”လို့

BT Sport ရုပ်သံအတွက် ပွဲကြို အင်တာဗျူးအစီအစဉ်မှာ အူဘာမီယန်က အခုလို ပြောခဲ့တာပါ။

သူ အဲဒီလိုပြောခဲ့တာက ပြန်မဆုံခင် အသင်းဟောင်းကို ရန်စသလိုဖြစ်ခဲ့ပြီး

သူ့ကို ချစ်ခင်နေကြသေးတဲ့အာဆင်နယ်ပရိသတ်တွေကိုလည်း ဒေါသထွက်စေခဲ့တာပါ။

အူဘာမီယန်ကို အာဆင်နယ်က ဘာစီလိုနာဆီကို ရောင်းထုတ်ခဲ့စဉ်က အသင်းပရိသတ်တွေကြားထဲမှာ

မတူညီတဲ့အမြင်တွေနဲ့ သဘောထားကွဲလွဲမှုတွေရှိခဲ့ကြပါသေးတယ်။

ဒါပေမယ့် သူ့ရဲ့ အထာမညက်ခဲ့တဲ့ အပြောအဆိုကြောင့် လန်ဒန်ဒါဘီမှာ ပွဲထွက်လာခဲ့တဲ့ အူဘာမီယန်ဟာ

ပထမဆုံးဘောလုံးထိချက်မှာပဲ အဝေးကွင်းပရိသတ်တွေရဲ့လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။

ပထမပိုင်းမှာဆို သူပါတယ်လို့တောင် မထင်ရဘဲ အဖွင့် ၄၅ မိနစ်မှာ ဘောလုံးထိချက် ၄ ချက်သာ ရှိခဲ့တာပါ။

တစ်ပွဲလုံးမှာဆို အူဘာမီယန်ရဲ့ဘောလုံးထိချက်က ၈ ချက်သာ ရှိခဲ့ပါတယ်။

အဲဒါကြောင့်လည်း အူဘာမီယန်ဟာ ဒုတိယပိုင်း ၆၄ မိနစ်မှာ ဘော်ဂျာနဲ့ လူစားလဲခြင်းခံလိုက်ရတာပါ။

အသင်းဟောင်းနဲ့ပွဲမတိုင်ခင် ယုံကြည်မှုအပြည့်ရှိနေခဲ့တဲ့ အူဘာမီယန်အဖို့ကတော့ အာဆင်နယ်နဲ့ပြန်လည်ဆုံတွေ့မှုဟာ

မျှော်လင့်ထားသလို မဖြစ်ခဲ့ဘဲ သူ့အသင်းဟောင်းက ချဲလ်ဆီးကို ၁-၀ နဲ့အနိုင်ရသွားခဲ့ပါတယ်။

အဲဒီဂါဘွန်သားဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ ပြသနာတက်ပြီး

အမ်းမရိတ်စ်က ထွက်ခဲ့ရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဂန်နားတွေနဲ့ ပြန်ရင်ဆိုင်တွေ့ခဲ့တာပါ။

zawgyi

“ကြၽန္ေတာ္က အျပာေရာင္ပါ။ အာဆင္နယ္နဲ႔ရင္ဆိုင္ဖို႔ ကြၽန္ေတာ္ကအသင့္ပါပဲ”

ေလႀကီးေလက်ယ္ေျပာၿပီး အသင္းေဟာင္းနဲ႔အေတြ႕မွာ အၿမီးကုပ္ေနခဲ့ရတဲ့ အူဘာမီယန္

”အာဆင္နယ္နဲ႔ ဘာပုဂၢိဳလ္ေရးမွ မရွိပါဘူး။ ကြၽန္ေတာ္ျပန္လာပါၿပီ။ ကြၽန္ေတာ္က အျပာေရာင္ပါ။ ကြၽန္ေတာ္အသင့္ပါပဲ”လို႔

BT Sport ႐ုပ္သံအတြက္ ပြဲႀကိဳ အင္တာဗ်ဴးအစီအစဥ္မွာ အူဘာမီယန္က အခုလို ေျပာခဲ့တာပါ။

သူ အဲဒီလိုေျပာခဲ့တာက ျပန္မဆုံခင္ အသင္းေဟာင္းကို ရန္စသလိုျဖစ္ခဲ့ၿပီး

သူ႔ကို ခ်စ္ခင္ေနၾကေသးတဲ့အာဆင္နယ္ပရိသတ္ေတြကိုလည္း ေဒါသထြက္ေစခဲ့တာပါ။

အူဘာမီယန္ကို အာဆင္နယ္က ဘာစီလိုနာဆီကို ေရာင္းထုတ္ခဲ့စဥ္က အသင္းပရိသတ္ေတြၾကားထဲမွာ

မတူညီတဲ့အျမင္ေတြနဲ႔ သေဘာထားကြဲလြဲမႈေတြရွိခဲ့ၾကပါေသးတယ္။

ဒါေပမယ့္ သူ႔ရဲ႕ အထာမညက္ခဲ့တဲ့ အေျပာအဆိုေၾကာင့္ လန္ဒန္ဒါဘီမွာ ပြဲထြက္လာခဲ့တဲ့ အူဘာမီယန္ဟာ

ပထမဆုံးေဘာလုံးထိခ်က္မွာပဲ အေဝးကြင္းပရိသတ္ေတြရဲ႕ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရပါတယ္။

ပထမပိုင္းမွာဆို သူပါတယ္လို႔ေတာင္ မထင္ရဘဲ အဖြင့္ ၄၅ မိနစ္မွာ ေဘာလုံးထိခ်က္ ၄ ခ်က္သာ ရွိခဲ့တာပါ။

တစ္ပြဲလုံးမွာဆို အူဘာမီယန္ရဲ႕ေဘာလုံးထိခ်က္က ၈ ခ်က္သာ ရွိခဲ့ပါတယ္။

အဲဒါေၾကာင့္လည္း အူဘာမီယန္ဟာ ဒုတိယပိုင္း ၆၄ မိနစ္မွာ ေဘာ္ဂ်ာနဲ႔ လူစားလဲျခင္းခံလိုက္ရတာပါ။

အသင္းေဟာင္းနဲ႔ပြဲမတိုင္ခင္ ယုံၾကည္မႈအျပည့္ရွိေနခဲ့တဲ့ အူဘာမီယန္အဖို႔ကေတာ့ အာဆင္နယ္နဲ႔ျပန္လည္ဆုံေတြ႕မႈဟာ

ေမွ်ာ္လင့္ထားသလို မျဖစ္ခဲ့ဘဲ သူ႔အသင္းေဟာင္းက ခ်ဲလ္ဆီးကို ၁-၀ နဲ႔အႏိုင္ရသြားခဲ့ပါတယ္။

အဲဒီဂါဘြန္သားဟာ ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ ျပသနာတက္ၿပီး

အမ္းမရိတ္စ္က ထြက္ခဲ့ရၿပီးေနာက္ ပထမဆုံးအႀကိမ္အျဖစ္ ဂန္နားေတြနဲ႔ ျပန္ရင္ဆိုင္ေတြ႕ခဲ့တာပါ။