ကျွန်တော်က မက်ဆီရဲ့ ကစားပုံအတိုင်း ကစားတာပါဆိုတဲ့ အာကြီးက ချာတိတ်

အာဆင်နယ်ရဲ့ တိုက်စစ်အားသန် ကွင်းလယ်လူ ဖေဘီယို ဗီအဲရာကတော့ သူ့ရဲ့ ကစားပုံဟာ မက်ဆီနဲ့ တစ်ထေရာတည်း တူညီနေတယ်လို့ ကြွယ်ပြလိုက်ပြီး

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ လုံ့လစိုက်ထုတ်မှုတွေကို ကြည့်ပြီး အားယူခဲ့ရတာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့ဘောလုံးရပ်ဝန်း တစ်ခုလုံးကို ပြီးခဲ့တဲ့ ၁၅

နှစ်နီးပါးလောက် လွှမ်းမိုးလာခဲ့တဲ့ အရှင်သခင်နှစ် ပါးလုံး မလွတ်ရလေအောင် ဒီ ကွင်းလယ်လူက ကြွယ်ပြလိုက်တာဖြစ်ပါ တယ်။ ဒီကစားသမား နှစ်ယောက်စလုံးမှာ

မတူညီတဲ့ ကောင်းခြင်းမင်္ဂလာတွေ ရှိနေပြီး မက်ဆီကတော့ သူ့ရဲ့ ကစားပုံနဲ့ ဆင်တူနေလို့ အာဂျင်တီးနား သားရဲ့ ပုံစံကို လိုက်လံတုပခဲ့တာလို့ ဗီအဲရာက ပြောဆိုခဲ့ပြီး

စီရော်နယ်ဒိုကတော့ သူမတူတဲ့ ကြိုးစားအားထုတ်မှုတွေရှိလို့ လေးစားအားကျခဲ့ရတာဖြစ် တယ်လို့ ဆိုပါတယ်။ ‘’ကျွန်တော့်အပေါ်မှာ လွှမ်းမိုးမှုအရှိဆုံး

ကစားသမားနှစ်ယောက်ကတော့ မက်ဆီနဲ့ စီရော်နယ်ဒို ဖြစ်ပါတယ်။ ရော်နယ်ဒိုက ပေါ်တူဂီသား တစ်ယောက် ဖြစ်နေလို့ မဟုတ်ပါဘူး။ သူ့ရဲ့ အလုပ်အပေါ်ထားတဲ့

ကျင့်ဝတ်၊ သူ့ရဲ့ မိသားစုကို စွန့်ခွာထားခဲ့ရပုံနဲ့ စပို့တင်းအတွက် သူ စာချုပ်ခဲ့ပုံ၊ နောက်ပြီး အားလုံးအပေါ်မှာ လှုံ့ဆော်မှု ပေးနိုင်အောင်

သူတည်ဆောက်ခဲ့ပုံတွေကြောင့်ပဲ ဖြစ်ပါတယ်။ မက်ဆီကတော့ ကျွန်တော့်ရဲ့ ကစားပုံနဲ့ အံကိုက်ဖြစ်ပြီး သူ့လိုမျိုးဖြစ်ဖို့ကတော့

အများကြီး လုပ်ရမှာပါ။ သူ့ရဲ့ ကစားပုံကို ကျွန်တော် အမြတ်တနိုး တန်ဖိုးထားတာဗျ’’ ဗီအဲရာက အာဆင်နယ်အသင်း တရားဝင်

ဝက်ဘ်ဆိုက်ကို ပြောဆိုသွားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ပေါ်တူဂီ လူငယ်ကစားသမား ဗီအဲရာဟာဆိုရင် လန်ဒန်ကလပ်ကို ပြီးခဲ့တဲ့

နွေဈေးကွက်မှာ ရောက်လာပြီးတဲ့နောက် အဓိက ပွဲထွက်ကစားသမားတွေ ဖြစ်ကြတဲ့ ဆာကာ၊ အိုဒီဂတ်တို့ရဲ့နောက် အရန်ကစားသမားအဖြစ်သာ

ပွဲထွက်ခွင့်ရနေတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပြအာတီတာက တော့ ဒီကစားသမားနဲ့ပတ်သက်ပြီး ယူရိုပါလိဂ် ပွဲစဉ်တွေမှာ ဦးစားပေးပွဲ ထွက်ခွင့်ပေးလာနေတဲ့ အခြေအနေမျိုးတွေတော့ ရှိနေခဲ့ပါတယ်။

(Zawgyi)

ကြၽန္ေတာ္က မက္ဆီရဲ႕ ကစားပုံအတိုင္း ကစားတာပါဆိုတဲ့ အာႀကီးက ခ်ာတိတ္

အာဆင္နယ္ရဲ႕ တိုက္စစ္အားသန္ ကြင္းလယ္လူ ေဖဘီယို ဗီအဲရာကေတာ့ သူ႔ရဲ႕ ကစားပုံဟာ မက္ဆီနဲ႔ တစ္ေထရာတည္း တူညီေနတယ္လို႔ ႂကြယ္ျပ လိုက္ၿပီး

ေပၚတူဂီတိုက္စစ္မႉး စီေရာ္နယ္ဒိုရဲ႕ လုံ႔လစိုက္ထုတ္မႈေတြကို ၾကည့္ ၿပီး အားယူခဲ့ရတာျဖစ္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ကမာၻ႔ေဘာလုံးရပ္ဝန္း တစ္ခုလုံးကို ၿပီးခဲ့တဲ့ ၁၅ ႏွစ္နီးပါးေလာက္ လႊမ္းမိုးလာခဲ့တဲ့ အရွင္သခင္ႏွစ္ ပါးလုံး မလြတ္ရေလေအာင္ ဒီ ကြင္းလယ္လူက ႂကြယ္ျပလိုက္တာျဖစ္ပါ တယ္။

ဒီကစားသမား ႏွစ္ေယာက္စလုံးမွာ မတူညီတဲ့ ေကာင္းျခင္းမဂၤလာ ေတြ ရွိေနၿပီး မက္ဆီကေတာ့ သူ႔ရဲ႕ ကစားပုံနဲ႔ ဆင္တူေနလို႔

အာဂ်င္တီးနား သားရဲ႕ ပုံစံကို လိုက္လံတုပခဲ့တာလို႔ ဗီအဲရာက ေျပာဆိုခဲ့ၿပီး စီေရာ္နယ္ဒိုက ေတာ့ သူမတူတဲ့ ႀကိဳးစားအားထုတ္မႈေတြရွိလို႔

ေလးစားအားက်ခဲ့ရတာျဖစ္ တယ္လို႔ ဆိုပါတယ္။ ‘’ကြၽန္ေတာ့္အေပၚမွာ လႊမ္းမိုးမႈအရွိဆုံး ကစားသမား ႏွစ္ေယာက္ကေတာ့ မက္ဆီနဲ႔ စီေရာ္နယ္ဒို ျဖစ္ပါတယ္။

ေရာ္နယ္ဒိုက ေပၚတူ ဂီသား တစ္ေယာက္ ျဖစ္ေနလို႔ မဟုတ္ပါဘူး။ သူ႔ရဲ႕ အလုပ္အေပၚထားတဲ့ က်င့္ဝတ္၊ သူ႔ရဲ႕ မိသားစုကို စြန႔္ခြာထားခဲ့ရပုံနဲ႔ စပို႔တင္းအတြက္ သူ စာခ်ဳပ္ ခဲ့ပုံ၊

ေနာက္ၿပီး အားလုံးအေပၚမွာ လႈံ႕ေဆာ္မႈ ေပးႏိုင္ေအာင္ သူတည္ေဆာက္ ခဲ့ပုံေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ မက္ဆီကေတာ့ ကြၽန္ေတာ့္ရဲ႕ ကစားပုံနဲ႔

အံ ကိုက္ျဖစ္ၿပီး သူ႔လိုမ်ိဳးျဖစ္ဖို႔ကေတာ့ အမ်ားႀကီး လုပ္ရမွာပါ။ သူ႔ရဲ႕ ကစားပုံကို ကြၽန္ေတာ္ အျမတ္တႏိုး တန္ဖိုးထားတာဗ်’’ ဗီအဲရာက အာဆင္နယ္အသင္း

တရားဝင္ ဝက္ဘ္ဆိုက္ကို ေျပာဆိုသြားခဲ့ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ ေပၚတူဂီ လူငယ္ကစားသမား ဗီအဲရာဟာဆိုရင္ လန္ဒန္ကလပ္ကို ၿပီးခဲ့တဲ့ ေႏြေဈးကြက္မွာ

ေရာက္လာၿပီးတဲ့ေနာက္ အဓိက ပြဲထြက္ကစားသမားေတြ ျဖစ္ၾကတဲ့ ဆာကာ၊ အိုဒီဂတ္တို႔ရဲ႕ေနာက္ အရန္ကစားသမားအျဖစ္သာ ပြဲထြက္ခြင့္ရေနတဲ့ ကစားသမားျဖစ္ပါတယ္။

ဒါေပမဲ့ နည္းျပအာတီတာက ေတာ့ ဒီကစားသမားနဲ႔ပတ္သက္ၿပီး ယူ႐ိုပါလိဂ္ ပြဲစဥ္ေတြမွာ ဦးစားေပးပြဲ ထြက္ခြင့္ေပးလာေနတဲ့ အေျခအေနမ်ိဳးေတြေတာ့ ရွိေနခဲ့ပါတယ္။