ကျွန်တော့် ကစားသမားဘဝမှာ ဘာဖလားမှမရဖူးလို့ ကာရာဘောင်းဖလားတော့မျှော်လင့်တယ်လို့ ဝက်စ်ဟော့ ဖွင့်ဟလာ

ယူနိုက်တက်တိုက်စစ်မှူးဝက်စ်ဟော့ဟာ ကာဆယ်နဲ့ကာရာဘောင်းဖလားပွဲစဉ်မှာ

ပွဲထွက်ပါဝင်ခွင့်ရဖို့မသေချာပေမယ့် သူ့ဘဝရဲ့ပထမဆုံးအောင်မြင်မှုလေးတော့

လိုချင်မိတယ်လို့ ဖွင့်ဟလာပါတယ်။ ရော်နယ်ဒိုထွက်ခွာသွားပြီးနောက်

ကာလတိုစာချုပ်နဲ့ အိုးလ်ထရက်ဖို့ဒ်ရောက်လာတဲ့ ဝက်စ်ဟော့ဟာ

ပြိုင်ပွဲစုံ ၁၁ ပွဲမှာ တစ်ဂိုးသာသွင်းထားနိုင်သူဖြစ်တယ်။ ဘန်လေအသင်း

တန်းဆင်းခဲ့ရပြီးနောက် ဘီဆစ်တပ်ကိုပြောင်းရွှေ့ခဲ့ပြီး ယူနိုက်တက်ကို

အငှားနဲ့ခြေချခွင့်ရခဲ့တဲ့ ဒတ်ချ်တိုက်စစ်မှူးက “ငါ အောင်မြင်မှုတွေလိုချင်မိသလို

ဂိုးတွေလည်းသွင်းချင်တယ်။ ဒါက နှစ်ဆအရာတွေပါပဲ။

သေချာတာပေါ့ ဂိုးသွင်းဖို့ကအရေးကြီးသလို ငါစွမ်းဆောင်နိုင်တယ်ဆိုတာ

သိတယ် ဘာကြောင့်လဲဆိုတော့ ငါ့ အသက်မွေးဝမ်းကျောင်းတစ်ခုလုံး

လုပ်လာတဲ့အရာဖြစ်လို့ပါ။ မျှော်လင့်ထားတဲ့အတိုင်း အခွင့်အရေးတွေရလာပြီး

ဒါတွေကိုအပြီးသတ်လုပ်ဆောင်ဖို့မျှော်လင့်တယ်။ ဒါပေမယ့် အရေးအကြီးဆုံး

အချက်ကတော့ ကျွန်တော်တို့ကစားပွဲတွေကိုအနိုင်ရဖို့နဲ့ အသင်းကို

အကျိုးပြုနိုင်ဖို့ပါ။ ကျွန်တော်တို့ ကောင်းမွန်တဲ့အခိုက်အတန့်တစ်ခုမှာ

ဒီအတိုင်းရှေ့ဆက်နိုင်ဖို့မျှော်လင့်တယ်။ ကျွန်တော်တို့အတွက်ပွဲကြီးတွေ

ဝင်ရောက်လာချိန်မှာ ဒီပွဲ(ကာဆယ်နဲ့)ကလည်း ကြီးမားတဲ့ပွဲစဉ်ဖြစ်တယ်။

ဝင်ဘလေမှာ ဂိုးသွင်းနိုင်တာထက်ပိုကောင်းတာမရှိနိုင်ပါဘူး။

အရင်က ဒီကွင်းမှာ တစ်ခါမှမကစားဖူးဘူး။ ယူနိုက်တက်က

နယူးကာဆယ်ထက်အနိုင်ရလိုစိတ်ပိုပြင်းထန်လိမ့်မယ်။

အသင်းကြီးတစ်သင်း ၆ နှစ်ကြာဆုဖလားမရတာက ရှည်လားတဲ့

အခိုက်အတန့်ဖြစ်တယ်။ ကျွန်တော့် ကစားသမားဘဝမှာ

ဘာဆုမှမရခဲ့ဖူးဘူး…ဒါက ပထမဆုံးဖြစ်လိမ့်မယ်လို့မျှော်လင့်တယ်” လို့ ဖွင့်ဟခဲ့ပါတယ်။

zawgyi

ကြၽန္ေတာ့္ ကစားသမားဘဝမွာ ဘာဖလားမွမရဖူးလို႔ ကာရာေဘာင္းဖလားေတာ့ေမွ်ာ္လင့္တယ္လို႔ ဝက္စ္ေဟာ့ ဖြင့္ဟလာ

ယူႏိုက္တက္တိုက္စစ္မႉးဝက္စ္ေဟာ့ဟာ ကာဆယ္နဲ႔ကာရာေဘာင္းဖလားပြဲစဥ္မွာ

ပြဲထြက္ပါဝင္ခြင့္ရဖို႔မေသခ်ာေပမယ့္ သူ႔ဘဝရဲ႕ပထမဆုံးေအာင္ျမင္မႈေလးေတာ့

လိုခ်င္မိတယ္လို႔ ဖြင့္ဟလာပါတယ္။ ေရာ္နယ္ဒိုထြက္ခြာသြားၿပီးေနာက္

ကာလတိုစာခ်ဳပ္နဲ႔ အိုးလ္ထရက္ဖို႔ဒ္ေရာက္လာတဲ့ ဝက္စ္ေဟာ့ဟာ

ၿပိဳင္ပြဲစုံ ၁၁ ပြဲမွာ တစ္ဂိုးသာသြင္းထားႏိုင္သူျဖစ္တယ္။ ဘန္ေလအသင္း

တန္းဆင္းခဲ့ရၿပီးေနာက္ ဘီဆစ္တပ္ကိုေျပာင္းေ႐ႊ႕ခဲ့ၿပီး ယူႏိုက္တက္ကို

အငွားနဲ႔ေျခခ်ခြင့္ရခဲ့တဲ့ ဒတ္ခ်္တိုက္စစ္မႉးက “ငါ ေအာင္ျမင္မႈေတြလိုခ်င္မိသလို

ဂိုးေတြလည္းသြင္းခ်င္တယ္။ ဒါက ႏွစ္ဆအရာေတြပါပဲ။

ေသခ်ာတာေပါ့ ဂိုးသြင္းဖို႔ကအေရးႀကီးသလို ငါစြမ္းေဆာင္ႏိုင္တယ္ဆိုတာ

သိတယ္ ဘာေၾကာင့္လဲဆိုေတာ့ ငါ့ အသက္ေမြးဝမ္းေက်ာင္းတစ္ခုလုံး

လုပ္လာတဲ့အရာျဖစ္လို႔ပါ။ ေမွ်ာ္လင့္ထားတဲ့အတိုင္း အခြင့္အေရးေတြရလာၿပီး

ဒါေတြကိုအၿပီးသတ္လုပ္ေဆာင္ဖို႔ေမွ်ာ္လင့္တယ္။ ဒါေပမယ့္ အေရးအႀကီးဆုံး

အခ်က္ကေတာ့ ကြၽန္ေတာ္တို႔ကစားပြဲေတြကိုအႏိုင္ရဖို႔နဲ႔ အသင္းကို

အက်ိဳးျပဳႏိုင္ဖို႔ပါ။ ကြၽန္ေတာ္တို႔ ေကာင္းမြန္တဲ့အခိုက္အတန႔္တစ္ခုမွာ

ဒီအတိုင္းေရွ႕ဆက္ႏိုင္ဖို႔ေမွ်ာ္လင့္တယ္။ ကြၽန္ေတာ္တို႔အတြက္ပြဲႀကီးေတြ

ဝင္ေရာက္လာခ်ိန္မွာ ဒီပြဲ(ကာဆယ္နဲ႔)ကလည္း ႀကီးမားတဲ့ပြဲစဥ္ျဖစ္တယ္။

ဝင္ဘေလမွာ ဂိုးသြင္းႏိုင္တာထက္ပိုေကာင္းတာမရွိႏိုင္ပါဘူး။

အရင္က ဒီကြင္းမွာ တစ္ခါမွမကစားဖူးဘူး။ ယူႏိုက္တက္က

နယူးကာဆယ္ထက္အႏိုင္ရလိုစိတ္ပိုျပင္းထန္လိမ့္မယ္။

အသင္းႀကီးတစ္သင္း ၆ ႏွစ္ၾကာဆုဖလားမရတာက ရွည္လားတဲ့

အခိုက္အတန႔္ျဖစ္တယ္။ ကြၽန္ေတာ့္ ကစားသမားဘဝမွာ

ဘာဆုမွမရခဲ့ဖူးဘူး…ဒါက ပထမဆုံးျဖစ္လိမ့္မယ္လို႔ေမွ်ာ္လင့္တယ္” လို႔ ဖြင့္ဟခဲ့ပါတယ္။