ကျောနံပါတ် ၂၃ နဲ့ ကော်တင်ဟိုကို တရားဝင် မိတ်ဆက်လိုက်တဲ့ ဗီလာ

အက်စ်တွန်ဗီလာအသင်းဟာ ဘာစီလိုနာကနေအငှားခေါ်ယူထားတဲ့

ဘရာဇီးတောင်ပံတိုက်စစ်မှူး ကော်တင်ဟို ကိုတရားဝင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

ဗီလာ ဟာကော်တင်ဟိုကို ရာသီကုန်ချိန်အထိအငှားခေါ်ယူခဲ့တာဖြစ်ပြီး

အရင်တစ်ပတ်ကတည်း က အတည်ပြုထားပြီးဖြစ်ပါတယ်။

အသက် ၂၉ နှစ်ရှိတဲ့ ကော်တင်ဟို ကိုအင်္ဂါနေ့ညတုန်းက

တရားဝင်မိတ်ဆက်လိုက်တာဖြစ် ပြီး သူ့ကိုကျောနံပါတ် ၂၃ ပေးအပ်ခဲ့ပါတယ်။

သတင်းတွေအရ ဗီလာဟာ လာမယ့်နွေရာသီမှာ ကော်တင်ဟိုကို

အပြီးသတ်ခေါ် ယူခြင်ရင် ပေါင် ၃၃ သန်းပေးရမှာဖြစ်ပြီး

သူ့လစာကိုတော့ ဘာစီလိုနာနဲ့ ဗီလာ တို့တစ်ဝက်စီကျခံမယ်လို့သိရပါတယ်။

ဗီလာ နည်းပြ စတီဗင်ဂျရတ် ဟာကော်တင်ဟိုနဲ့ လီဗာပူးမှာကစားဖော်တွေဖြစ်ခဲ့ပြီး

၂၀၁၃ ကနေ ၂၀၁၅ အထိတွဲကစားခဲ့ကြတာပါ။ သူတို့ရဲ့စွမ်းဆောင်မှုကြောင့်

လီဗာပူးဟာ ၂၀၁၄ မှာ နည်းပြဘရန်ဒန်ရော်ဂျာနဲ့အတူ

ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ရလုနီးပါး ဖြစ်ခဲ့ပါသေးတယ်။

ဗီလာက သူ့ကိုခေါ်ယူမှုကိုပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ကတည်းကအတည်ပြုထားတာဖြစ်ပေမယ့်

လူဝင်မှုစည်းမျဥ်းတွေနဲ့ ဆေးဘက် ဆိုင်ရာ တားမြစ်ချက်တွေကြောင့်

မန်ယူကိုရှုံးခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာထည့်သွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့် လာမယ့် စနေနေ့မှာ အိမ်ကွင်းမှာ မန်ယူနဲ့ဘဲကစားရမယ့်

ပရီးမီးယားလိဂ်ပွဲမှာတော့ သူပါဝင်နိုင်တော့မှာဖြစ်ပါတယ်။

ကော်တင်ဟိုက ” ဒီကိုရောက်လာရတာသိပ်ကိုနှစ်သိမ့်ကြည်နူးစရာကောင်းပါတယ်။

ဗီလာဟာအင်္ဂလန်မှာ ကြီးကျယ်ခမ်းနားတဲ့ကလပ်တစ် ခုဖြစ်ပြီး

ချန်ပီယံလိဂ်ဖလားလည်းရယူနိုင်ခဲ့တာပါ။ အသင်းပြောင်းဖို့

နည်းပြတွေအများကြီးနဲ့ဆွေးနွေးခဲ့ပေမယ့် စတီဗီ(စတီဗင် ဂျရတ်) ကတာ့

ဗီလာအကြောင်းသေချာရှင်းပြခဲ့သလို သူ့ရည်မှန်းချက်တွေကိုလည်းပြောပြခဲ့လို့

ဒီကိုဘဲပြောင်းဖို့ဆုံးဖြတ်လိုက် တာပါ။

သူနဲ့ကစားဖော်တွေဖြစ်တုန်းက သူ့ဆီကနေသင်ယူခဲ့ရတာတွေရှိလို့

အခုလိုပြန်လက်တွဲရတာကို ကျေနပ်ပါတယ်” လို့ ပြောသွားပါတယ်။

ဂျရတ်ကလည်း ကော်တင်ဟိုရောက်ရှိလာမှုကြောင့်

လက်ရှိအချိန်ကနေစပြီး ရာသီကုန်တဲ့အထိ

အဖိုးမဖြတ် နိုင်အောင်ဖြစ်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

zawgyi

ေက်ာနံပါတ္ ၂၃ နဲ႔ ေကာ္တင္ဟိုကို တရားဝင္ မိတ္ဆက္လိုက္တဲ့ ဗီလာ

အက္စ္တြန္ဗီလာအသင္းဟာ ဘာစီလိုနာကေနအငွားေခၚယူထားတဲ့

ဘရာဇီးေတာင္ပံတိုက္စစ္မႉး ေကာ္တင္ဟို ကိုတရားဝင္ မိတ္ဆက္လိုက္ၿပီျဖစ္ပါတယ္။

ဗီလာ ဟာေကာ္တင္ဟိုကို ရာသီကုန္ခ်ိန္အထိအငွားေခၚယူခဲ့တာျဖစ္ၿပီး

အရင္တစ္ပတ္ကတည္း က အတည္ျပဳထားၿပီးျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္ရွိတဲ့ ေကာ္တင္ဟို ကိုအဂၤါေန႔ညတုန္းက

တရားဝင္မိတ္ဆက္လိုက္တာျဖစ္ ၿပီး သူ႔ကိုေက်ာနံပါတ္ ၂၃ ေပးအပ္ခဲ့ပါတယ္။

သတင္းေတြအရ ဗီလာဟာ လာမယ့္ေႏြရာသီမွာ ေကာ္တင္ဟိုကို

အၿပီးသတ္ေခၚ ယူျခင္ရင္ ေပါင္ ၃၃ သန္းေပးရမွာျဖစ္ၿပီး

သူ႔လစာကိုေတာ့ ဘာစီလိုနာနဲ႔ ဗီလာ တို႔တစ္ဝက္စီက်ခံမယ္လို႔သိရပါတယ္။

ဗီလာ နည္းျပ စတီဗင္ဂ်ရတ္ ဟာေကာ္တင္ဟိုနဲ႔ လီဗာပူးမွာကစားေဖာ္ေတြျဖစ္ခဲ့ၿပီး

၂၀၁၃ ကေန ၂၀၁၅ အထိတြဲကစားခဲ့ၾကတာပါ။ သူတို႔ရဲ႕စြမ္းေဆာင္မႈေၾကာင့္

လီဗာပူးဟာ ၂၀၁၄ မွာ နည္းျပဘရန္ဒန္ေရာ္ဂ်ာနဲ႔အတူ

ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကို ရလုနီးပါး ျဖစ္ခဲ့ပါေသးတယ္။

ဗီလာက သူ႔ကိုေခၚယူမႈကိုၿပီးခဲ့တဲ့ ဇန္နဝါရီ ၇ ကတည္းကအတည္ျပဳထားတာျဖစ္ေပမယ့္

လူဝင္မႈစည္းမ်ဥ္းေတြနဲ႔ ေဆးဘက္ ဆိုင္ရာ တားျမစ္ခ်က္ေတြေၾကာင့္

မန္ယူကိုရႈံးခဲ့တဲ့ အက္ဖ္ေအဖလားပြဲမွာထည့္သြင္းႏိုင္ခဲ့ျခင္းမရွိပါဘူး။

ဒါေပမယ့္ လာမယ့္ စေနေန႔မွာ အိမ္ကြင္းမွာ မန္ယူနဲ႔ဘဲကစားရမယ့္

ပရီးမီးယားလိဂ္ပြဲမွာေတာ့ သူပါဝင္ႏိုင္ေတာ့မွာျဖစ္ပါတယ္။

ေကာ္တင္ဟိုက ” ဒီကိုေရာက္လာရတာသိပ္ကိုႏွစ္သိမ့္ၾကည္ႏူးစရာေကာင္းပါတယ္။

ဗီလာဟာအဂၤလန္မွာ ႀကီးက်ယ္ခမ္းနားတဲ့ကလပ္တစ္ ခုျဖစ္ၿပီး

ခ်န္ပီယံလိဂ္ဖလားလည္းရယူႏိုင္ခဲ့တာပါ။ အသင္းေျပာင္းဖို႔

နည္းျပေတြအမ်ားႀကီးနဲ႔ေဆြးေႏြးခဲ့ေပမယ့္ စတီဗီ(စတီဗင္ ဂ်ရတ္) ကတာ့

ဗီလာအေၾကာင္းေသခ်ာရွင္းျပခဲ့သလို သူ႔ရည္မွန္းခ်က္ေတြကိုလည္းေျပာျပခဲ့လို႔

ဒီကိုဘဲေျပာင္းဖို႔ဆုံးျဖတ္လိုက္ တာပါ။

သူနဲ႔ကစားေဖာ္ေတြျဖစ္တုန္းက သူ႔ဆီကေနသင္ယူခဲ့ရတာေတြရွိလို႔

အခုလိုျပန္လက္တြဲရတာကို ေက်နပ္ပါတယ္” လို႔ ေျပာသြားပါတယ္။

ဂ်ရတ္ကလည္း ေကာ္တင္ဟိုေရာက္ရွိလာမႈေၾကာင့္

လက္ရွိအခ်ိန္ကေနစၿပီး ရာသီကုန္တဲ့အထိ

အဖိုးမျဖတ္ ႏိုင္ေအာင္ျဖစ္လိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။