





ပြင်သစ်အသင်းဟာ အမိမြေပေါ်မှာကျင်းပခဲ့တဲ့ ၁၉၉၈ ကမ္ဘာ့ဖလားမှာချန်ပီယံဖြစ်ခဲ့ပြီးနောက် ၂၀၀၂ ပြိုင်ပွဲမှာ အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရပါတယ်။
ဒါ့အပြင် ကမ္ဘာ့ဖလား နောက်ဆုံး ၄ကြိမ်မှာ လက်ရှိချန်ပီယံတွေဖြစ်ခဲ့ကြတဲ့ အီတလီ(၂၀၁၀)၊ စပိန်(၂၀၁၄)၊ ဂျာမနီ(၂၀၁၈) တို့ဟာ အုပ်စုအဆင့်ကိုမကျော်နိုင်ခဲ့တဲ့ ကျိန်စာတစ်ခုရှိနေခဲ့ပါတယ်။





ဒါပေမဲ့ ဒိန်းမတ်ကို ၂-၁ဂိုးနဲ့ အနိုင်ရပြီးတဲ့နောက် ဒက်ချမ့်စ်ရဲ့အသင်းဟာ ဒီကျိန်စာကနေလွတ်မြောက်ခဲ့ပြီး ကာတာကမ္ဘာ့ဖလားမှာ ၁၆ သင်းအဆင့်ကို ပထမဆုံးတက်ရောက်နိုင်တဲ့ အသင်းအဖြစ်ရပ်တည်ပြခဲ့ပါတယ်။
ပြိုင်ပွဲမတိုင်ခင်ကတည်းက ဒဏ်ရာပြဿနာတွေနဲ့နပန်းလုံးခဲ့ရတဲ့ လက်ရှိချန်ပီယံပြင်သစ်ကို အားလုံးက စိုးရိမ်တကြီးစောင့်ကြည့်ခဲ့ကြပေမဲ့ ဒက်ချမ့်စ်အသင်းက





အုပ်စုအဖွင့် ၂ပွဲစလုံးအနိုင်ကစားခဲ့ပြီး ၁၆ သင်းအဆင့်ကိုထိုက်တန်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါနဲ့ပတ်သတ်လို့ ပြင်သစ်နည်းပြက “ကျွန်တော့်အသင်းနဲ့ပတ်သတ်ရင်တော့ ဘာမှမစိုးရိမ်ဘူး။
လက်ရှိချန်ပီယံနဲ့ပတ်သတ်တဲ့မှတ်တမ်းတွေအကြောင်းကို ပူပန်တာမရှိခဲ့ဘူး။ မှတ်တမ်းတိုင်းမှာ နောက်ခံအကြောင်းအရာရှိပေမဲ့ အချိန်တန်ရင်ကျိုးပျက်မှာပါ။ ကျွန်တော်တို့မှာ





ထိပ်တန်းကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့ အသင်းကောင်းတစ်သင်းရှိပြီး သူတို့ကစိတ်ဓာတ်လည်းခိုင်မာကြတယ်” လို့ ပြောဆိုသွားပါတယ်။
(Zawgyi)





က်ိန္စာအတြက္မစိုးရိမ္သလို မွတ္တမ္းဆိုတာ အခ်ိန္တန္ရင္က်ိဳးပ်က္မွာပဲလို႔ ဒက္ခ်မ့္စ္ ေျပာဆို
ျပင္သစ္အသင္းဟာ အမိေျမေပၚမွာက်င္းပခဲ့တဲ့ ၁၉၉၈ ကမာၻ႔ဖလားမွာခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္ ၂၀၀၂ ၿပိဳင္ပြဲမွာ အုပ္စုအဆင့္က လွည့္ျပန္ခဲ့ရပါတယ္။ ဒါ့အျပင္ ကမာၻ႔ဖလား ေနာက္ဆုံး ၄ႀကိမ္မွ





ာ လက္ရွိခ်န္ပီယံေတြျဖစ္ခဲ့ၾကတဲ့ အီတလီ(၂၀၁၀)၊ စပိန္(၂၀၁၄)၊ ဂ်ာမနီ(၂၀၁၈) တို႔ဟာ အုပ္စုအဆင့္ကိုမေက်ာ္ႏိုင္ခဲ့တဲ့ က်ိန္စာတစ္ခုရွိေနခဲ့ပါတယ္။ ဒါေပမဲ့ ဒိန္းမတ္ကို ၂-၁ဂိုးနဲ႔ အႏိုင္ရၿပီးတဲ့ေနာက္
ဒက္ခ်မ့္စ္ရဲ႕အသင္းဟာ ဒီက်ိန္စာကေနလြတ္ေျမာက္ခဲ့ၿပီး ကာတာကမာၻ႔ဖလားမွာ ၁၆ သင္းအဆင့္ကိုပထမဆုံးတက္ေရာက္ႏိုင္တဲ့အသင္းအျဖစ္ရပ္တည္ျပခဲ့ပါတယ္။ ၿပိဳင္ပြဲမတိုင္ခင္ကတည္းက
ဒဏ္ရာျပႆနာေတြနဲ႔နပန္းလုံးခဲ့ရတဲ့ လက္ရွိခ်န္ပီယံျပင္သစ္ကို အားလုံးကစိုးရိမ္တႀကီးေစာင့္ၾကည့္ခဲ့ၾကေပမဲ့ ဒက္ခ်မ့္စ္အသင္းက အုပ္စုအဖြင့္ ၂ပြဲစလုံးအႏိုင္ကစားခဲ့ၿပီး





၁၆ သင္းအဆင့္ကိုထိုက္တန္စြာတက္ေရာက္ႏိုင္ခဲ့ပါတယ္။ ဒါနဲ႔ပတ္သတ္လို႔ ျပင္သစ္နည္းျပက “ကြၽန္ေတာ့္အသင္းနဲ႔ပတ္သတ္ရင္ေတာ့ ဘာမွမစိုးရိမ္ဘူး။ လက္ရွိခ်န္ပီယံနဲ႔ပတ္သတ္တဲ့မွတ္တမ္းေတြအေၾကာင္းကို
ပူပန္တာမရွိခဲ့ဘူး။ မွတ္တမ္းတိုင္းမွာ ေနာက္ခံအေၾကာင္းအရာရွိေပမဲ့ အခ်ိန္တန္ရင္က်ိဳးပ်က္မွာပါ။ ကြၽန္ေတာ္တို႔မွာ ထိပ္တန္းကစားသမားေတြနဲ႔ဖြဲ႕စည္းထားတဲ့





အသင္းေကာင္းတစ္သင္းရွိၿပီး သူတို႔ကစိတ္ဓာတ္လည္းခိုင္မာၾကတယ္” လို႔ ေျပာဆိုသြားပါတယ္။