ကျိန်စာတိုက်ခံထားရတယ်လို့တောင် ခံစားနေရတဲ့ ဒီဂီယာ

ဖာဂူဆန်အနားယူသွားပြီးနောက်ပိုင်း အဓိကဆုဖလားတွေရဖို့

မန်ယူရုန်းကန်နေရတာဟာ ဘာကြောင့်လဲလို့ မေးမြန်းခံရတော့

ဂိုးသမားဒီဂီယာက ကျိန်စာကြောင့်လို့ ပြောလိုက်ပါတယ်။

မန်ယူဟာ ၂၀၁၃ နောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်မှာ ဗိုလ်မစွဲတော့ဘဲ

သူတို့ရဲ့နောက်ဆုံးဆုဖလားအောင်မြင်မှုကလည်း ၂၀၁၇ က ယူရိုပါလိဂ်မှာ

ဗိုလ်စွဲခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီကလည်း မန်ယူဟာ ယူရိုပါလိဂ်မှာ

ထမ်ပံဗိုလ်စွဲလုနီးပါးဖြစ်ခဲ့ပေမယ့် ဗီလာရီးရဲလ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးခဲ့ပါတယ်။

မကြာသေးခင်ကလည်း မန်ယူဟာ အက်ဖ်အေဖလားမှာ ချန်ပီယံရှစ်ကလပ်ရဲ့

နောက်ကောက်ချခြင်းခံခဲ့ရလို့ ဒီရာသီတစ်ခုတည်းသောဆုဖလားမျှော်လင့်ချက်အနေနဲ့

ချန်ပီယံလိဂ်သာရှိတော့တာပါ။ ဖာဂူဆန်အနားယူသွားပြီးနောက်ပိုင်း

ဆုဖလားတွေစိန်ခေါ်နိုင်ခြင်းမရှိတော့တာနဲ့ပတ်သက်လို့ မေးမြန်းခံရတော့

ဒီဂီယာက အခုလို ပြန်ဖြေခဲ့ပါတယ်။
”တစ်ယောက်ယောက်က ကျွန်တော်တို့ကို ကျိန်စာတိုက်ထားတာ ဒါမှမဟုတ်

တစ်ခုခုလုပ်ထားတယ်လို့ ထင်ပါတယ်။ အမှန်ကတော့ ဘာဖြစ်လဲဆိုတာ

ကျွန်တော်လည်း မသိပါဘူး။ လူတွေက ကျွန်တော့်ကို အမြဲမေးကြသလို

အသင်းဖော်တွေအချင်းချင်းလည်း အဲဒီအကြောင်းပြောကြပေမယ့် ဘာဖြစ်နေလဲဆိုတာ

ကျွန်တော်တို့ မသိပါဘူး”လို့ ဒီဂီယာက ပြောခဲ့တာပါ။ ဒါ့အပြင် ဒီဂီယာက

”ကျွန်တော်တို့အနေနဲ့ ဆုဖလားတွေအတွက် စိန်ခေါ်နိုင်သင့်ပါတယ်။ ဒါပေမဲ့

ဒီအသင်းက ဘာကြောင့်အလုပ်မဖြစ်ဘူးဆိုတာ ကျွန်တော်လည်း မသိဘူး။

ကျွန်တော့်ရဲ့ကာကွယ်နိုင်မှုမှတ်တမ်းတွေက ပြောလို့ကောင်းတဲ့အရာတွေ

ဟုတ်၊မဟုတ်တော့ မသိပါဘူး။ ကျွန်တော်တို့နဲ့ဆို အသင်းတွေက

အခွင့်အရေးအများကြီးဖန်တီးနိုင်ကြတယ်။

ဒါပေမဲ့ ကျွန်တော်ဒီမှာ ရှိနေတာဟာ  အဲဒီအတွက်ကြောင့်ပါ။ ဂိုးတွေကာကွယ်ဖို့

ကြိုးစားပြီး အသင်းကိုကူညီပေးနိုင်ဖို့ လုပ်မှာပါ။ ဒီနှစ်တော့

အခြေအနေကောင်းမယ်ထင်ပါတယ်”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒီဂီယာဟာ ၂၀၁၂-၁၃ ရာသီ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲခဲ့တဲ့မန်ယူအသင်းမှာ ပါဝင်ခဲ့ပါတယ်။

သူဟာ ပရီးမီးယားလိဂ်က နောက်ဆုံးအောင်မြင်မှုနောက်ပိုင်း အက်ဖ်အေဖလား၊

အင်္ဂလန်လိဂ်ဖလားနဲ့ ယူရိုပါလိဂ်တို့မှာ ဗိုလ်စွဲအောင်လည်း ကူညီပေးနိုင်ခဲ့တာပါ။

Zawgyi

က်ိန္စာတိုက္ခံထားရတယ္လို႔ေတာင္ ခံစားေနရတဲ့ ဒီဂီယာ

ဖာဂူဆန္အနားယူသြားၿပီးေနာက္ပိုင္း အဓိကဆုဖလားေတြရဖို႔

မန္ယူ႐ုန္းကန္ေနရတာဟာ ဘာေၾကာင့္လဲလို႔ ေမးျမန္းခံရေတာ့

ဂိုးသမားဒီဂီယာက က်ိန္စာေၾကာင့္လို႔ ေျပာလိုက္ပါတယ္။

မန္ယူဟာ ၂၀၁၃ ေနာက္ပိုင္းကတည္းက ပရီးမီးယားလိဂ္မွာ ဗိုလ္မစြဲေတာ့ဘဲ

သူတို႔ရဲ႕ေနာက္ဆုံးဆုဖလားေအာင္ျမင္မႈကလည္း ၂၀၁၇ က ယူ႐ိုပါလိဂ္မွာ

ဗိုလ္စြဲခဲ့တာပါ။ ၿပီးခဲ့တဲ့ရာသီကလည္း မန္ယူဟာ ယူ႐ိုပါလိဂ္မွာ

ထမ္ပံဗိုလ္စြဲလုနီးပါးျဖစ္ခဲ့ေပမယ့္ ဗီလာရီးရဲလ္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ ရႈံးခဲ့ပါတယ္။

 

မၾကာေသးခင္ကလည္း မန္ယူဟာ အက္ဖ္ေအဖလားမွာ ခ်န္ပီယံရွစ္ကလပ္ရဲ႕

ေနာက္ေကာက္ခ်ျခင္းခံခဲ့ရလို႔ ဒီရာသီတစ္ခုတည္းေသာဆုဖလားေမွ်ာ္လင့္ခ်က္အေနနဲ႔

ခ်န္ပီယံလိဂ္သာရွိေတာ့တာပါ။ ဖာဂူဆန္အနားယူသြားၿပီးေနာက္ပိုင္း

ဆုဖလားေတြစိန္ေခၚႏိုင္ျခင္းမရွိေတာ့တာနဲ႔ပတ္သက္လို႔ ေမးျမန္းခံရေတာ့

ဒီဂီယာက အခုလို ျပန္ေျဖခဲ့ပါတယ္။
”တစ္ေယာက္ေယာက္က ကြၽန္ေတာ္တို႔ကို က်ိန္စာတိုက္ထားတာ ဒါမွမဟုတ္

တစ္ခုခုလုပ္ထားတယ္လို႔ ထင္ပါတယ္။ အမွန္ကေတာ့ ဘာျဖစ္လဲဆိုတာ

ကြၽန္ေတာ္လည္း မသိပါဘူး။ လူေတြက ကြၽန္ေတာ့္ကို အၿမဲေမးၾကသလို

အသင္းေဖာ္ေတြအခ်င္းခ်င္းလည္း အဲဒီအေၾကာင္းေျပာၾကေပမယ့္ ဘာျဖစ္ေနလဲဆိုတာ

ကြၽန္ေတာ္တို႔ မသိပါဘူး”လို႔ ဒီဂီယာက ေျပာခဲ့တာပါ။ ဒါ့အျပင္ ဒီဂီယာက

”ကြၽန္ေတာ္တို႔အေနနဲ႔ ဆုဖလားေတြအတြက္ စိန္ေခၚႏိုင္သင့္ပါတယ္။ ဒါေပမဲ့

ဒီအသင္းက ဘာေၾကာင့္အလုပ္မျဖစ္ဘူးဆိုတာ ကြၽန္ေတာ္လည္း မသိဘူး။

ကြၽန္ေတာ့္ရဲ႕ကာကြယ္ႏိုင္မႈမွတ္တမ္းေတြက ေျပာလို႔ေကာင္းတဲ့အရာေတြ

ဟုတ္၊မဟုတ္ေတာ့ မသိပါဘူး။ ကြၽန္ေတာ္တို႔နဲ႔ဆို အသင္းေတြက

အခြင့္အေရးအမ်ားႀကီးဖန္တီးႏိုင္ၾကတယ္။

 

ဒါေပမဲ့ ကြၽန္ေတာ္ဒီမွာ ရွိေနတာဟာ  အဲဒီအတြက္ေၾကာင့္ပါ။ ဂိုးေတြကာကြယ္ဖို႔

ႀကိဳးစားၿပီး အသင္းကိုကူညီေပးႏိုင္ဖို႔ လုပ္မွာပါ။ ဒီႏွစ္ေတာ့

အေျခအေနေကာင္းမယ္ထင္ပါတယ္”လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ဒီဂီယာဟာ ၂၀၁၂-၁၃ ရာသီ ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲခဲ့တဲ့မန္ယူအသင္းမွာ ပါဝင္ခဲ့ပါတယ္။

သူဟာ ပရီးမီးယားလိဂ္က ေနာက္ဆုံးေအာင္ျမင္မႈေနာက္ပိုင္း အက္ဖ္ေအဖလား၊

အဂၤလန္လိဂ္ဖလားနဲ႔ ယူ႐ိုပါလိဂ္တို႔မွာ ဗိုလ္စြဲေအာင္လည္း ကူညီေပးႏိုင္ခဲ့တာပါ။