ကျပ်သိန်းတစ်ထောင်ကျော် အဆုံးခံပြီး အသင်းလိုက်စိတ်ဓာတ်ပြသခဲ့တဲ့ ဖာမီနို

လီဗာပူးအသင်းတိုက်စစ်မှူး ဖာမီနိုဟာ

Individual Player ထက် Team Player အဖြစ်
ပိုမိုထင်ရှားသူဖြစ်ပြီး အသင်းလိုက်စိတ်ဓာတ်
ဘယ်လောက်ရှိလဲဆိုတာ အားလုံးအသိဖြစ်ပါတယ်။
သူ့ရဲ့အသင်းဖော်တွေအပေါ် ထားတဲ့စိတ်ကို
ကွက်ကွက်ကွင်းကွင်းသိမြင်ခဲ့ရတာက

၂၀၁၇ အတွင်း ကစားခဲ့တဲ့ စတုတ်စီးတီးနဲ့ပွဲမှာဖြစ်ပြီး
အသင်းဖော်တိုက်စစ်မှူး မာနေး ဂိုးသွင်းဖို့အတွက်
ပေါင် ၄၅၀၀၀ (ကျပ်သိန်းတစ်ထောင်ကျော်)အဆုံးခံခဲ့တာပါ။
အဲဒီနှစ် နိုဝင်ဘာလက Football Leaks: The Dirty Business of Football ရဲ့
ဖော်ပြချက်အရ ဘရာဇီးလက်ရွေးစင် ဖာမီနိုဟာ

အခြေခံ တစ်ပတ်လုပ်ခလစာ ပေါင် ၆၈၀၈၅ သာရခဲ့ပေမယ့်
ဂိုး ဘယ်လောက်သွင်းနိုင်လဲဆိုတဲ့အချက်အပေါ်
မူတည်ပြီး ဘောနပ်စ်တွေ ရရှိမှာဖြစ်ကြောင်း သိရပါတယ်။
အဲဒီမှာ ၅ ဂိုးသွင်းနိုင်ရင် ဘောနပ်စ် ပေါင် ၂၅၀၀၀၊
၁၀ ဂိုးအထိ သွင်းနိုင်ရင် ပေါင် ၄၅၀၀၀နဲ့

၁၁ ဂိုးနဲ့အထက် သွင်းနိုင်ရင် ပေါင် ၆၅၀၀၀ ရမှာဖြစ်တယ်လို့ သိရပါတယ်။
စတုတ်စီးတီးကွင်းမှာကစားခဲ့တဲ့ အဲဒီပွဲမှာ
ဖာမီနိုဟာ ဒုတိယမြောက်ဘောနပ်စ်ရဖို့
အကောင်းဆုံးအခွင့်အရေး ရခဲ့ပါတယ်။
ပွဲချိန် ၁၇ မိနစ်မှာ မာနေးက စတုတ်စီးတီးဂိုးသမား

လီဂရန့်ကို အသာလေးမတင်ကျော်ဖြတ်ကာ
ဂိုးသွင်းလိုက်ပါတယ်။
ဒါပေမဲ့ လီဂရန့်ရဲ့လက်နဲ့ထိသွားလို့
ဘောလုံးက ဂိုးစည်းနားမှာ
ဖြေးဖြေးချင်းသွားနေခဲ့ပြီး

အဲဒီနားမှာ ရှိနေတဲ့ ဖာမီနိုက
အသာလေးပိတ်သွင်းလိုက်ဖို့ အခွင့်အရေးရခဲ့ပါတယ်။
ဒါပေမဲ့ သူကတော့ မာနေးဆီ
တစ်ချက် လှမ်းကြည့်ပြီး
မသွင်းဘဲ မာနေး သွင်းတဲ့ဂိုးဖြစ်အောင် ဖန်တီးခဲ့ပါတယ်။

”ဖာမီနိုဟာ အဲဒီအလုံးကို
အေးဆေးလေး သွင်းလိုက်လို့ရပါတယ်။
တကယ့်ကို တစ်ကိုယ်ကောင်းမဆန်တဲ့ကစားသမားပါပဲ”လို့
ဘီဘီစီသတင်းဌာနရဲ့ အားကစားစာရေးဆရာ
ချိုဟန်က သူ့ရဲ့တွစ်တာမှာ ရေးသားချီးကျူးခဲ့ပါတယ်။

အသက် ၃၀ အရွယ်ရှိ ဖာမီနိုဟာ
လီဗာပူးအတွက် ၃၂၇ပွဲမှာ
၉၈ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၇၄ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။
သူဟာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊
ကာရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားတွေ

ရယူထားပြီး နောက်ဆုံး ၁၈ လအတွင်း
ဂျိုတာနဲ့ ဒီယက်ဇ်တို့ရောက်လာလို့
ပွဲကစားခွင့် လျော့နည်းနေပေမယ့်
သူကတော့ နည်းပြကြီး ကလော့ပ်ရဲ့
အရေးကြီးတဲ့ကစားသမားအဖြစ် ရှိနေဆဲပါပဲ။

Zawgyi

က်ပ္သိန္းတစ္ေထာင္ေက်ာ္ အဆုံးခံၿပီး အသင္းလိုက္စိတ္ဓာတ္ျပသခဲ့တဲ့ ဖာမီႏို
လီဗာပူးအသင္းတိုက္စစ္မွဴး ဖာမီႏိုဟာ

Individual Player ထက္ Team Player အျဖစ္
ပိုမိုထင္ရွားသူျဖစ္ၿပီး အသင္းလိုက္စိတ္ဓာတ္
ဘယ္ေလာက္ရွိလဲဆိုတာ အားလုံးအသိျဖစ္ပါတယ္။
သူ႕ရဲ႕အသင္းေဖာ္ေတြအေပၚ ထားတဲ့စိတ္ကို
ကြက္ကြက္ကြင္းကြင္းသိျမင္ခဲ့ရတာက

၂၀၁၇ အတြင္း ကစားခဲ့တဲ့ စတုတ္စီးတီးနဲ႔ပြဲမွာျဖစ္ၿပီး
အသင္းေဖာ္တိုက္စစ္မွဴး မာေနး ဂိုးသြင္းဖို႔အတြက္
ေပါင္ ၄၅၀၀၀ (က်ပ္သိန္းတစ္ေထာင္ေက်ာ္)အဆုံးခံခဲ့တာပါ။
အဲဒီႏွစ္ ႏို၀င္ဘာလက Football Leaks: The Dirty Business of Football ရဲ႕
ေဖာ္ျပခ်က္အရ ဘရာဇီးလက္ေရြးစင္ ဖာမီႏိုဟာ

အေျခခံ တစ္ပတ္လုပ္ခလစာ ေပါင္ ၆၈၀၈၅ သာရခဲ့ေပမယ့္
ဂိုး ဘယ္ေလာက္သြင္းႏိုင္လဲဆိုတဲ့အခ်က္အေပၚ
မူတည္ၿပီး ေဘာနပ္စ္ေတြ ရရွိမွာျဖစ္ေၾကာင္း သိရပါတယ္။
အဲဒီမွာ ၅ ဂိုးသြင္းႏိုင္ရင္ ေဘာနပ္စ္ ေပါင္ ၂၅၀၀၀၊
၁၀ ဂိုးအထိ သြင္းႏိုင္ရင္ ေပါင္ ၄၅၀၀၀နဲ႔

၁၁ ဂိုးနဲ႔အထက္ သြင္းႏိုင္ရင္ ေပါင္ ၆၅၀၀၀ ရမွာျဖစ္တယ္လို႔ သိရပါတယ္။
စတုတ္စီးတီးကြင္းမွာကစားခဲ့တဲ့ အဲဒီပြဲမွာ
ဖာမီႏိုဟာ ဒုတိယေျမာက္ေဘာနပ္စ္ရဖို႔
အေကာင္းဆုံးအခြင့္အေရး ရခဲ့ပါတယ္။
ပြဲခ်ိန္ ၁၇ မိနစ္မွာ မာေနးက စတုတ္စီးတီးဂိုးသမား

လီဂရန္႔ကို အသာေလးမတင္ေက်ာ္ျဖတ္ကာ
ဂိုးသြင္းလိုက္ပါတယ္။
ဒါေပမဲ့ လီဂရန္႔ရဲ႕လက္နဲ႔ထိသြားလို႔
ေဘာလုံးက ဂိုးစည္းနားမွာ
ေျဖးေျဖးခ်င္းသြားေနခဲ့ၿပီး

အဲဒီနားမွာ ရွိေနတ့ဲ ဖာမီႏိုက
အသာေလးပိတ္သြင္းလိုက္ဖို႔ အခြင့္အေရးရခဲ့ပါတယ္။
ဒါေပမဲ့ သူကေတာ့ မာေနးဆီ
တစ္ခ်က္ လွမ္းၾကည့္ၿပီး
မသြင္းဘဲ မာေနး သြင္းတဲ့ဂိုးျဖစ္ေအာင္ ဖန္တီးခဲ့ပါတယ္။

”ဖာမီႏိုဟာ အဲဒီအလုံးကို
ေအးေဆးေလး သြင္းလိုက္လို႔ရပါတယ္။
တကယ့္ကို တစ္ကိုယ္ေကာင္းမဆန္တဲ့ကစားသမားပါပဲ”လို႔
ဘီဘီစီသတင္းဌာနရဲ႕ အားကစားစာေရးဆရာ
ခ်ိဳဟန္က သူ႕ရဲ႕တြစ္တာမွာ ေရးသားခ်ီးက်ဴးခဲ့ပါတယ္။

အသက္ ၃၀ အရြယ္ရွိ ဖာမီႏိုဟာ
လီဗာပူးအတြက္ ၃၂၇ပြဲမွာ
၉၈ ဂိုးသြင္းကာ ဂိုးဖန္တီးမႈ ၇၄ ႀကိမ္အထိ ျပဳလုပ္ေပးထားပါတယ္။
သူဟာ ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္၊
ကာရာေဘာင္ဖလားနဲ႔ အက္ဖ္ေအဖလားေတြ

ရယူထားၿပီး ေနာက္ဆုံး ၁၈ လအတြင္း
ဂ်ိဳတာနဲ႔ ဒီယက္ဇ္တို႔ေရာက္လာလို႔
ပြဲကစားခြင့္ ေလ်ာ့နည္းေနေပမယ့္
သူကေတာ့ နည္းျပႀကီး ကေလာ့ပ္ရဲ႕
အေရးႀကီးတဲ့ကစားသမားအျဖစ္ ရွိေနဆဲပါပဲ။