ကျည်ကာအင်္ကျီဝတ်ထားလို့ မင်းတို့ဘာလုပ်လုပ် ငါ့ကို မထိဘူးဆိုတဲ့ စီရော် နယ်ဒို

ပီးယာ့စ်မော်ဂန်နဲ့ ပေါက်ကွဲအားပြင်းတဲ့ အင်တာဗျူးအစီအစဉ်ပြီးတဲ့နောက် ပိုင်း လူရှေ့ထွက်ပြီး ပထမဆုံး စကားပြောလာတဲ့ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုက သူ့အပေါ် ဘယ်လို

ဝေဖန်တိုက်ခိုက်မှုမျိုးတွေ ရှိနေပါစေ ထိခိုက်နစ်နာမှု လုံးဝမရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ မန်ယူကနေ ထွက်သွား ပြီးကတည်းက အခြေခံ အဆောက်အအုံပိုင်းရော

ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာပါ တိုးတက်မှု မရှိတဲ့အပြင် နည်းပြတန်ဟတ်ကိုလည်း လေးစားမှု မရှိဘူးလို့ ပြောဆိုခဲ့တဲ့ စီရော်နယ်ဒိုအပေါ် မန်ယူဂန္ထဝင်ကစားသမားဟောင်း

ဂယ်ရီနဗီးလ် အပါအဝင် ဘောလုံးအသိုင်းအဝိုင်းက လူတော်တော်များများက အပြစ်မြင်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူ့အပေါ် အဲဒီလိုမျိုး ဝေဖန်ပုတ်ခတ်မှုတွေဟာ လက်ရှိ ပေါ်တူဂီအသင်းနဲ့အတူ

ပြိုင်ပွဲဝင်မယ့် ကြိုတင်ပြင်ဆင်မှုတွေ အပေါ်မှာ သက်ရောက်မှု မရှိဘူးလို့ ရီးရဲလ်တိုက်စစ်မှူးဟောင်းက ဆိုပါတယ်။ ‘’အကဲဖြစ်တယ်ဆိုတာက အမြဲတမ်းရှိနေမှာပါပဲ။ ခင်ဗျားဘက်က ကြည့်ရင်

အကဲဖြတ်မှုတွေကို ကျွန်တော်တို့ ဘယ်လိုမျိုး ဆုပ်ကိုင်တယ်ဆို တာကို လွယ်လွယ်ကူကူ ကြည့်လို့ရတာပေါ့။ တစ်ခါတလေမှာ ခင်ဗျားတို့ အမှန်တွေ ရေးကြတယ်။ တစ်ခါတလေတော့ အမှားတွေ

ရေးတာပေါ့။ တခြား သူတွေ တွေးနေတာနဲ့ပတ်သက်ပြီး စိုးရိမ်နေစရာ မလိုပါဘူးဗျာ။ ကျွန်တော် ပြောချင်တဲ့အခါ ပြောမှာပါပဲ။ ကျွန်တော်ဘယ်သူလဲ။ ကျွန်တော် ဘာတွေ ယုံကြည်နေသလဲဆိုတာကို

လူတိုင်းသိပါတယ်။ ကျွန်တော် အသက် ၁၁ နှစ် အရွယ်ကတည်းက ဘာလဲဆိုတာ သူတို့အားလုံး သိကြတယ်။ လေသံဖမ်း တရားနာပြီး သူတို့ လွှမ်းမိုးခံကြမှာ မဟုတ်သလို ကျွန်တော့်အကြောင်းလည်း

ရေးမှာ မဟုတ်ပါဘူး။ လက်ရှိစိတ်ခံစားမှုက အကောင်းဆုံးပါပဲ။ ဘာပြဿနာ မှ မရှိဘူး။ ကျွန်တော့်အကြောင်း ခင်ဗျားတို့ ဘာမှ မပြောဘဲနေရင် ကူညီပေး ရာ ရောက်တာပေါ့။ ကျွန်တော်က ကျည်ကာ

အင်္ကျီလိုမျိုး လုံးလုံး ဖြစ်နေပြီး သံချပ်ကာအင်္ကျီဆိုလည်း ဟုတ်တယ်’’ လို့ အင်္ဂါနေ့မှာ ကစားမယ့် အုပ်စုပွဲ စဉ်အတွက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စီရော်နယ်ဒိုက ပြောဆို သွားခဲ့တာ ဖြစ်ပါတယ်။

(Zawgyi)

က်ည္ကာအက်ႌဝတ္ထားလို႔ မင္းတို႔ဘာလုပ္လုပ္ ငါ့ကို မထိဘူးဆိုတဲ့ စီေရာ္ နယ္ဒို

ပီးယာ့စ္ေမာ္ဂန္နဲ႔ ေပါက္ကြဲအားျပင္းတဲ့ အင္တာဗ်ဴးအစီအစဥ္ၿပီးတဲ့ေနာက္ ပိုင္း လူေရွ႕ထြက္ၿပီး ပထမဆုံး စကားေျပာလာတဲ့ မန္ယူတိုက္စစ္မႉး စီေရာ္ နယ္ဒိုက သူ႔အေပၚ ဘယ္လို ေဝဖန္တိုက္ခိုက္မႈမ်ိဳးေတြ

ရွိေနပါေစ ထိခိုက္နစ္ နာမႈ လုံးဝမရွိဘူးလို႔ တုံ႔ျပန္ခဲ့ပါတယ္။ ၂၀၀၉ ခုႏွစ္မွာ မန္ယူကေန ထြက္သြား ၿပီးကတည္းက အေျခခံ အေဆာက္အအုံပိုင္းေရာ ရင္းႏွီးျမႇဳပ္ႏွံမႈအပိုင္းမွာပါ တိုးတက္မႈ

မရွိတဲ့အျပင္ နည္းျပတန္ဟတ္ကိုလည္း ေလးစားမႈ မရွိဘူးလို႔ ေျပာဆိုခဲ့တဲ့ စီေရာ္နယ္ဒိုအေပၚ မန္ယူဂႏၴဝင္ကစားသမားေဟာင္း ဂယ္ရီနဗီးလ္ အပါအဝင္ ေဘာလုံးအသိုင္းအဝိုင္းက

လူေတာ္ေတာ္မ်ားမ်ားက အျပစ္ျမင္ခဲ့ၾကပါတယ္။ ဒါေပမဲ့ သူ႔အေပၚ အဲဒီလိုမ်ိဳး ေဝဖန္ပုတ္ခတ္မႈေတြ ဟာ လက္ရွိ ေပၚတူဂီအသင္းနဲ႔အတူ ၿပိဳင္ပြဲဝင္မယ့္ ႀကိဳတင္ျပင္ဆင္မႈေတြ အေပၚမွာ

သက္ေရာက္မႈ မရွိဘူးလို႔ ရီးရဲလ္တိုက္စစ္မႉးေဟာင္းက ဆိုပါတယ္။ ‘’အကဲျဖစ္တယ္ဆိုတာက အၿမဲတမ္းရွိေနမွာပါပဲ။ ခင္ဗ်ားဘက္က ၾကည့္ရင္ အကဲျဖတ္မႈေတြကို ကြၽန္ေတာ္တို႔ ဘယ္လိုမ်ိဳး ဆုပ္ကိုင္တယ္ဆို တာကို

လြယ္လြယ္ကူကူ ၾကည့္လို႔ရတာေပါ့။ တစ္ခါတေလမွာ ခင္ဗ်ားတို႔ အမွန္ေတြ ေရးၾကတယ္။ တစ္ခါတေလေတာ့ အမွားေတြ ေရးတာေပါ့။ တျခား သူေတြ ေတြးေနတာနဲ႔ပတ္သက္ၿပီး စိုးရိမ္ေနစရာ

မလိုပါဘူးဗ်ာ။ ကြၽန္ေတာ္ ေျပာခ်င္တဲ့အခါ ေျပာမွာပါပဲ။ ကြၽန္ေတာ္ဘယ္သူလဲ။ ကြၽန္ေတာ္ ဘာေတြ ယုံ ၾကည္ေနသလဲဆိုတာကို လူတိုင္းသိပါတယ္။ ကြၽန္ေတာ္

အသက္ ၁၁ ႏွစ္ အ႐ြယ္ကတည္းက ဘာလဲဆိုတာ သူတို႔အားလုံး သိၾကတယ္။ ေလသံဖမ္း တရားနာၿပီး သူတို႔ လႊမ္းမိုးခံၾကမွာ မဟုတ္သလို ကြၽန္ေတာ့္အေၾကာင္းလည္း

ေရးမွာ မဟုတ္ပါဘူး။ လက္ရွိစိတ္ခံစားမႈက အေကာင္းဆုံးပါပဲ။ ဘာျပႆနာ မွ မရွိဘူး။ ကြၽန္ေတာ့္အေၾကာင္း ခင္ဗ်ားတို႔ ဘာမွ မေျပာဘဲေနရင္ ကူညီေပး ရာ ေရာက္တာေပါ့။

ကြၽန္ေတာ္က က်ည္ကာ အက်ႌလိုမ်ိဳး လုံးလုံး ျဖစ္ေနၿပီး သံခ်ပ္ကာအက်ႌဆိုလည္း ဟုတ္တယ္’’ လို႔ အဂၤါေန႔မွာ ကစားမယ့္ အုပ္စုပြဲ စဥ္အတြက္ ျပဳလုပ္ခဲ့တဲ့

သတင္းစာရွင္းလင္းပြဲမွာ စီေရာ္နယ္ဒိုက ေျပာဆို သြားခဲ့တာ ျဖစ္ပါတယ္။