ကျစ်လျစ်တဲ့စုဖွဲ့မှုကို အားကိုးပြီး ပခုံးချင်းယှဉ်ခဲ့တဲ့ မော်ရိုကိုကြောင့် ငုပ်တုပ် မေ့သွားခဲ့တဲ့ ဘယ်လ်ဂျီယံ

အုပ်စု (F) ရဲ့ အဖွင့်ပွဲစဉ်မှာ ကနေဒါကို အနိုင်ယူပြီး အဖွင့်လှခဲ့တဲ့ ဘယ်လ်ဂျီယံဟာ အခုပွဲစဉ်မှာတော့ ခြေချော်သွားခဲ့ပြီး မော်ရိုကိုအသင်းကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့လို့ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ

ရုန်းကန်ရတော့မှာ ဖြစ်ပါ တယ်။ ဥရောပ ထိပ်သီးကလပ်အသင်းအများစုမှာ ကစားနေတဲ့ ပရိုဖိုင်အမြင့် ကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့တဲ့ ဘယ်လ်ဂျီယံဟာ ပွဲအစပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းအထိ

အသာစီး ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဟာကီမီ၊ အမ်ရာ ဘတ်၊ ဇီယက်ချ်တို့လို ထိပ်တန်းကစားသမားတွေ ပါဝင်နေတဲ့ မော်ရိုကိုဟာလည်း သွေးမကြောင်တဲ့အပြင် ဘေးမရှောင်ဘဲ

ထိပ်တိုက်ရင်ဆိုင်ခဲ့တာဖြစ် လို့ ဘယ်လ်ဂျီယံတို့ အပိုင်အခွင့်အရေး ဖန်တီးနိုင်မှု နည်းပါးခဲ့တယ်။ ပွဲချိန် ၁၀ မိနစ် ကျော်လာတဲ့အချိန်မှာလည်း နည်းပြ မာတီနက်ဇ်ရဲ့ အသင်းကသာ ပွဲကို စိုးမိုးထားခဲ့ပြီး

ဘောလုံးဟာ မော် ရိုကို ကွင်းဘက်မှာပဲ ဝဲနေခဲ့တာပါ။ ဒါပေမဲ့ ၄-၃-၃ ကစားကွက်နဲ့ ၄-၅-၁ က စားကွက်နှစ်မျိုးကို လိုအပ်သလို အရှင်ထား ပြောင်းလဲပြီး အသုံးပြုခဲ့တဲ့ နည်း ပြ ရီဂရာအီရဲ့ ပွဲချဉ်းကပ်ပုံက

အလုပ်ဖြစ်ခဲ့တာကြောင့် မော်ရိုကိုဟာ ဘယ်လ် ဂျီယံကို ခြေရာတိုင်းနိုင်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၂၀ ကျော်လာတဲ့အထိ ဒီဘရိုင်း ဦးဆောင်တဲ့ ဘယ်လ်ဂျီယံကွင်းလယ်ဟာ စုဖွဲ့မှုကောင်းလွန်းတဲ့ မော်ရိုကို

ကွင်းလယ်ခံစစ်ပိုင်းကို မကျော်ဖြတ်နိုင်ခဲ့ဘဲ တိုက်စစ်မှူး ဟာဇက်နဲ့ ဘက်ရှူဝါရီတို့အတွက် ပံ့ပိုးပေးနိုင်မှု အားနည်းခဲ့ရတယ်။ မိနစ် ၃၀ ကျော်လာ ချိန်မှာ နှစ်ဖက်စလုံး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ

လုပ်လာနိုင်ခဲ့ကြပေမဲ့ အရာ မထင်ခဲ့ကြပါဘူး။ ဦးဆောင်ဂိုး ရဖို့အတွက် ဒုတိယပိုင်းမှာ တိုက်စစ်မြှင့်လာ တဲ့ ဘယ်လ်ဂျီယံဟာ ပွဲချိန် ၅၂ မိနစ်မှာ ဟာဇက်ရဲ့ အပြင်းကန်ချက် ပြိုင် ဘက်ကို ခြိမ်းခြောက်ခဲ့ပေမဲ့

ဂိုးသမား ကာကွယ်သွားနိုင်ခဲ့တယ်။ ပွဲချိန် ၅၇ မိနစ်မှာ ဘူဖယ်ရဲ့ ကန်ချက် ဂိုးဘေး ကပ်ထွက်သွားခဲ့လို့ မော်ရိုကိုတို့ နစ် နာခဲ့ရတယ်။ မိနစ် ၆၀ မှာ ဘယ်လ်ဂျီယံက တိုင်လီမန်း၊ မာတန်းစ်တို့ကို လူစားလဲပြီး

တိုက်စစ်မြှင့်ခဲ့ပေမဲ့ ဂိုးရသွားတာက မော်ရိုကိုဖြစ်ပြီး ပွဲချိန် ၇၃ မိနစ် မှာ ဆာဘီရီက တိုက်ရိုက် ကန်သွင်းယူသွားခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီနောက် ပွဲချိန် ၈၁ မိနစ်မှာ လူကာကူကိုပါထည့်ပြီး

ဘယ်လ်ဂျီယံတို့ တိုက်စစ်မြှင့်ခဲ့ ပေမဲ့ မော်ရိုကိုရဲ့ စုဖွဲ့မှုအားကောင်းတဲ့ ခံစစ်ကို မကျော်နိုင်ခဲ့တဲ့အပြင် နာကျင်အချိန်ပိုမှာ အဘူခါလ်ရဲ့ သွင်းဂိုးကို ထပ်ပြီး ခွင့်ပြုခဲ့ရလို့ ၂-၀ နဲ့ ရှုံးခဲ့ရတယ်။

(Zawgyi)

က်စ္လ်စ္တဲ့စုဖြဲ႕မႈကို အားကိုးၿပီး ပခုံးခ်င္းယွဥ္ခဲ့တဲ့ ေမာ္႐ိုကိုေၾကာင့္ ငုပ္တုပ္ ေမ့သြားခဲ့တဲ့ ဘယ္လ္ဂ်ီယံ

အုပ္စု (F) ရဲ႕ အဖြင့္ပြဲစဥ္မွာ ကေနဒါကို အႏိုင္ယူၿပီး အဖြင့္လွခဲ့တဲ့ ဘယ္လ္ဂ်ီယံဟာ အခုပြဲစဥ္မွာေတာ့ ေျခေခ်ာ္သြားခဲ့ၿပီး ေမာ္႐ိုကိုအသင္းကို ၂-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့လို႔ အုပ္စု ေနာက္ဆုံး ပြဲစဥ္မွာ ႐ုန္းကန္ရေတာ့မွာ

ျဖစ္ပါ တယ္။ ဥေရာပ ထိပ္သီးကလပ္အသင္းအမ်ားစုမွာ ကစားေနတဲ့ ပ႐ိုဖိုင္အျမင့္ ကစားသမား အမ်ားစုနဲ႔ ပြဲထြက္လာခဲ့တဲ့ ဘယ္လ္ဂ်ီယံဟာ ပြဲအစပိုင္းမွာ ေဘာလုံးပိုင္ဆိုင္မႈ ၇၅ ရာခိုင္ႏႈန္းအထိ အသာစီး ရယူႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ဟာကီမီ၊ အမ္ရာ ဘတ္၊ ဇီယက္ခ်္တို႔လို ထိပ္တန္းကစားသမားေတြ ပါဝင္ေနတဲ့ ေမာ္႐ိုကိုဟာလည္း ေသြးမေၾကာင္တဲ့အျပင္ ေဘးမေရွာင္ဘဲ ထိပ္တိုက္ရင္ဆိုင္ခဲ့တာျဖစ္ လို႔ ဘယ္လ္ဂ်ီယံတို႔

အပိုင္အခြင့္အေရး ဖန္တီးႏိုင္မႈ နည္းပါးခဲ့တယ္။ ပြဲခ်ိန္ ၁၀ မိနစ္ ေက်ာ္လာတဲ့အခ်ိန္မွာလည္း နည္းျပ မာတီနက္ဇ္ရဲ႕ အသင္းကသာ ပြဲကို စိုးမိုးထားခဲ့ၿပီး ေဘာလုံးဟာ ေမာ္ ႐ိုကို ကြင္းဘက္မွာပဲ ဝဲေနခဲ့တာပါ။

ဒါေပမဲ့ ၄-၃-၃ ကစားကြက္နဲ႔ ၄-၅-၁ က စားကြက္ႏွစ္မ်ိဳးကို လိုအပ္သလို အရွင္ထား ေျပာင္းလဲၿပီး အသုံးျပဳခဲ့တဲ့ နည္း ျပ ရီဂရာအီရဲ႕ ပြဲခ်ဥ္းကပ္ပုံက အလုပ္ျဖစ္ခဲ့တာေၾကာင့္ ေမာ္႐ိုကိုဟာ

ဘယ္လ္ ဂ်ီယံကို ေျခရာတိုင္းႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ မိနစ္ ၂၀ ေက်ာ္လာတဲ့အထိ ဒီဘ႐ိုင္း ဦးေဆာင္တဲ့ ဘယ္လ္ဂ်ီယံကြင္းလယ္ဟာ စုဖြဲ႕မႈေကာင္းလြန္းတဲ့ ေမာ္႐ိုကို ကြင္းလယ္ခံစစ္ပိုင္းကို

မေက်ာ္ျဖတ္ႏိုင္ခဲ့ဘဲ တိုက္စစ္မႉး ဟာဇက္နဲ႔ ဘက္ရႉဝါရီတို႔အတြက္ ပံ့ပိုးေပးႏိုင္မႈ အားနည္းခဲ့ရတယ္။ မိနစ္ ၃၀ ေက်ာ္လာ ခ်ိန္မွာ ႏွစ္ဖက္စလုံး ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ လုပ္လာႏိုင္ခဲ့ၾကေပမဲ့ အရာ

မထင္ခဲ့ၾကပါဘူး။ ဦးေဆာင္ဂိုး ရဖို႔အတြက္ ဒုတိယပိုင္းမွာ တိုက္စစ္ျမႇင့္လာ တဲ့ ဘယ္လ္ဂ်ီယံဟာ ပြဲခ်ိန္ ၅၂ မိနစ္မွာ ဟာဇက္ရဲ႕ အျပင္းကန္ခ်က္ ၿပိဳင္ ဘက္ကို ၿခိမ္းေျခာက္ခဲ့ေပမဲ့ ဂိုးသမား ကာကြယ္သြားႏိုင္ခဲ့တယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာ ဘူဖယ္ရဲ႕ ကန္ခ်က္ ဂိုးေဘး ကပ္ထြက္သြားခဲ့လို႔ ေမာ္႐ိုကိုတို႔ နစ္ နာခဲ့ရတယ္။ မိနစ္ ၆၀ မွာ ဘယ္လ္ဂ်ီယံက တိုင္လီမန္း၊ မာတန္းစ္တို႔ကို လူ စားလဲၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမဲ့ ဂိုးရသြားတာက

ေမာ္႐ိုကိုျဖစ္ၿပီး ပြဲခ်ိန္ ၇၃ မိနစ္ မွာ ဆာဘီရီက တိုက္႐ိုက္ ကန္သြင္းယူသြားခဲ့တာပဲ ျဖစ္ပါတယ္။ အဲဒီေနာက္ ပြဲခ်ိန္ ၈၁ မိနစ္မွာ လူကာကူကိုပါထည့္ၿပီး ဘယ္လ္ဂ်ီယံတို႔ တိုက္စစ္ျမႇင့္ခဲ့ ေပမဲ့

ေမာ္႐ိုကိုရဲ႕ စုဖြဲ႕မႈအားေကာင္းတဲ့ ခံစစ္ကို မေက်ာ္ႏိုင္ခဲ့တဲ့အျပင္ နာက်င္အခ်ိန္ပိုမွာ အဘူခါလ္ရဲ႕ သြင္းဂိုးကို ထပ္ၿပီး ခြင့္ျပဳခဲ့ရလို႔ ၂-၀ နဲ႔ ရႈံးခဲ့ရတယ္။