
ကမ္ဘာ့ဖလား အုပ်စု (B) ရဲ့ အဖွင့်ပွဲစဉ်တွေမှာ OneLove အသင်းခေါင်း ဆောင်လက်ပတ်ကို ဝတ်မယ်လို့ ကြွေးကြော်ခဲ့ပြီးမှ ခြေတစ်လှမ်း နောက်ဆုတ်ပေးခဲ့တဲ့ ဟယ်ရီကိန်းနဲ့ ဂါရတ်ဘေးလ်တို့ဟာ





အမှားလုပ်လိုက်တာပဲလို့ မန်ယူ ဂန္ထဝင် ကစားသမားဟောင်း ရွိုင်ကိန်းက မှတ်ချက်ပြုခဲ့ပါတယ်။ ဟယ်ရီကိန်း၊ ဂါရတ်ဘေးလ်အပါအဝင် နိုင်ငံလက်ရွေးစင် အသင်းခေါင်း ဆောင် ၉ ယောက်ဟာ





LGBTQ+ အခွင့်အရေးကို ထောက်ခံတဲ့ OneLove လက်ပတ်ကို ဝတ်ဆင်ဖို့အတွက် စိတ်ပိုင်းဖြတ်ထားကြပါတယ်။ ဒါပေမဲ့ အုပ် စုအဖွင့်ပွဲစဉ်တွေမတိုင်ခင် ၃ နာရီ အလိုမှာ ကစားသမားတွေအနေနဲ့ အဲဒီ
လက်ပတ်ကို ဝတ်ခဲ့မယ်ဆိုရင် ပွဲမစခင်ကတည်းက အဝါကတ် အပြခံရမှာ ဖြစ်သလို နောက်တစ်ပွဲမှာ အဲဒီလို ထပ်ပြီး ဝတ်ခဲ့မယ်ဆိုရင်လည်း အဝါကတ် အပြခံရမှာဖြစ်ပြီး အုပ်စု နောက်ဆုံးပွဲစဉ်ကို
အလိုအလျောက် ပွဲပယ်ခံရမှာ ဖြစ်တယ်လို့ ဖီဖာက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ဟယ်ရီကိန်းနဲ့ ဂါရတ်ဘေးလ်တို့ဟာ သူတို့ရဲ့ အုပ်စုအဖွင့်ပွဲစဉ်တွေမှာ OneLove လက်ပတ်





ဝတ်ဆင်မယ့် ရည်ရွယ်ချက်ကို လက်မှိုင်ချခဲ့ရပြီး စည်း မျဉ်းအတိုင်း ခရီးဆက်ခဲ့ကြရတာပါ။ ဒါပေမဲ့ ဒီလုပ်ရပ်ဟာ မှားယွင်းတဲ့ ဆုံး ဖြတ်ချက်တစ်ခုသာဖြစ်ပြီး ကျက်သရေတုံးနေတဲ့ ဖီဖာကိုပါ
ဆန့်ကျင်ပြရ တော့မှာ ဖြစ်တယ်လို့ ရွိုင်ကိန်းက ITV နဲ့ အားကစားသတင်း အစီအစဉ် မှာ ပြောဆိုခဲ့ပါတယ်။





‘’အဲဒါက တကယ့်ကို ကြွေးကြော်မှုတစ်ရပ် ဖြစ်လာမှာဗျ။ အဝါကတ်ပြတာကို ခံလိုက်။ ပြီးရင် ဆေးသောက်ပြီး ခရီးဆက်ရမှာ။ ပွဲပယ်တာ မခံချင်ရင် ဒုတိယပွဲကျမှ အဲဒါကို မဝတ်တော့နဲ့ပေါ့။
အင်္ဂလန်နဲ့ ဝေးလ် တို့ဟာ ကိုယ်ယုံကြည်ရာကို ကိုယ်ဆက်လုပ်ရမှာဖြစ်ပြီး အဲဒီအတိုင်း ဆက် သွားရမှာ’’ လို့ ရွိုင်ကိန်းက ပြောဆိုခဲ့ပါတယ်။ ဖီဖာရဲ့ အခုလိုမျိုး ခြိမ်းခြောက်မှုကြောင့်





ဥရောပတစ်ဝန်းမှာ ရှိနေတဲ့ LGBTQ+ အခွင့်အရေး လှုပ်ရှားသူ တွေနဲ့ တက်ကြွအဖွဲ့အစည်းအတော်များများကတော့ ဖီဖာကို ဝိုင်းဝန်း အပြစ် တင်နေကြပြီဖြစ်ပါတယ်။
(Zawgyi)





က်က္သေရတုံးေနတဲ့ ဖီဖာကို မင္းတို႔ ပုန္ကန္ရမွာကြလို႔ ေျပာလိုက္တဲ့ ႐ြိဳင္ကိန္း
ကမာၻ႔ဖလား အုပ္စု (B) ရဲ႕ အဖြင့္ပြဲစဥ္ေတြမွာ OneLove အသင္းေခါင္း ေဆာင္လက္ပတ္ကို ဝတ္မယ္လို႔ ေႂကြးေၾကာ္ခဲ့ၿပီးမွ ေျခတစ္လွမ္း ေနာက္ ဆုတ္ေပးခဲ့တဲ့ ဟယ္ရီကိန္းနဲ႔
ဂါရတ္ေဘးလ္တို႔ဟာ အမွားလုပ္လိုက္တာပဲ လို႔ မန္ယူ ဂႏၴဝင္ ကစားသမားေဟာင္း ႐ြိဳင္ကိန္းက မွတ္ခ်က္ျပဳခဲ့ပါတယ္။ ဟယ္ရီကိန္း၊ ဂါရတ္ေဘးလ္အပါအဝင္ ႏိုင္ငံလက္ေ႐ြးစင္ အသင္းေခါင္း ေဆာင္ ၉ ေယာက္ဟာ





LGBTQ+ အခြင့္အေရးကို ေထာက္ခံတဲ့ OneLove လက္ပတ္ကို ဝတ္ဆင္ဖို႔အတြက္ စိတ္ပိုင္းျဖတ္ထားၾကပါတယ္။ ဒါေပမဲ့ အုပ္ စုအဖြင့္ပြဲစဥ္ေတြမတိုင္ခင္ ၃ နာရီ အလိုမွာ ကစားသမားေတြအေနနဲ႔
အဲဒီ လက္ပတ္ကို ဝတ္ခဲ့မယ္ဆိုရင္ ပြဲမစခင္ကတည္းက အဝါကတ္ အျပခံရမွာ ျဖစ္သလို ေနာက္တစ္ပြဲမွာ အဲဒီလို ထပ္ၿပီး ဝတ္ခဲ့မယ္ဆိုရင္လည္း အဝါကတ္ အျပခံရမွာျဖစ္ၿပီး အုပ္စု ေနာက္ဆုံးပြဲစဥ္ကို အလိုအေလ်ာက္ ပြဲပယ္ခံရမွာ





ျဖစ္တယ္လို႔ ဖီဖာက ေၾကညာခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့ပါတယ္။ ဒါေၾကာင့္ ဟယ္ရီကိန္းနဲ႔ ဂါရတ္ေဘးလ္တို႔ဟာ သူတို႔ရဲ႕ အုပ္စုအဖြင့္ပြဲစဥ္ေတြမွာ OneLove လက္ပတ္ ဝတ္ဆင္မယ့္ ရည္႐ြယ္ခ်က္ကို
လက္မႈိင္ခ်ခဲ့ရၿပီး စည္း မ်ဥ္းအတိုင္း ခရီးဆက္ခဲ့ၾကရတာပါ။ ဒါေပမဲ့ ဒီလုပ္ရပ္ဟာ မွားယြင္းတဲ့ ဆုံး ျဖတ္ခ်က္တစ္ခုသာျဖစ္ၿပီး က်က္သေရတုံးေနတဲ့ ဖီဖာကိုပါ ဆန႔္က်င္ျပရ ေတာ့မွာ ျဖစ္တယ္လို႔ ႐ြိဳင္ကိန္းက
ITV နဲ႔ အားကစားသတင္း အစီအစဥ္ မွာ ေျပာဆိုခဲ့ပါတယ္။ ‘’အဲဒါက တကယ့္ကို ေႂကြးေၾကာ္မႈတစ္ရပ္ ျဖစ္လာမွာဗ်။ အဝါကတ္ျပတာကို ခံလိုက္။ ၿပီးရင္ ေဆးေသာက္ၿပီး ခရီးဆက္ရမွာ။





ပြဲပယ္ တာ မခံခ်င္ရင္ ဒုတိယပြဲက်မွ အဲဒါကို မဝတ္ေတာ့နဲ႔ေပါ့။ အဂၤလန္နဲ႔ ေဝးလ္ တို႔ဟာ ကိုယ္ယုံၾကည္ရာကို ကိုယ္ဆက္လုပ္ရမွာျဖစ္ၿပီး အဲဒီအတိုင္း ဆက္ သြားရမွာ’’ လို႔ ႐ြိဳင္ကိန္းက ေျပာဆိုခဲ့ပါတယ္။
ဖီဖာရဲ႕ အခုလိုမ်ိဳး ၿခိမ္းေျခာက္ မႈေၾကာင့္ ဥေရာပတစ္ဝန္းမွာ ရွိေနတဲ့ LGBTQ+ အခြင့္အေရး လႈပ္ရွားသူ ေတြနဲ႔ တက္ႂကြအဖြဲ႕အစည္းအေတာ္မ်ားမ်ားကေတာ့ ဖီဖာကို





ဝိုင္းဝန္း အျပစ္ တင္ေနၾကၿပီျဖစ္ပါတယ္။