
အဲဗာတန်ဟာ လက်ရှိအချိန်မှာ တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး
လက်ကျန်ပွဲတွေမှာ အမှားအယွင်းတွေ ဆက်လက်ပြုလုပ်နေလို့မရပါဘူး။
နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း
အဲဗာတန်တို့ စပါးကို ငါးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး တန်းဆင်းဇုန်ရဲ့
အဆင့် (၁၈) နေရာက ဘန်လေနဲ့ တစ်မှတ်သာ ကွာဟပါတော့တယ်။
ဒီလိုအချိန်မျိုးမှာပဲ အဲဗာတန်အတွက် သတင်းဆိုးတစ်ခု ထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်။
အဲဗာတန်အသင်းဟာ အမြတ်အစွန်းနှင့် ရေရည်တည်တံ့ခိုင်မြဲရေး
စည်းမျဉ်းများကို ချိုးဖောက်နေတာကြောင့် ပရီးမီးယားလိဂ်တွင် ရမှတ်များ
ဖြတ်တောက်ခံရမယ့် အရေးနဲ့ရင်ဆိုင်လာရကြောင်း သိရပါတယ်။
အကြောင်းအရင်းကတော့ ၃နှစ်ကာလအတွင်း သတ်မှတ်ပမာဏ
ပေါင်၁၅၅သန်းထက် ကျော်လွန်ကာ ၂၀၁၇ကနေ ၂၀၂၀အတွင်း
ငွေဆုံးရှုံးမှု ပေါင်သန်း၂၆၀ကျော်ခဲ့လို့ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့သတ်မှတ်ချက်အရ ကလပ်အသင်းတွေဟာ (၃) နှစ်အတွင်း
အများဆုံး ပေါင် (၁၀၅) သန်းသာ အရှုံးပေါ်ခွင့်ရှိပါတယ်။
အဲဗာတန်သာ ဒီကိစ္စနဲ့ အမှတ်လျှော့ခံရမယ်ဆိုရင် ဒီစည်းမျဉ်းအောက်ကနေ
အမှတ်လျှော့ခံရတဲ့ ပထမဆုံးအသင်းဖြစ်လာပါလိမ့်မယ်။
ဒါ့အပြင် (၂၀၀၉-၁၀) ဘောလုံးရာသီက စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စတွေကြောင့်
အမှတ်လျှော့ခံရတဲ့ ပို့စ်မောက်နောက်ပိုင်း
ပထမဆုံး အမှတ်လျှော့ခံရတဲ့ အသင်းဖြစ်လာမှာပါ။
အဲဗာတန်ရဲ့ လက်ရှိပိုင်ရှင် ရုရှားသူဌေး အယ်လစ်ရှာအူစမာနော့ဗ်ကလည်း
ဗြိတိန်မှာ အရေးယူပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရဖို့ရှိ နေပါတယ်။
အဲဗာတန်ကတော့ ကံဆိုးမှုကတ်တွေ အထပ်လိုက်ရထားတာပါ။
zawgyi
ကံဆိုးမႈကတ္ေတြ အထပ္လိုက္ရထားတဲ့ အဲဗာတန္
အဲဗာတန္ဟာ လက္ရွိအခ်ိန္မွာ တန္းဆင္းဇုန္အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရၿပီး
လက္က်န္ပြဲေတြမွာ အမွားအယြင္းေတြ ဆက္လက္ျပဳလုပ္ေနလို႔မရပါဘူး။
ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာလည္း
အဲဗာတန္တို႔ စပါးကို ငါးဂိုးျပတ္နဲ႔ အေရးနိမ့္ခဲ့ၿပီး တန္းဆင္းဇုန္ရဲ႕
အဆင့္ (၁၈) ေနရာက ဘန္ေလနဲ႔ တစ္မွတ္သာ ကြာဟပါေတာ့တယ္။
ဒီလိုအခ်ိန္မ်ိဳးမွာပဲ အဲဗာတန္အတြက္ သတင္းဆိုးတစ္ခု ထပ္မံထြက္ေပၚလာခဲ့ျပန္ပါတယ္။
အဲဗာတန္အသင္းဟာ အျမတ္အစြန္းႏွင့္ ေရရည္တည္တံ့ခိုင္ၿမဲေရး
စည္းမ်ဥ္းမ်ားကို ခ်ိဳးေဖာက္ေနတာေၾကာင့္ ပရီးမီးယားလိဂ္တြင္ ရမွတ္မ်ား
ျဖတ္ေတာက္ခံရမယ့္ အေရးနဲ႔ရင္ဆိုင္လာရေၾကာင္း သိရပါတယ္။
အေၾကာင္းအရင္းကေတာ့ ၃ႏွစ္ကာလအတြင္း သတ္မွတ္ပမာဏ
ေပါင္၁၅၅သန္းထက္ ေက်ာ္လြန္ကာ ၂၀၁၇ကေန ၂၀၂၀အတြင္း
ေငြဆုံးရႈံးမႈ ေပါင္သန္း၂၆၀ေက်ာ္ခဲ့လို႔ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ရဲ႕သတ္မွတ္ခ်က္အရ ကလပ္အသင္းေတြဟာ (၃) ႏွစ္အတြင္း
အမ်ားဆုံး ေပါင္ (၁၀၅) သန္းသာ အရႈံးေပၚခြင့္ရွိပါတယ္။
အဲဗာတန္သာ ဒီကိစၥနဲ႔ အမွတ္ေလွ်ာ့ခံရမယ္ဆိုရင္ ဒီစည္းမ်ဥ္းေအာက္ကေန
အမွတ္ေလွ်ာ့ခံရတဲ့ ပထမဆုံးအသင္းျဖစ္လာပါလိမ့္မယ္။
ဒါ့အျပင္ (၂၀၀၉-၁၀) ေဘာလုံးရာသီက စီမံခန႔္ခြဲမႈဆိုင္ရာ ကိစၥေတြေၾကာင့္
အမွတ္ေလွ်ာ့ခံရတဲ့ ပို႔စ္ေမာက္ေနာက္ပိုင္း
ပထမဆုံး အမွတ္ေလွ်ာ့ခံရတဲ့ အသင္းျဖစ္လာမွာပါ။
အဲဗာတန္ရဲ႕ လက္ရွိပိုင္ရွင္ ႐ုရွားသူေဌး အယ္လစ္ရွာအူစမာေနာ့ဗ္ကလည္း
ၿဗိတိန္မွာ အေရးယူပိတ္ဆို႔မႈေတြနဲ႔ ရင္ဆိုင္ရဖို႔ရွိ ေနပါတယ္။
အဲဗာတန္ကေတာ့ ကံဆိုးမႈကတ္ေတြ အထပ္လိုက္ရထားတာပါ။