ကံကောင်းလွန်းလို့ မက်တိုမီနေး အနီကတ်ပြသမခံခဲ့ရတဖြစ်ကြောင်း ပရိသတ်တွေ ယူဆနေ

ယူနိုက်တက်ကွင်းလယ်လူ မက်တိုမီနေးဟာ ယမန်နေ့ညက

လက်စတာနဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ကွင်းလယ်လူ
မက်ဒီဆင်ကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့ပေမယ့် အနီကတ်ပြသ
မခံခဲ့ရခြင်းမှာ ကံကောင်းလွန်းလို့ဖြစ်ကြောင်း ပရိသတ်တွေက ယူဆနေကြပါတယ်။
စကော့တလန်လက်ရွေးစင် မက်တိုမီနေးဟာ
ဒုတိယပိုင်းပြန်စအပြီး သိပ်မကြာခင် နောဝစ်ချ်ကွင်းလယ်လူဟောင်းကို

ဆိုးဆိုးရွားရွား ဖျက်ထုတ်ခဲ့တာဖြစ်ပြီး
မက်ဒီဆင်လည်း လေပေါ်ဝဲတက်သွားပါတယ်။
ဒါပေမဲ့ ကွင်းလယ်ဒိုင် အန်ဒရီမာရီနာကတော့
မက်တိုမီနေးကို အဝါကတ်ပဲ ပြသခဲ့ပြီး VAR ကလည်း
ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို ထပ်မတိုးဘဲ ဒီအတိုင်းသတ်မှတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ပရိသတ်တွေကတော့ မက်တိုမီနေး
ကွင်းထဲမှာ ဆက်ကစားခွင့်ရမှုအပေါ် အတော်လေးအံ့အားသင့်နေပြီး
လူမှုမီဒီယာမှာ အသီးသီးရေသားခဲ့ကြပါတယ်။
”ဘောလုံးအားကစားနည်းကို သိတဲ့လူတိုင်း
မက်တိုမီနေး အနီကတ်ပြသခံရသင့်မှန်းသိပါတယ်။

အခုတော့ အားလုံးကို ရှော့ခ်ဖြစ်စေခဲ့ပါတယ်”
”တကယ်လို့ မက်တိုမီနေးသာ
အာဆင်နယ်အသင်းသားဖြစ်နေရင်
အနီကတ်ပြခံရမှာသေချာတယ်။
ဘာမှတောင်တွေး မြောက်တွေး တွေးမနေနဲ့တော့”လို့

ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်အပြီး ၅ မိနစ်အကြာမှာပဲ မက်တိုမီနေးဟာ
တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ လူစားလဲခံခဲ့ရပါတယ်။

Zawgyi


ဒုတိယပိုင်းပြန်စအပြီး သိပ်မကြာခင် နောဝစ်ခ်ျကွင်းလယ်လူဟောင်းကို



