
လိဒ်ယူနိုက်တက်နဲ့ တစ်ဖက်၃ဂိုးစီသရေကျခဲ့တဲ့ ဗီလာပတ်ခ်ကပွဲမှာ
အကောင်းဆုံးကစားပေးခဲ့တဲ့ ကော်တင်ဟိုကို ဂျာရတ်က
ရေလည်ချီးကျူးထားပါတယ်။
ကော်တင်ဟိုက အဲဒီပွဲမှာ ဒဏ်ရာပြဿနာနည်းနည်းရှိခဲ့ပါတယ်။
ပွဲအပြီးမှာ စတီဗင်ဂျာရတ်က အနိုင်ပြတ်သားပြီးမှပြန်လည်ပေးလိုက်ရတဲ့
ဂိုးတွေအတွက်မကျေမနပ်ဖြစ်ခဲ့ရပေမဲ့ ပွဲပြီးခါနီး တစ်ယောက်လျော့နဲ့
သရေတစ်မှတ်ရခဲ့တဲ့သူ့ရဲ့အသင်းကစားခဲ့တဲ့ ဖျော်ဖြေမှုပေးနိုင်ခဲ့တဲ့
ခြေစွမ်းအတွက် ကျေနပ်ကြောင်းနဲ့ ဒီလိုမျိုးအဖြစ်အပျက်တွေကြောင့်ပဲ
ပရီးမီးယားလိဂ်ကိုဘောလုံးပရိသတ်တွေနှစ်သက်နေကြတာဖြစ်ကြောင်း
ပြောကြားသွားခဲ့ပါတယ်။
“ကော်တင်ဟိုက ပင်ပန်းနွမ်းနယ်မှုအနည်းငယ်ဖြစ်ခဲ့တာသာဖြစ်ပါတယ်။
သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအခြေအနေအတွက် အလုပ်လုပ်နေရဆဲဖြစ်ပါတယ်။
ဒါက ပြဿနာလုံးဝမဟုတ်ဘူးဆိုတာက ကျွန်တော်သေချာပေါက်ပြောနိုင်ပါတယ်။
ရက်အနည်းငယ်လောက်အနားယူပြီးသွားရင် သူက နောက်တစ်ပတ်အတွက်
ပြန်အိုကေသွားမှာသေချာပါတယ်။”
“တစ်နိုင်ငံလုံးက သူ့ရဲ့အစွမ်းကိုစောင့်ကြည့်နေကြတာဖြစ်ပါတယ်။
ခင်ဗျားအနေနဲ့ ဖိလစ်ပီကော်တင်ဟိုကစားတာကိုစောင့်ကြည့်ရတာ
မကြိုက်နှစ်သက်ဖူးဆိုရင်တော့ ခင်ဗျား ဘောလုံးပွဲကြည့်တာတွေကို
ရပ်တန့်ပစ်လိုက်သင့်ပါတယ်။” “ဘာလို့လဲဆိုတော့အဲ ဒီစွမ်းဆောင်ရည်တွေက
လှပလွန်းခဲ့တာ အတိအကျဖြစ်နေတာမို့ပါ” လို့ ဂျာရတ်က ချီးကျူးသွားခဲ့ပါတယ်။
Zawgyi
ေကာ္တင္ဟိုကို အလြန္အက်ဴးခ်ီးက်ဴးေနတဲ့ ဂ်ာရတ္
လိဒ္ယူႏိုက္တက္နဲ႔ တစ္ဖက္၃ဂိုးစီသေရက်ခဲ့တဲ့ ဗီလာပတ္ခ္ကပြဲမွာ
အေကာင္းဆုံးကစားေပးခဲ့တဲ့ ေကာ္တင္ဟိုကို ဂ်ာရတ္က
ေရလည္ခ်ီးက်ဴးထားပါတယ္။
ေကာ္တင္ဟိုက အဲဒီပြဲမွာ ဒဏ္ရာျပႆနာနည္းနည္းရွိခဲ့ပါတယ္။
ပြဲအၿပီးမွာ စတီဗင္ဂ်ာရတ္က အႏိုင္ျပတ္သားၿပီးမွျပန္လည္ေပးလိုက္ရတဲ့
ဂိုးေတြအတြက္မေက်မနပ္ျဖစ္ခဲ့ရေပမဲ့ ပြဲၿပီးခါနီး တစ္ေယာက္ေလ်ာ့နဲ႔
သေရတစ္မွတ္ရခဲ့တဲ့သူ႔ရဲ႕အသင္းကစားခဲ့တဲ့ ေဖ်ာ္ေျဖမႈေပးႏိုင္ခဲ့တဲ့
ေျခစြမ္းအတြက္ ေက်နပ္ေၾကာင္းနဲ႔ ဒီလိုမ်ိဳးအျဖစ္အပ်က္ေတြေၾကာင့္ပဲ
ပရီးမီးယားလိဂ္ကိုေဘာလုံးပရိသတ္ေတြႏွစ္သက္ေနၾကတာျဖစ္ေၾကာင္း
ေျပာၾကားသြားခဲ့ပါတယ္။
“ေကာ္တင္ဟိုက ပင္ပန္းႏြမ္းနယ္မႈအနည္းငယ္ျဖစ္ခဲ့တာသာျဖစ္ပါတယ္။
သူ႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈအေျခအေနအတြက္ အလုပ္လုပ္ေနရဆဲျဖစ္ပါတယ္။
ဒါက ျပႆနာလုံးဝမဟုတ္ဘူးဆိုတာက ကြၽန္ေတာ္ေသခ်ာေပါက္ေျပာႏိုင္ပါတယ္။
ရက္အနည္းငယ္ေလာက္အနားယူၿပီးသြားရင္ သူက ေနာက္တစ္ပတ္အတြက္
ျပန္အိုေကသြားမွာေသခ်ာပါတယ္။”
“တစ္ႏိုင္ငံလုံးက သူ႔ရဲ႕အစြမ္းကိုေစာင့္ၾကည့္ေနၾကတာျဖစ္ပါတယ္။
ခင္ဗ်ားအေနနဲ႔ ဖိလစ္ပီေကာ္တင္ဟိုကစားတာကိုေစာင့္ၾကည့္ရတာ
မႀကိဳက္ႏွစ္သက္ဖူးဆိုရင္ေတာ့ ခင္ဗ်ား ေဘာလုံးပြဲၾကည့္တာေတြကို
ရပ္တန႔္ပစ္လိုက္သင့္ပါတယ္။” “ဘာလို႔လဲဆိုေတာ့အဲ ဒီစြမ္းေဆာင္ရည္ေတြက
လွပလြန္းခဲ့တာ အတိအက်ျဖစ္ေနတာမို႔ပါ” လို႔ ဂ်ာရတ္က ခ်ီးက်ဴးသြားခဲ့ပါတယ္။