ကော်တင်ညိုရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ အရိပ်အမြွက်ဖွင့်ဟလာတဲ့ ဂျရတ်

အက်စတွန်ဗီလာအသင်းနည်းပြ ဂျရတ်က ဘာစီလိုနာကနေ

အငှားနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်တိုက်စစ်သမား
ကော်တင်ညိုရဲ့အနာဂတ်နဲ့ပတ်သက်လို့ အရိပ်အမြွက်
ဖွင့်ဟလာပြီး အဖြေကို ပရိသတ်ကြီးလည်း
သိနှင့်ပြီးဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီမှာ

ကော်တင်ညိုကို အမြဲတမ်းစာချုပ်နဲ့ ရောင်းချဖို့
ပြင်ဆင်နေပြီး ဗီလာအနေနဲ့ ကော်တင်ညိုကို
ယူရိုသန်း ၄၀နဲ့ အပြီးသတ်ခေါ်ယူခွင့်လည်းရရှိထားပါတယ်။

ဒါပေမဲ့ တစ်ပတ်လုပ်ခ ပေါင် ၄၈၀၀၀၀ အထိရှိတဲ့
ကော်တင်ညိုရဲ့မြင့်မားတဲ့လုပ်ခလစာနဲ့ ပြောင်းရွှေ့ကြေးတွေကြောင့်
သူ့ကိုခေါ်ယူမယ့်အသင်းအတွက် စဉ်းစားစရာဖြစ်နေပါတယ်။
ကော်တင်ညိုဟာ ဗီလာကို ရောက်လာပြီးချိန်ကတည်းက
အသင်းအတွက် ၄ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ကြိမ်

ပြုလုပ်ပေးထားပြီး ယမန်နေ့ညက လိဒ်စ်ယူနိုက်တက်ကို
ဝ-၃ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း အသင်းအတွက်
ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
”ကော်တင်ညိုက စောင့်ကြည့်ရင်း
အပျော်တွေကူးစက်စေတဲ့ကစားသမားပါ။

သူ့ကို အသင်းမှာ ကျွန်တော်တို့ ဆက်ရှိစေချင်ပါတယ်။


စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၄၀လား…
ဒီကိစ္စက လူတွေ ထင်ထားတာထက် ပိုရှုပ်ပါတယ်။

ရွေးချယ်စရာတွေကတော့ အများကြီးရှိပါတယ်။
တကယ်လို့ အဲဒီပိုက်ဆံက ကျွန်တော့်အပိုင်ဆိုရင်
ဘယ်လိုလုပ်မလဲဆိုတာ ပရိသတ်ကြီးလည်း
စဉ်းစားမိမှာပါ”လို့ ဂျရတ်က ပြောပါတယ်။