ကော်တင်ညိုကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ဂျရတ် မျှော်လင့်နေ

အက်စတွန်ဗီလာအသင်းနည်းပြ ဂျရတ်ဟာ

ဘာစီလိုနာကနေ အငှားနဲ့ ရောက်လာပြီးချိန်ကတည်းက
အထူးခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ
ကော်တင်ညိုကို အမြဲတမ်းစာချုပ်နဲ့
ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
ကော်တင်ညိုဟာ ဇန်နဝါရီလက လီဗာပူးအသင်းဖော်ဟောင်း

ဂျရတ်ရှိရာ ဗီလာကို ၆ လအငှားစာချုပ်နဲ့
ရောက်လာပြီးနောက် ဗီလာအတွက် ၇ပွဲမှာ
၃ဂိုးသွင်း၊ ၃ဂိုးဖန်တီးထားပါတယ်။

ကြာသပတေးနေ့မှာ လိဒ်စ်ယူနိုက်တက်နဲ့ကစားရမယ့်
ဗီလာအနေနဲ့ ၂၀၁၁ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်
ထိပ်ဆုံး ၁၀သင်းစာရင်းထဲ ရပ်တည်နိုင်ဖို့
ရည်မှန်းထားပေမယ့် ဂျရတ်နဲ့
အသင်းပိုင်ရှင်တွေရဲ့ရည်မှန်းချက်ကတော့

ဒီထက်ပိုမြင့်မားပါတယ်။
ဂျရတ်ဟာ ဇွန်လမှာ အသက် ၃၀ ပြည့်တော့မယ့်
ကော်တင်ညိုကို ခေါ်ယူဖို့ တိုက်ရိုက်တောင်းဆိုတာမျိုး
မရှိသေးပေမယ့် သူ့ရဲ့အမြင်ကိုတော့
ရှင်းလင်းစွာ အသိပေးထားပါတယ်။

”ကော်တင်ညိုက ဘာစီလိုနာမှာ
အောင်မြင်မှုရခဲ့ပေမယ့် ခက်ခဲတဲ့ကာလနဲ့
ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့အသင်းက
သူ့လို ကစားသမားမျိုး လိုအပ်နေချိန်
သူကလည်း အပြောင်းအလဲလုပ်ဖို့

လိုအပ်နေချိန်နဲ့ တိုက်ဆိုင်သွားတာပါ။


ကော်တင်ညိုကြောင့်လည်း အသင်းဖော်တွေ
ယုံကြည်မှု ပိုမိုမြင့်တက်လာပါတယ်။

တိုက်စစ်မှူးတွေဖြစ်တဲ့ ဝက်ကင်းစ်နဲ့
ဒန်နီအင့်စ်တို့ဆိုရင် ကော်တင်ညိုနဲ့
တွဲကစားချင်နေပါတယ်။ ဒါကလည်း ကော်တင်ညိုက
ပွဲကြီးတိုးတဲ့ကစားသမားမို့လု့ိပါ။
ကျွန်တော့်အနေနဲ့ အသင်းရဲ့အပြောင်းအရွှေ့ကိစ္စတွေမှာ

ပြောင်းရွှေ့ကြေးနဲ့ လစာတွေကို ထိန်းချုပ်ကိုင်တွယ်တာမျိုး မရှိပါဘူး။
ကျွန်တော်လုပ်နိုင်တာကတော့ ကိုယ့်ရဲ့အမြင်တွေကို
အသင်းတာဝန်ရှိသူတွေဆီ ပေးရတာပါပဲ”လို့
ဂျရတ်က ပြောပါတယ်။
ကော်တင်ညိုက ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့

တစ်နှစ်ကျော်ကျန်နေသေးပြီး ရာသီသစ်မှာ
သူ့ကို နောက်ထပ်တစ်ရာသီအကြာအငှားနဲ့
ထပ်မံခေါ်ယူဖို့ ဖြစ်နိုင်ခြေရှိပေမယ့် ဘာစီလိုနာဘက်က
သူ့ရဲ့လုပ်ခလစာကို လျှော့ချကာ အလွတ်ပြောင်းရွှေ့ကြေးနဲ့
အဆုံးရှုံးခံနိုင်မှသာ ဖြစ်နီုင်ခြေရှိပါတယ်။

ဘရာဇီးလက်ရွေးစင် ကော်တင်ညိုဟာ
တစ်ပတ်လုပ်ခလစာ ပေါင် ၂၅၀၀၀၀
ရရှိနေပြီး သူ့ရဲ့အပြောင်းအရွှေ့က
စုစုပေါင်း ပေါင် ၃၃သန်းဝန်းကျင် ကုန်ကျနိုင်ပါတယ်။