ကော်တင်ညိုကို ဘောနပ်စ် ပေါင် ၁သန်းအထိ ပေးပြီး ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ နယူးကာဆယ်

သတင်းတွေရဲ့ဖော်ပြချက်အရ နယူးကာဆယ်အသင်းဟာ

လာမယ့်နွေရာသီအတွင်း ကွင်းလယ်လူ ကော်တင်ညိုကို
ခေါ်ယူနိုင်ရေးအတွက် ဘောနပ်စ် ပေါင် ၁သန်းအထိ
ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
SPORT သတင်းစာရဲ့ဖော်ပြချက်အရ နယူးကာဆယ်ဟာ
ဘာစီလိုနာကနေ ကော်တင်ညိုကို ခေါ်ယူနိုင်ရေးအတွက်

ကြားခံအဆက်အသွယ်ကနေတစ်ဆင့် ဆွေးနွေးနေပြီဖြစ်ကာ
သူတို့သာ ခေါ်ယူနိုင်ခဲ့ရင် မြင့်မားတဲ့အပိုဆုကြေးပေးဖို့အတွက်ပါ
ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
ကော်တင်ညိုဟာ ဇန်နဝါရီလက ဘာစီလိုနာကနေ
ဗီလာကို ၆ လအငှားစာချုပ်နဲ့ ရောက်လာကတည်းက

ပရီးမီးယားလိဂ်မှာ အရင်လိုပြန်လည်ခြေစွမ်းပြနေပြီး
ဗီလာအတွက် ၁၀ပွဲကစားပေးထားရာမှာ
၄ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ပေးထားပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ ဘာစီလိုနာက
ကော်တင်ညိုကို ဗီလာထံ အပြီးသတ်ရောင်းချဖို့

ပြင်ဆင်နေပြီး ပေါင် ၃၃.၅သန်းနဲ့ ဗီလာက
အပြီးသတ်ခေါ်ယူခွင့်ရထားပေမယ့် နယူးကာဆယ်အသင်းရဲ့
စိတ်ဝင်စားမှုကြောင့် ဗီလာကို ကော်တင်ညို
အပြီးသတ်ပြောင်းရွှေ့ရေးကလည်း ရှုပ်ထွေးလာနိုင်ပါတယ်။
ဘဏ္ဍာရေးလိုအပ်ချက် ပြင်းထန်နေတဲ့ ဘာစီလိုနာအသင်းက

ဗီလာအသင်းဆီကနေ ပေါင် ၃၃.၅သန်းထက် ပိုနည်းတဲ့
ဘယ်လိုကမ်းလှမ်းမှုကိုမဆို လက်သင့်ခံမှာမဟုတ်ဘဲ
အာဆင်နယ်ကလည်း ကော်တင်ညိုကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
နယူးကာဆယ်ဟာ ဇန်နဝါရီလက တန်းမဆင်းရရေး
အားကုန်ရုန်းခဲ့ရပေမယ့် ဆောင်းဈေးကွေက်အတွင်း

ဒန်ဘန်း၊ ထရစ်ပီယာ၊ ခရစ္စဝုဒ်၊ တားဂတ်နဲ့ ဂူမာရေးစ်တို့ကို
ခေါ်ယူအားဖြည့်ခဲ့ပြီးနောက် ရလဒ်တွေ တောက်လျှောက်
ကောင်းမွန်ခဲ့ပြီး ယခုအခါ အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။

Zawgyi

ေကာ္တင္ညိဳကို ေဘာနပ္စ္ ေပါင္ ၁သန္းအထိ ေပးၿပီး ေခၚယူဖို႔ ျပင္ဆင္ေနတဲ့ နယူးကာဆယ္
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ နယူးကာဆယ္အသင္းဟာ
လာမယ့္ေႏြရာသီအတြင္း ကြင္းလယ္လူ ေကာ္တင္ညိဳကို
ေခၚယူႏိုင္ေရးအတြက္ ေဘာနပ္စ္ ေပါင္ ၁သန္းအထိ

ေပးဖို႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။
SPORT သတင္းစာရဲ႕ေဖာ္ျပခ်က္အရ နယူးကာဆယ္ဟာ
ဘာစီလိုနာကေန ေကာ္တင္ညိဳကို ေခၚယူႏုိင္ေရးအတြက္
ၾကားခံအဆက္အသြယ္ကေနတစ္ဆင့္ ေဆြးေႏြးေနၿပီျဖစ္ကာ
သူတုိ႔သာ ေခၚယူႏိုင္ခဲ့ရင္ ျမင့္မားတဲ့အပိုဆုေၾကးေပးဖို႔အတြက္ပါ

ကမ္းလွမ္းထားတယ္လုိ႔ သိရပါတယ္။
ေကာ္တင္ညိဳဟာ ဇန္န၀ါရီလက ဘာစီလုိနာကေန
ဗီလာကို ၆ လအငွားစာခ်ဳပ္နဲ႔ ေရာက္လာကတည္းက
ပရီးမီးယားလိဂ္မွာ အရင္လုိျပန္လည္ေျခစြမ္းျပေနၿပီး
ဗီလာအတြက္ ၁၀ပြဲကစားေပးထားရာမွာ

၄ဂိုးသြင္းကာ ဂိုးဖန္တီးမႈ ၃ႀကိမ္ ျပဳလုပ္ေပးထားပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဘာစီလုိနာက
ေကာ္တင္ညိဳကို ဗီလာထံ အၿပီးသတ္ေရာင္းခ်ဖို႔
ျပင္ဆင္ေနၿပီး ေပါင္ ၃၃.၅သန္းနဲ႔ ဗီလာက
အၿပီးသတ္ေခၚယူခြင့္ရထားေပမယ့္ နယူးကာဆယ္အသင္းရဲ႕

စိတ္၀င္စားမႈေၾကာင့္ ဗီလာကို ေကာ္တင္ညိဳ
အၿပီးသတ္ေျပာင္းေရႊ႕ေရးကလည္း ရႈပ္ေထြးလာႏိုင္ပါတယ္။
ဘ႑ာေရးလုိအပ္ခ်က္ ျပင္းထန္ေနတဲ့ ဘာစီလုိနာအသင္းက
ဗီလာအသင္းဆီကေန ေပါင္ ၃၃.၅သန္းထက္ ပိုနည္းတဲ့
ဘယ္လုိကမ္းလွမ္းမႈကိုမဆုိ လက္သင့္ခံမွာမဟုတ္ဘဲ

အာဆင္နယ္ကလည္း ေကာ္တင္ညိဳကို ေခၚယူဖုိ႔ ေစာင့္ၾကည့္ေနပါတယ္။
နယူးကာဆယ္ဟာ ဇန္န၀ါရီလက တန္းမဆင္းရေရး
အားကုန္ရုန္းခဲ့ရေပမယ့္ ေဆာင္းေစ်းေကြက္အတြင္း
ဒန္ဘန္း၊ ထရစ္ပီယာ၊ ခရစၥ၀ုဒ္၊ တားဂတ္နဲ႔ ဂူမာေရးစ္တို႔ကို
ေခၚယူအားျဖည့္ခဲ့ၿပီးေနာက္ ရလဒ္ေတြ ေတာက္ေလွ်ာက္

ေကာင္းမြန္ခဲ့ၿပီး ယခုအခါ အဆင့္ ၁၄ ေနရာမွာ ရပ္တည္ေနပါတယ္။