ကောင်းကင်ဘုံကမာရာဒိုနာနဲ့ထပ်တူကျဖို့အတွက် ဗိုလ်လုပွဲကံကြမ္မာကိုနောက်တစ်ကြိမ်စမ်းသပ်ခွင့်ရသွားတဲ့ မက်ဆီ

ခရိုအေးရှားကို ၃ဂိုးပြတ်အနိုင်ယူပြီးတဲ့နောက် အာဂျင်တီးနားအသင်း

ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သလို မက်ဆီအနေနဲ့လည်း ကမ္ဘာ့ဖလားကံကြမ္မာကို

စမ်းစစ်ခွင့်ရသွားခဲ့ပြီး ကောင်းကင်ဘုံက မာရာဒိုနာကြီးနဲ့ထပ်တူ

အသိအမှတ်ပြုခံရနိုင်တဲ့ အခွင့်အရေးရှိလာခဲ့ပြီဖြစ်တယ်။

မာရာဒိုနာဟာ လွန်ခဲ့တဲ့ ၃၆ နှစ်က အာဂျင်တီးနားအသင်းကို

သမိုင်းတစ်လျှောက် ဒုတိယအကြိမ်ကမ္ဘာ့ချန်ပီယံဖြစ်အောင်

လမ်းပြခေါ်ဆောင်နိုင်ခဲ့ပြီး ကစားသမားဘဝအထွတ်အထိပ်ကို

ရောက်ရှိခဲ့ပါတယ်။ ၂၀၁၄ မှာ မက်ဆီက ဒီအခွင့်အရေးကို

ပိုင်ဆိုင်ဖို့အလွန်နီးစပ်ခဲ့ပေမဲ့ ဗိုလ်လုပွဲမှာ ဂျာမနီရှုံးပြီးမျှော်လင့်ချက်တွေ

ပျက်စီးခဲ့ရသလို အသက် ၃၅နှစ် အရောက်မှာ ဗိုလ်လုပွဲကံကြမ္မာကို

နောက်တစ်ကြိမ်စမ်းစစ်ခွင့်ရခဲ့ပြန်ပြီဖြစ်တယ်။ ဆယ်ကျော်သက်အရွယ်မှာ

ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ပွဲထွက်ခွင့်ရတဲ့ မက်ဆီဟာ ကာတာကမ္ဘာ့ဖလား

မတိုင်ခင်အထိရှုံးထွက်အဆင့်မှာဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ၂၀၂၂ မှာတော့

ဒီမှတ်တမ်းဆိုးကိုချေဖျက်နိုင်ခဲ့ပြီး ရှုံးထွက်ပွဲစဉ် ၃ပွဲဆက်အထိ

ဂိုးသွင်းလာနိုင်တာဖြစ်တယ်။ ခရိုအေးရှားနဲ့ပွဲအပြီးမှာတော့

အာဂျင်တီးနားသမိုင်းမှာ ကမ္ဘာ့ဖလားဂိုးသွင်းအများဆုံး(၁၀ဂိုး)ဖြစ်တဲ့

ဘက်တစ္စတူတာရဲ့ စံချိန်ကို မက်ဆီက ၁၁ဂိုးနဲ့ကျော်ဖြတ်သွားနိုင်ခဲ့ပြီ

ဖြစ်တယ်။ အခုဆိုရင်တော့ မက်ဆီဟာ ကာတာကမ္ဘာ့ဖလားမှာ

အမ်ဘာပီနဲ့အတူ ထိပ်တန်းဂိုးသွင်းရှင်(၅ဂိုးစီ)ဖြစ်နေပြီး

ဖန်တီးမှုအပိုင်းမှာတော့သာလွန်နေခဲ့ပါတယ်။ ပွဲအပြီးမှာတော့

အာဂျင်တီးနားနည်းပြ စကာလိုနီက “တစ်ခါတရံမှာ ကျွန်တော်တို့က

အာဂျင်တီးနားသားတွေဖြစ်လို့ မက်ဆီကိုအကြီးမြတ်ဆုံးလို့ထင်ရပေမဲ့

ဒါနဲ့ပတ်သတ်လို့သံသယဖြစ်စရာမရှိတော့ပါဘူး။ ကျွန်တော်က

နည်းပြလုပ်ခွင့်နဲ့ သူ့ကိုစောင့်ကြည့်ခွင့်ရတယ်။

ဒါက စိတ်လှုပ်ရှားစရာပါပဲ” လို့ ချီးကျူးခဲ့ပါတယ်။

zawgyi

ေကာင္းကင္ဘုံကမာရာဒိုနာနဲ႔ထပ္တူက်ဖို႔အတြက္ ဗိုလ္လုပြဲကံၾကမၼာကိုေနာက္တစ္ႀကိမ္စမ္းသပ္ခြင့္ရသြားတဲ့ မက္ဆီ

ခ႐ိုေအးရွားကို ၃ဂိုးျပတ္အႏိုင္ယူၿပီးတဲ့ေနာက္ အာဂ်င္တီးနားအသင္း

ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့သလို မက္ဆီအေနနဲ႔လည္း ကမာၻ႔ဖလားကံၾကမၼာကို

စမ္းစစ္ခြင့္ရသြားခဲ့ၿပီး ေကာင္းကင္ဘုံက မာရာဒိုနာႀကီးနဲ႔ထပ္တူ

အသိအမွတ္ျပဳခံရႏိုင္တဲ့ အခြင့္အေရးရွိလာခဲ့ၿပီျဖစ္တယ္။

မာရာဒိုနာဟာ လြန္ခဲ့တဲ့ ၃၆ ႏွစ္က အာဂ်င္တီးနားအသင္းကို

သမိုင္းတစ္ေလွ်ာက္ ဒုတိယအႀကိမ္ကမာၻ႔ခ်န္ပီယံျဖစ္ေအာင္

လမ္းျပေခၚေဆာင္ႏိုင္ခဲ့ၿပီး ကစားသမားဘဝအထြတ္အထိပ္ကို

ေရာက္ရွိခဲ့ပါတယ္။ ၂၀၁၄ မွာ မက္ဆီက ဒီအခြင့္အေရးကို

ပိုင္ဆိုင္ဖို႔အလြန္နီးစပ္ခဲ့ေပမဲ့ ဗိုလ္လုပြဲမွာ ဂ်ာမနီရႈံးၿပီးေမွ်ာ္လင့္ခ်က္ေတြ

ပ်က္စီးခဲ့ရသလို အသက္ ၃၅ႏွစ္ အေရာက္မွာ ဗိုလ္လုပြဲကံၾကမၼာကို

ေနာက္တစ္ႀကိမ္စမ္းစစ္ခြင့္ရခဲ့ျပန္ၿပီျဖစ္တယ္။ ဆယ္ေက်ာ္သက္အ႐ြယ္မွာ

ကမာၻ႔ဖလားၿပိဳင္ပြဲစတင္ပြဲထြက္ခြင့္ရတဲ့ မက္ဆီဟာ ကာတာကမာၻ႔ဖလား

မတိုင္ခင္အထိရႈံးထြက္အဆင့္မွာဂိုးမသြင္းႏိုင္ခဲ့ပါဘူး။ ၂၀၂၂ မွာေတာ့

ဒီမွတ္တမ္းဆိုးကိုေခ်ဖ်က္ႏိုင္ခဲ့ၿပီး ရႈံးထြက္ပြဲစဥ္ ၃ပြဲဆက္အထိ

ဂိုးသြင္းလာႏိုင္တာျဖစ္တယ္။ ခ႐ိုေအးရွားနဲ႔ပြဲအၿပီးမွာေတာ့

အာဂ်င္တီးနားသမိုင္းမွာ ကမာၻ႔ဖလားဂိုးသြင္းအမ်ားဆုံး(၁၀ဂိုး)ျဖစ္တဲ့

ဘက္တစၥတူတာရဲ႕ စံခ်ိန္ကို မက္ဆီက ၁၁ဂိုးနဲ႔ေက်ာ္ျဖတ္သြားႏိုင္ခဲ့ၿပီ

ျဖစ္တယ္။ အခုဆိုရင္ေတာ့ မက္ဆီဟာ ကာတာကမာၻ႔ဖလားမွာ

အမ္ဘာပီနဲ႔အတူ ထိပ္တန္းဂိုးသြင္းရွင္(၅ဂိုးစီ)ျဖစ္ေနၿပီး

ဖန္တီးမႈအပိုင္းမွာေတာ့သာလြန္ေနခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့

အာဂ်င္တီးနားနည္းျပ စကာလိုနီက “တစ္ခါတရံမွာ ကြၽန္ေတာ္တို႔က

အာဂ်င္တီးနားသားေတြျဖစ္လို႔ မက္ဆီကိုအႀကီးျမတ္ဆုံးလို႔ထင္ရေပမဲ့

ဒါနဲ႔ပတ္သတ္လို႔သံသယျဖစ္စရာမရွိေတာ့ပါဘူး။ ကြၽန္ေတာ္က

နည္းျပလုပ္ခြင့္နဲ႔ သူ႔ကိုေစာင့္ၾကည့္ခြင့္ရတယ္။

ဒါက စိတ္လႈပ္ရွားစရာပါပဲ” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။