ကောင်းကင်က ကျလာတဲ့လက်ဆောင်အဖြစ် အူဘာမီယန်းကို တင်စားလိုက်တဲ့ ဇာဗီ

အိုဆာဆူနာကို ၄-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက်

အသင်းအတွက် ၆ဂိုးအထိ သွင်းယူထားပြီးဖြစ်တဲ့ တိုက်စစ်မှူး
အူဘာမီယန်းကို ဘာစီလိုနာနည်းပြ ဇာဗီက
ကောင်းကင်ကနေ ကျလာတဲ့ လက်ဆောင်အဖြစ် တင်စားချီးကျူးသွားပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ အူဘာမီယန်းဟာ ပထမပိုင်းမှာ
အသင်းအတွက် တတိယမြောက်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး

ကျန်ဂိုးတွေကို ဖာရန်တောရက်စ်(၂ဂိုး)နဲ့
ရီကီပုဂ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။


ယခုအခါ ဘာစီလိုနာဟာ နောက်ဆုံး ၉ပွဲမှာ

၄ဂိုးသွင်းနိုင်တာ ၄ပွဲအထိ ရှိလာပြီဖြစ်ရာ
ပထမရာသီဝက်က ရင်ဆိုင်ခဲ့ရတဲ့ တိုက်စစ်ပိုင်းပြဿနာကို
အကောင်းဆုံးဖြေရှင်းနိုင်ခဲ့ပြီး ဆောင်းဈေးကွက်အတွင်း
ရောက်လာတဲ့ ဖာရန်တောရက်စ်၊ အူဘာမီယန်းနဲ့
ထရာအိုရေးက အဓိကနေရာကနေ ခြေစွမ်းပြနေပါတယ်။

”အူဘာမီယန်းက ကောင်းကင်ကနေ ကျလာတဲ့
လက်ဆောင်ဖြစ်ပြီး သွင်းဂိုးတွေတင်မဟုတ်ဘဲ
သူ့ရဲ့လေ့ကျင့်ခန်းဆင်းမှုနဲ့ ပရော်ဖက်ရှင်နယ်
ဆန်မှုတွေကလည်း ချီးကျူးစရာဖြစ်ပါတယ်။

သူဟာ အားလုံးအတွက် အကောင်းဆုံး
ဥပမာပါပဲ”လို့ ဇာဗီက ပြောပါတယ်။
မန်စီးတီးကနေ ယူရို ၅၅ သန်းနဲ့ ရောက်လာတဲ့

ဖာရန်တောရက်စ်က ပင်နယ်တီကနေ ဦးဆောင်ဂိုး
သွင်းယူနိုင်ခဲ့ပြီး ဒမ်ဘီလီရဲ့ဖန်တီးမှုကနေ
ဒုတိယမြောက်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
စပိန်လက်ရွေးစင် ဖာရန်တောရက်စ်ဟာ
အဆုံးသတ်ပိုင်းနဲ့ပတ်သက်လို့ ဝေဖန်ခံနေရပေမယ့်

ဇာဗီကတော့ သူ့ကစားသမားဘက်ကနေ
ကာကွယ်သွားခဲ့ပြီး ဒီလိုဂိုးတွေ ဆက်လက်
သွင်းယူနိုင်လိမ့်မယ်လို့ ပြောပါတယ်။