ကောင်လေးတွေရဲ့ ကစားပွဲဖြစ်ခဲ့တဲ့ အိုးလ်ထရက်ဖို့ဒ်က ပွဲစဉ်

မန်ယူယာယီနည်းပြရက်ဖ်ရန်းနစ်ဟာ ဆွစ်ဇာလန်ကလပ်ယန်းဘွိုင်းစ်

(မြန်မာလိုဆို ကောင်လေးတွေ)နဲ့၁-၁ သရေကျခဲ့တဲ့ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ

အသင်းမှာရှိတဲ့လူငယ်ကစားလေးတွေကို အခွင့်အရေးပေးစမ်းသပ်အသုံးပြုခဲ့ပါတယ်။

သူတို့အုပ်စုမှာ ပထမနေရာသေချာထားတဲ့အတွက် ရန်းနစ်ဟာ

အဓိကကစားသမားအားလုံးအနားပေးခဲ့ပြီး သူ့ရဲ့ပွဲဦးထွက်ဖြစ်တဲ့

ပဲလေ့စ်ကိုနိုင်ခဲ့တဲ့ပွဲက လူစာရင်းကို ၁၁ ယောက်စလုံးပြောင်းလဲခဲ့တာပါ။

အဲဒီပွဲမှာ ဂရင်းဝုဒ်ရဲ့ဂိုးနဲ့ ပွဲအစ ၉ မိနစ်မှာပဲ စတင်ဦးဆောင်နိုင်ခဲ့ပေမယ့်

ပထမပိုင်းမပြီးခင်မှာပဲ ယန်းဘွိုင်းစ်ရဲ့ချေပဂိုးကို

ပြန်လည်ခွင့်ပြုခဲ့ရကာ အဲဒီမတိုင်းပွဲပြီးခဲ့တာပါ။

အသက် ၂၀ အရွယ် ဂရင်းဝုဒ်က မန်ယူရဲ့တိုက်စစ်မြားဦးဖြစ်ခဲ့ပြီး

၁၉ နှစ်သားတွေဖြစ်တဲ့ ဒိုင်ရယ်လိုနဲ့ အီလန်ဂါတို့က

တောင်ပံနေရာတွေက ကစးခွင့်ရခဲ့ကြတာပါ။

ဝါရင့်တစ်ယောက်ဖြစ်တဲ့ စပိန်သားမာတာကတော့ ဒီရာသီ

ဒုတိယအကြိမ်အဖြစ် ပွဲထွက်ပါခဲ့တာ ဖြစ်ပါတယ်။

အရန်တွေနဲ့ကစားတာဖြစ်လို့ ခြေစွမ်းအရ အားရစရာမကောင်းခဲ့ပေမယ့်

ဂရင်းဝုဒ်တစ်ယောက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဒိုင်ရယ်လိုနဲ့အီလန်ဂါတို့ဟာ အလားအလာရှိကြေား ပြနိုင်ခဲ့ပေမယ့်

အသင်းကြီးမှာ ပါဝင်နိုင်ဖို့ ဒီထက်မက ကြိုးစားရဦးမှာပါ။

ရန်းနစ်ဟာ ဒုတိယပိုင်း ၆၈ မိနစ်မှာ တတိယဂိုးသမားတွမ်ဟီတန်ကို

ဟန်ဒါဆန်အစား လူစားသွင်းခဲ့ပြီး ၃၅ နှစ်အရွယ်

ဟီတန်အတွက် ကလပ်ပွဲဦးထွက်ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဝေးလ်လက်ရွေးစင်ဟောင်းရော်ဘီဆားဗေ့ရဲ့သားဖြစ်သူ

ချာလီဆားဗေ့အပါအဝင် ဆယ်ကျော်သက်ကစားသမား ၃ ယောက်ကိုလည်း

လူစားသွင်းပြီး အခွင့်အရေးပေးခဲ့ပါတယ်။

zawgyi

ေကာင္ေလးေတြရဲ႕ ကစားပြဲျဖစ္ခဲ့တဲ့ အိုးလ္ထရက္ဖို႔ဒ္က ပြဲစဥ္

မန္ယူယာယီနည္းျပရက္ဖ္ရန္းနစ္ဟာ ဆြစ္ဇာလန္ကလပ္ယန္းဘြိဳင္းစ္

(ျမန္မာလိုဆို ေကာင္ေလးေတြ)နဲ႔၁-၁ သေရက်ခဲ့တဲ့ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲစဥ္မွာ

အသင္းမွာရွိတဲ့လူငယ္ကစားေလးေတြကို အခြင့္အေရးေပးစမ္းသပ္အသုံးျပဳခဲ့ပါတယ္။

သူတို႔အုပ္စုမွာ ပထမေနရာေသခ်ာထားတဲ့အတြက္ ရန္းနစ္ဟာ

အဓိကကစားသမားအားလုံးအနားေပးခဲ့ၿပီး သူ႔ရဲ႕ပြဲဦးထြက္ျဖစ္တဲ့

ပဲေလ့စ္ကိုႏိုင္ခဲ့တဲ့ပြဲက လူစာရင္းကို ၁၁ ေယာက္စလုံးေျပာင္းလဲခဲ့တာပါ။

အဲဒီပြဲမွာ ဂရင္းဝုဒ္ရဲ႕ဂိုးနဲ႔ ပြဲအစ ၉ မိနစ္မွာပဲ စတင္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္

ပထမပိုင္းမၿပီးခင္မွာပဲ ယန္းဘြိဳင္းစ္ရဲ႕ေခ်ပဂိုးကို

ျပန္လည္ခြင့္ျပဳခဲ့ရကာ အဲဒီမတိုင္းပြဲၿပီးခဲ့တာပါ။

အသက္ ၂၀ အ႐ြယ္ ဂရင္းဝုဒ္က မန္ယူရဲ႕တိုက္စစ္ျမားဦးျဖစ္ခဲ့ၿပီး

၁၉ ႏွစ္သားေတြျဖစ္တဲ့ ဒိုင္ရယ္လိုနဲ႔ အီလန္ဂါတို႔က

ေတာင္ပံေနရာေတြက ကစးခြင့္ရခဲ့ၾကတာပါ။

ဝါရင့္တစ္ေယာက္ျဖစ္တဲ့ စပိန္သားမာတာကေတာ့ ဒီရာသီ

ဒုတိယအႀကိမ္အျဖစ္ ပြဲထြက္ပါခဲ့တာ ျဖစ္ပါတယ္။

အရန္ေတြနဲ႔ကစားတာျဖစ္လို႔ ေျခစြမ္းအရ အားရစရာမေကာင္းခဲ့ေပမယ့္

ဂရင္းဝုဒ္တစ္ေယာက္ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

ဒိုင္ရယ္လိုနဲ႔အီလန္ဂါတို႔ဟာ အလားအလာရွိေၾကား ျပႏိုင္ခဲ့ေပမယ့္

အသင္းႀကီးမွာ ပါဝင္ႏိုင္ဖို႔ ဒီထက္မက ႀကိဳးစားရဦးမွာပါ။

ရန္းနစ္ဟာ ဒုတိယပိုင္း ၆၈ မိနစ္မွာ တတိယဂိုးသမားတြမ္ဟီတန္ကို

ဟန္ဒါဆန္အစား လူစားသြင္းခဲ့ၿပီး ၃၅ ႏွစ္အ႐ြယ္ ဟီတန္အတြက္ ကလပ္ပြဲဦးထြက္ျဖစ္ခဲ့ပါတယ္။

ဒါ့အျပင္ ေဝးလ္လက္ေ႐ြးစင္ေဟာင္းေရာ္ဘီဆားေဗ့ရဲ႕သားျဖစ္သူ ခ်ာလီဆားေဗ့အပါအဝင္

ဆယ္ေက်ာ္သက္ကစားသမား ၃ ေယာက္ကိုလည္း လူစားသြင္းၿပီး အခြင့္အေရးေပးခဲ့ပါတယ္။