ကောက်ရိုးမီးမဟုတ်ကြောင်းကို မှော်ဝင်လက်စွမ်းပြပြီး အင်းနရစ်ကို ဘယ်လိုလဲမေးလိုက်တဲ့ ကီပါ

ဗီလာပါ့ခ်ပွဲစဉ်မှာ ချဲလ်ဆီးကမေဆန်မောင့်ရဲ့ သွင်းဂိုး ၂ဂိုးနဲ့အနိုင်ရခဲ့တာမှန်ပေမဲ့ ဒီပွဲစဉ်မှာ ပဓာနကျခဲ့သူကတော့ ဂိုးသမားကီပါဆိုရင်မမှားပါဘူး။

ဖိုဖာနာနဲ့ ရီစီဂျိမ်းစ်တို့ ဒဏ်ရာရှိနေတဲ့ ခံစစ်မှာ သီယာဂိုဆေးလ်ဗား၊ ချာလိုဘတ်၊ ဘန်ချီဝဲလ်နဲ့ ကူကူရယ်လာတို့ပွဲထွက်ခဲ့ပြီး ဂျော်ဂျင်ဟိုမပါတဲ့ ကွင်းလယ်လူကို ကိုဗာဆစ်နဲ့ လော့ဖ်တက်ချိခ်တို့က ဦးဆောင်ကစားသွားခဲ့ပါတယ်။

ပွဲအစမှာ ဗီလာနောက်ခံလူ တိုင်ဝိုနီမင့်စ်ရဲ့ ရှင်းထုတ်ပုံ မသေသပ်မှုကတစ်ဆင့် မေဆန်မောင့်က ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။

ဦးဆောင်ဂိုးပေးလိုက်ရတဲ့ ဗီလာကဖိအားပေးမှုတွေ ပြန်လုပ်ခဲ့ပြီး ချေပဂိုးရနိုင်တဲ့ အနီးစပ်ဆုံးအခွင့်အရေးတွေရှိခဲ့ပေမဲ့ ဂိုးသမားကီပါက မယုံနိုင်ဖွယ်ရာလက်စွမ်းတွေနဲ့ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဗီလာကစားသမား ၃ယောက်ရဲ့ထပ်ဆင့်ကန်သွင်း ချက်တွေကို ကီပါကတားဆီးသွားနိုင်ခဲ့သလို ဂိုးပေါက်နဲ့အနီးစပ်ဆုံးအနေအထားက ဒန်နီအင့်စ်ရဲ့ ခေါင်းတိုက်ချက်ကိုလည်း မဖြစ်နိုင်တဲ့အနေအထားနဲ့လက်စွမ်းပြခဲ့ပါတယ်။

ချဲလ်ဆီးအတွက် အစားပိတ်သွင်းဂိုးကိုတော့ မေဆန်မောင့်ကလှပသေသပ်တဲ့ ဖရီးကစ်ကန်ချက်နဲ့ရယူပေးခဲ့တာပါ။

ဒီပွဲအနိုင်ရလိုက်တဲ့ အပြာရောင်တွေဟာ နည်းပြဂရေဟမ်ပေါ်တာလက်ထက် ရှုံးပွဲမရှိချီတက်နေသလို နောက်ဆုံး ၄ပွဲ ဆက် Clean Sheet ရခဲ့တဲ့ ကီပါရဲ့စွမ်းဆောင်ရည်ကလည်း အရမ်းကိုထူးခြားနေပါတယ်။

မန်ဒီကိုကျော်လွန်ပြီး ဦးစားပေးအဖြစ်ပြန်ပါလာချိန်မှာ စပိန်သားကို အားလုံး ကမယုံရဲကြပေမဲ့ ဂျရတ်ရဲ့ ဗီလာကိုကျော်ဖြတ်ပြခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ ကီပါနဲ့ပတ်သတ်ပြီး လက်ခုပ်သံတွေညံခဲ့ပါတယ်။

ကမ္ဘာ့ဖလားနီးလာချိန်မှာ အကောင်းဆုံးလက်စွမ်းပြနေတဲ့ ကီပါကတော့ စပိန်နည်းပြအင်းနရစ်ကို ဘယ်လိုလဲဆိုပြီး မျက်စပစ်ပြလိုက်ပါပြီ။

(Zawgyi)

ေကာက္႐ိုးမီးမဟုတ္ေၾကာင္းကို ေမွာ္ဝင္လက္စြမ္းျပၿပီး အင္းနရစ္ကို ဘယ္လိုလဲေမးလိုက္တဲ့ ကီပါ

ဗီလာပါ့ခ္ပြဲစဥ္မွာ ခ်ဲလ္ဆီးကေမဆန္ေမာင့္ရဲ႕ သြင္းဂိုး ၂ဂိုးနဲ႔အႏိုင္ရခဲ့တာမွန္ေပမဲ့ ဒီပြဲစဥ္မွာ ခရာက်ခဲ့သူကေတာ့ ဂိုးသမားကီပါဆိုရင္မမွားပါဘူး။

ဖိုဖာနာနဲ႔ ရီစီဂ်ိမ္းစ္တို႔ ဒဏ္ရာရွိေနတဲ့ ခံစစ္မွာ သီယာဂိုေဆးလ္ဗား၊ ခ်ာလိုဘတ္၊ ဘန္ခ်ီဝဲလ္နဲ႔ ကူကူရယ္လာတို႔ပြဲထြက္ခဲ့ၿပီး ေဂ်ာ္ဂ်င္ဟိုမပါတဲ့ ကြင္းလယ္လူကို ကိုဗာဆစ္နဲ႔ ေလာ့ဖ္တက္ခ်ိခ္တို႔က ဦးေဆာင္ကစားသြားခဲ့ပါတယ္။

ပြဲအစမွာ ဗီလာေနာက္ခံလူ တိုင္ဝိုနီမင့္စ္ရဲ႕ ရွင္းထုတ္ပုံမေသသပ္မႈကတစ္ဆင့္ ေမဆန္ေမာင့္က ခ်ဲလ္ဆီးအတြက္ ဦးေဆာင္ဂိုးသြင္းေပးခဲ့ပါတယ္။

ဦးေဆာင္ဂိုးေပးလိုက္ရတဲ့ ဗီလာကဖိအားေပးမႈေတြျပန္လုပ္ခဲ့ၿပီး ေခ်ပဂိုးရႏိုင္တဲ့ အနီးစပ္ဆုံးအခြင့္အေရးေတြရွိခဲ့ေပမဲ့ ဂိုးသမားကီပါက မယုံႏိုင္ဖြယ္ရာလက္စြမ္းေတြ နဲ႔ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ဗီလာကစားသမား ၃ေယာက္ရဲ႕ထပ္ဆင့္ကန္သြင္း ခ်က္ေတြကို ကီပါကတားဆီးသြားႏိုင္ခဲ့သလို ဂိုးေပါက္နဲ႔အနီးစပ္ဆုံးအေနအထားက ဒန္နီအင့္စ္ရဲ႕ ေခါင္းတိုက္ခ်က္ကိုလည္း မျဖစ္ႏိုင္တဲ့အေနအထားနဲ႔လက္စြမ္းျပခဲ့ပါ တယ္။

ခ်ဲလ္ဆီးအတြက္အစားပိတ္သြင္းဂိုးကိုေတာ့ ေမဆန္ေမာင့္ကလွပေသသပ္တဲ့ ဖရီးကစ္ကန္ခ်က္နဲ႔ရယူေပးခဲ့တာပါ။

ဒီပြဲအႏိုင္ရလိုက္တဲ့အျပာေရာင္ေတြဟာ နည္းျပဂေရဟမ္ေပၚတာလက္ထက္ရႈံးပြဲမရွိခ်ီတက္ေနသလို ေနာက္ဆုံး ၄ပြဲ ဆက္ Clean Sheet ရခဲ့တဲ့ ကီပါရဲ႕စြမ္းေဆာင္ရည္ကလည္းအရမ္းကိုထူးျခားေနပါတယ္။

မန္ဒီကိုေက်ာ္လြန္ၿပီး ဦးစားေပးအျဖစ္ျပန္ပါလာခ်ိန္မွာ စပိန္သားကို အားလုံး ကမယုံရဲၾကေပမဲ့ ဂ်ရတ္ရဲ႕ ဗီလာကိုေက်ာ္ျဖတ္ျပခဲ့တဲ့ ပြဲစဥ္အၿပီးမွာေတာ့ ကီပါနဲ႔ပတ္သတ္ၿပီးလက္ခုပ္သံေတြညံခဲ့ပါတယ္။

ကမာၻ႔ဖလားနီးလာခ်ိန္မွာအေကာင္းဆုံးလက္စြမ္းျပေနတဲ့ ကီပါကေတာ့ စပိန္နည္းျပအင္းနရစ္ကို ဘယ္လိုလဲဆိုၿပီး မ်က္စပစ္ျပလိုက္ပါၿပီ။