အေစီနဲ့ ဗင်နီဇီယာ အစွန်းရောက်ပရိသတ်တွေ ကုန်းပေါ်မှာချရတာအားမရလို့ ပင်လယ်ထဲမှာပါတိုက်ပွဲတွေဆင်နွှဲ ခဲ့ကြ

အေစီမီလန်နဲ့ ဗင်နီဇီယာ အစွန်းရောက်ပရိသတ်တွေဟာ

ကုန်းပေါ်မှာချရတာအားမရလို့ ပင်လယ်ထဲမှာပါ

တိုက်ပွဲတွေဆင်နွှဲ ခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အေစီမီလန်ဟာ ဗင်နီဇီယာနဲ့အဝေးကွင်းကစားဖို့

ဗင်းနစ် မြို့ကိုခရီးထွက်ခဲ့ ရပါတယ်။ ထုံးစံအတိုင်းပရိသတ်တွေလိုက်ပါသွားခဲ့ကြပြီး

အချို့သောအစွန်းရောက်သူတွေက ရေလမ်းခရီးနဲ့သွားဖို့

ရွေးချယ်ခဲ့ ပြီး ဖယ်ရီစီးခဲ့ကြပါတယ်။

ဒါပေမယ့်သူတို့သွားတဲ့ ပင်လယ်ခရီးမှာ ဗင်နီဇီယာ အစွန်းရောက်

ပရိသတ်တွေစီးနင်းလာတဲ့ ဖယ်ရီ တစ်စင်းနဲ့ ပင်လယ်ထဲမှာဆုံခဲ့ကြပြီး

နှစ်ဖက်စလုံးကအစွန်းရောက်ပရိသတ်တွေ ပီပီတစ်စင်းနဲ့တစ်စင်း

မီးကျည်တွေ၊ မီးခိုးဗုံး တွေနဲ့ပစ်ခဲ့ကြလို့ ရေတပ်တိုက်ပွဲလို့တောင်တင်စားခံခဲ့ရပါတယ်။

ဒါကိုအခြားသင်္ဘောပေါ်ကသူတစ်ဦးက ဗီဒီယိုရိုက်နိုင်ခဲ့လို့

အွန်လိုင်းပေါ်မှာပျံနှံသွားခဲ့တာပါ။ ဗင်နီဇီယာ ပရိသတ်တွေဘဲလိုက်ပါလာတဲ့

ဖယ်ရီပေါ်မှာ အနက်ရောင်မီးခိုးတွေ တွေ့ခဲ့ရပြီး

အေစီမီလန်ပရိသတ်တွေလိုက်ပါလာတဲ့ ဖယ်ရီပေါ်မှာတော့

အနီရောင်အခိုးတွေတွေ့ခဲ့ရပါတယ်။ ဒါဟာအကြောင်းမဲ့မဟုတ်ဘဲ

သူတို့နှစ်သင်းရဲ့အရောင်တွေကို ကိုယ်စားပြုတဲ့သဘောလည်းဖြစ်ပါတယ်။

အခုလိုတိုက်ခိုက်ခဲ့ကြပေမယ့် ဖယ်ရီသွားနေတဲ့နှုန်းနဲ့

လေတိုက်နှုန်းတွေကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေမှာ

တိုက်ရိုက်ထိ မှန်ကြခြင်းတော့မရှိခဲ့ပါဘူး။ ပင်လယ်ထဲက ရေတပ်တိုက်ပွဲမှာ

ဘယ်သူမှမနိုင်လို့ သရေကျခဲ့ပေမယ့် ကွင်းထဲကနှစ်သင်းရဲ့တိုက် ပွဲမှာတော့

အေစီမီလန်က ၃-၀ နဲ့နိုင်သွားပါတယ်။ ဒီပွဲမှာ အေစီမီလန်ဘယ်နောက်ခံလူ

သီယိုဟာနန်ဒက်ဇ်က ၂ ဂိုးသွင်းခဲ့ပြီး အီဘရာဟီမိုဗစ်ကတစ်ဂိုးသွင်းခဲ့ပါတယ်။

ဗင်နီဇီယာ အသင်းဟာစီးရီးအေနဲ့ ၁၉ နှစ်ကြာဝေးကွာခဲ့ပြီးမှ

စီးရီးအေကိုပြန်လည် တက်ရောက်လာတာဖြစ်ပါတယ်။

zawgyi

ေအစီနဲ႔ ဗင္နီဇီယာ အစြန္းေရာက္ပရိသတ္ေတြ ကုန္းေပၚမွာခ်ရတာအားမရလို႔ ပင္လယ္ထဲမွာပါ တိုက္ပြဲေတြဆင္ႏႊဲ ခဲ့ၾက

ေအစီမီလန္နဲ႔ ဗင္နီဇီယာ အစြန္းေရာက္ပရိသတ္ေတြဟာ

ကုန္းေပၚမွာခ်ရတာအားမရလို႔ ပင္လယ္ထဲမွာပါ

တိုက္ပြဲေတြဆင္ႏႊဲ ခဲ့ၾကတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ေအစီမီလန္ဟာ ဗင္နီဇီယာနဲ႔အေဝးကြင္းကစားဖို႔

ဗင္းနစ္ ၿမိဳ႕ကိုခရီးထြက္ခဲ့ ရပါတယ္။ ထုံးစံအတိုင္းပရိသတ္ေတြလိုက္ပါသြားခဲ့ၾကၿပီး

အခ်ိဳ႕ေသာအစြန္းေရာက္သူေတြက ေရလမ္းခရီးနဲ႔သြားဖို႔

ေ႐ြးခ်ယ္ခဲ့ ၿပီး ဖယ္ရီစီးခဲ့ၾကပါတယ္။

ဒါေပမယ့္သူတို႔သြားတဲ့ ပင္လယ္ခရီးမွာ ဗင္နီဇီယာ အစြန္းေရာက္

ပရိသတ္ေတြစီးနင္းလာတဲ့ ဖယ္ရီ တစ္စင္းနဲ႔ ပင္လယ္ထဲမွာဆုံခဲ့ၾကၿပီး

ႏွစ္ဖက္စလုံးကအစြန္းေရာက္ပရိသတ္ေတြ ပီပီတစ္စင္းနဲ႔တစ္စင္း

မီးက်ည္ေတြ၊ မီးခိုးဗုံး ေတြနဲ႔ပစ္ခဲ့ၾကလို႔ ေရတပ္တိုက္ပြဲလို႔ေတာင္တင္စားခံခဲ့ရပါတယ္။

ဒါကိုအျခားသေဘၤာေပၚကသူတစ္ဦးက ဗီဒီယို႐ိုက္ႏိုင္ခဲ့လို႔

အြန္လိုင္းေပၚမွာပ်ံႏွံသြားခဲ့တာပါ။ ဗင္နီဇီယာ ပရိသတ္ေတြဘဲလိုက္ပါလာတဲ့

ဖယ္ရီေပၚမွာ အနက္ေရာင္မီးခိုးေတြ ေတြ႕ခဲ့ရၿပီး

ေအစီမီလန္ပရိသတ္ေတြလိုက္ပါလာတဲ့ ဖယ္ရီေပၚမွာေတာ့

အနီေရာင္အခိုးေတြေတြ႕ခဲ့ရပါတယ္။ ဒါဟာအေၾကာင္းမဲ့မဟုတ္ဘဲ

သူတို႔ႏွစ္သင္းရဲ႕အေရာင္ေတြကို ကိုယ္စားျပဳတဲ့သေဘာလည္းျဖစ္ပါတယ္။

အခုလိုတိုက္ခိုက္ခဲ့ၾကေပမယ့္ ဖယ္ရီသြားေနတဲ့ႏႈန္းနဲ႔

ေလတိုက္ႏႈန္းေတြေၾကာင့္ အျပန္အလွန္ပစ္ခတ္မႈေတြမွာ

တိုက္႐ိုက္ထိ မွန္ၾကျခင္းေတာ့မရွိခဲ့ပါဘူး။ ပင္လယ္ထဲက ေရတပ္တိုက္ပြဲမွာ

ဘယ္သူမွမႏိုင္လို႔ သေရက်ခဲ့ေပမယ့္ ကြင္းထဲကႏွစ္သင္းရဲ႕တိုက္ ပြဲမွာေတာ့

ေအစီမီလန္က ၃-၀ နဲ႔ႏိုင္သြားပါတယ္။ ဒီပြဲမွာ ေအစီမီလန္ဘယ္ေနာက္ခံလူ

သီယိုဟာနန္ဒက္ဇ္က ၂ ဂိုးသြင္းခဲ့ၿပီး အီဘရာဟီမိုဗစ္ကတစ္ဂိုးသြင္းခဲ့ပါတယ္။

ဗင္နီဇီယာ အသင္းဟာစီးရီးေအနဲ႔ ၁၉ ႏွစ္ၾကာေဝးကြာခဲ့ၿပီးမွ

စီးရီးေအကိုျပန္လည္ တက္ေရာက္လာတာျဖစ္ပါတယ္။