
ပြီးခဲ့တဲ့တနင်္ဂနွေညက ကစားခဲ့တဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲစဉ်မှာ
ကံကောင်းတဲ့လီဗာပူးပရိသတ်တစ်ယောက်ရှိခဲ့ပါတယ်။
အဲဒီပွဲက ပင်နယ်တီအဆုံးအဖြတ်ကန်တဲ့ဂိုးဘက်ခြမ်းဟာ
လီဗာပူးပရိသတ်တွေရှိတဲ့ဘက်ခြမ်းဖြစ်ခဲ့တာပါ။
ပင်နယ်တီအဆုံးအဖြတ်မှာလည်း လီဗာပူးဘက်က ဂိုးသမားအပါအဝင်
၁၁ ယောက်စလုံးကန်ပြီးဖြစ်သလို ချဲလ်ဆီးဘက်မှာလည်း
ပွဲကန်နေသူတွေထဲကဆို ကီပါတစ်ယောက်သာ ကန်ဖို့ ကျန်တော့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီစပိန်သားဂိုးသမားရဲ့ကန်ချက်က မိုးပေါ်ထောင်သွားပြီး
ဘောလုံးက လီဗာပူးပရိသတ်တွေရှိရာကို ရောက်သွားခဲ့တာပါ။
အဲဒီဘောလုံးကို လီဗာပူးပရိသတ်တစ်ယောက်က ဖမ်းမိသွားပြီး
အမှတ်တရအနေနဲ့ သူ့အိမ်ကို ယူဆောင်သွားခဲ့ပါတယ်။
နောက်တစ်ရက်ရောက်တော့ ဆိုရှယ်မီဒီယာပေါ်မှာ
အဲဒီဘောလုံးနဲ့ပတ်သက်ပြီး ပို့စ်တစ်ခုတက်လာပါတယ်။
ပရိသတ်တစ်ယောက်က Instagram ပေါ်မှာ CARABAO CUP FINAL,
WEMBLEY STADIUM, SUNDAY 17 FEBRUARY 2022 လို့
စာရေးထိုးထားတဲ့ Puma ဘောလုံးပုံကို တင်ခဲ့တာပါ။
အဲဒီပုံစာမှာလည်း ”ကီပါရဲ့ပင်နယ်တီဘောလုံးကို
အဖေပဲဖမ်းမိပြီး သိမ်းထားပါတယ်”လို့ ရေးထားပါတယ်။
အဲဒီပို့စ်အောက်မှာ ဒီဗိုလ်လုပွဲဘောလုံးရသွားတာနဲ့ပတ်သက်လို့
နောက်ပြောင်ကြတဲ့ ပရိသတ်တွေလည်း ရှိခဲ့တာပါ။
ပရိသတ်တစ်ယောက်ကဆို”အထင်ကြီးစရာအကောင်းဆုံးက
လီဗာပူးက ပရိသတ်တစ်ယောက်က သူ့အိမ်မှာ ရှိနေခဲ့တာပါ။
ဘောလုံးက သူ့ပန်းခြံထဲကို ကျသွားခဲ့တာပါ”လို့ ဟာသအနေနဲ့ မန့်ခဲ့ပါတယ်။
ကီပါဟာ အဲဒီဗိုလ်လုပွဲမှာ ပင်နယ်တီအဆုံးအဖြတ်ကန်ခါနီမှ လူစားဝင်လာတာပါ။
zawgyi
ကီပါရဲ႕ပင္နယ္တီေဘာလုံးကို အေဖပဲဖမ္းမိၿပီး သိမ္းထားပါတယ္ဆိုတဲ့ လီဗာပူးပရိသတ္
ၿပီးခဲ့တဲ့တနဂၤေႏြညက ကစားခဲ့တဲ့ ကာရာေဘာင္းဖလားဗိုလ္လုပြဲစဥ္မွာ
ကံေကာင္းတဲ့လီဗာပူးပရိသတ္တစ္ေယာက္ရွိခဲ့ပါတယ္။
အဲဒီပြဲက ပင္နယ္တီအဆုံးအျဖတ္ကန္တဲ့ဂိုးဘက္ျခမ္းဟာ
လီဗာပူးပရိသတ္ေတြရွိတဲ့ဘက္ျခမ္းျဖစ္ခဲ့တာပါ။
ပင္နယ္တီအဆုံးအျဖတ္မွာလည္း လီဗာပူးဘက္က ဂိုးသမားအပါအဝင္
၁၁ ေယာက္စလုံးကန္ၿပီးျဖစ္သလို ခ်ဲလ္ဆီးဘက္မွာလည္း
ပြဲကန္ေနသူေတြထဲကဆို ကီပါတစ္ေယာက္သာ ကန္ဖို႔ က်န္ေတာ့တာ ျဖစ္ပါတယ္။
ဒါေပမဲ့ အဲဒီစပိန္သားဂိုးသမားရဲ႕ကန္ခ်က္က မိုးေပၚေထာင္သြားၿပီး
ေဘာလုံးက လီဗာပူးပရိသတ္ေတြရွိရာကို ေရာက္သြားခဲ့တာပါ။
အဲဒီေဘာလုံးကို လီဗာပူးပရိသတ္တစ္ေယာက္က ဖမ္းမိသြားၿပီး
အမွတ္တရအေနနဲ႔ သူ႔အိမ္ကို ယူေဆာင္သြားခဲ့ပါတယ္။
ေနာက္တစ္ရက္ေရာက္ေတာ့ ဆိုရွယ္မီဒီယာေပၚမွာ
အဲဒီေဘာလုံးနဲ႔ပတ္သက္ၿပီး ပို႔စ္တစ္ခုတက္လာပါတယ္။
ပရိသတ္တစ္ေယာက္က Instagram ေပၚမွာ CARABAO CUP FINAL,
WEMBLEY STADIUM, SUNDAY 17 FEBRUARY 2022 လို႔
စာေရးထိုးထားတဲ့ Puma ေဘာလုံးပုံကို တင္ခဲ့တာပါ။
အဲဒီပုံစာမွာလည္း ”ကီပါရဲ႕ပင္နယ္တီေဘာလုံးကို
အေဖပဲဖမ္းမိၿပီး သိမ္းထားပါတယ္”လို႔ ေရးထားပါတယ္။
အဲဒီပို႔စ္ေအာက္မွာ ဒီဗိုလ္လုပြဲေဘာလုံးရသြားတာနဲ႔ပတ္သက္လို႔
ေနာက္ေျပာင္ၾကတဲ့ ပရိသတ္ေတြလည္း ရွိခဲ့တာပါ။
ပရိသတ္တစ္ေယာက္ကဆို”အထင္ႀကီးစရာအေကာင္းဆုံးက
လီဗာပူးက ပရိသတ္တစ္ေယာက္က သူ႔အိမ္မွာ ရွိေနခဲ့တာပါ။
ေဘာလုံးက သူ႔ပန္းၿခံထဲကို က်သြားခဲ့တာပါ”လို႔ ဟာသအေနနဲ႔ မန႔္ခဲ့ပါတယ္။
ကီပါဟာ အဲဒီဗိုလ္လုပြဲမွာ ပင္နယ္တီအဆုံးအျဖတ္ကန္ခါနီမွ လူစားဝင္လာတာပါ။