
ဗလင်စီယာအသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဘာစီလိုနာအသင်း
ကွင်းလယ်လူကော်တင်ဟိုဟာ အသင်းအတွက်တတိယမြောက်
အနိုင်ဂိုးသွင်းယူခဲ့ပြီး ဒါက (၁၁)လအကြာမှာ ကော်တင်ဟို
ပထမဆုံးအကြိမ်ဂိုးပေါက်ပြန်တွေ့ခဲ့တာပါ။ ဘာစီလိုနာအသင်းဟာ
ပွဲအစ(၅)မိနစ်မှာပဲ ဗလင်စီယာနောက်ခံလူဂါယာရဲ့ဦးဆောင်ဂိုးကြောင့်
နောက်ကလိုက်ကစားခဲ့ရပြီး (၁၃)မိနစ်မှာ ဒီပိုင်းရဲ့ပေးပို့မှုကနေ
ဒဏ်ရာကြောင့် (၁)နှစ်လောက်အနားယူခဲ့ရပြီးမှ အခုပွဲမှာ ပထမဆုံး
ပွဲထွက်ကစားခဲ့တဲ့ အန်ဆုဖာတီကချေပဂိုးသွင်းယူခဲ့သလို ပထမပိုင်းပြီးခါနီးမှာ
အန်ဆုဖာတီကြောင့်ရတဲ့ပယ်နယ်တီကနေ ဒီပိုင်းက ဦးဆောင်ဂိုး ပြန်သွင်းခဲ့ပါတယ်။
ဘာစီလိုနာအသင်းအတွက် တတိယမြောက်ဂိုးကိုတော့
(၈၅)မိနစ်မှာ ကော်တင်ဟိုက အနီးကပ်ပိတ်သွင်းယူခဲ့တာဖြစ်ပြီး
ကော်တင်ဟိုဟာ ၂၀၂၀၊ နိုဝင်ဘာလ(၂၉)ရက်တုန်းက အိုဆာဆူနာကို (၄-၀)ဂိုးနဲ့
အနိုင်ရခဲ့တဲ့အိမ်ကွင်းပွဲမှာ ဂိုးသွင်းယူခဲ့ပြီးနောက်ပိုင်း အိမ်ကွင်းမှာပဲ
ဂိုးပေါက်ပြန်ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ အာဂျင်တီးနား
ဝါရင့်တိုက်စစ်မှူးအဂွဲရိုးဟာလည်း ပွဲပြီးခါနီးမှာ ဆာဂျင်ဟိုဒက်စ်အစား
လူစားဝင်ကစားခဲ့ပြီး ဘာစီလိုနာအတွက် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီကာလမှာ မန်စီးတီးအသင်းကနေ ဘာစီလိုနာအသင်းဆီ
ပြောင်းရွှေ့ခဲ့သူ အဂွဲရိုးဟာ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်မှာ
ခြေသလုံးဒဏ်ရာရရှိခဲ့တာကြောင့် ရက်အတော်ကြာအနားယူခဲ့ရတဲ့အတွက်
အခုပွဲမှာ အသင်းသစ်အတွက်ပွဲဦးထွက်ခွင့်ရခဲ့တာပါ။ ဗလင်စီယာနဲ့ပွဲမတိုင်ခင်
ပြိုင်ပွဲစုံ(၆)ပွဲမှာ (၃)ပွဲအထိရှုံးနိမ့်ခဲ့ပြီး (၁)ပွဲသာအနိုင်ရခဲ့တာကြောင့်
ဖိအားများနေတဲ့ ဘာစီလိုနာနည်းပြရော်နယ်လ်ကိုးမန်းအတွက်
အခုနိုင်ပွဲက ဖိအားတွေလျော့ကျစေခဲ့တဲ့နိုင်ပွဲလည်းဖြစ်ခဲ့ပါတယ်။
အခုဆိုရင် ဘာစီလိုနာအသင်းဟာ လာလီဂါ(၈)ပွဲကစားပြီးချိန်မှာ (၁၅)မှတ်နဲ့
အဆင့်(၇)နေရာရောက်ရှိလာပြီး ထိပ်ဆုံးက ဆိုစီဒက်အသင်းနဲ့ (၅)မှတ်သာ
ကွာဟပါတော့တယ်။ ဒါ့အပြင် လာမယ့်ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်အုပ်စုက
တက်ဖို့အရေးပါတဲ့ပွဲအဖြစ် ဒိုင်နမိုကိဗ်နဲ့အိမ်ကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး
အဲဒီပွဲပြီးရင်တော့ တနင်္ဂနွေနေ့ကျရင် အဓိကပြိုင်ဘက် ရီးယဲလ်အသင်းကို
နူးကမ့်မှာလက်ခံကစားရမှာဖြစ်တာကြောင့် ပွဲကျပ်တွေမတိုင်ခင် ဘာစီလိုနာအသင်း
နိုင်ပွဲပြန်ရှာတွေ့ခဲ့တဲ့အတွက် စိတ်ဓာတ်တက်စရာဖြစ်ခဲ့ရပါတယ်။
zawgyi
ကိုးမန္းအတြက္ အခုႏိုင္ပြဲက ဖိအားေတြေလ်ာ့က်ေစခဲ့
ဗလင္စီယာအသင္းကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဘာစီလိုနာအသင္း
ကြင္းလယ္လူေကာ္တင္ဟိုဟာ အသင္းအတြက္တတိယေျမာက္
အႏိုင္ဂိုးသြင္းယူခဲ့ၿပီး ဒါက (၁၁)လအၾကာမွာ ေကာ္တင္ဟို
ပထမဆုံးအႀကိမ္ဂိုးေပါက္ျပန္ေတြ႕ခဲ့တာပါ။ ဘာစီလိုနာအသင္းဟာ
ပြဲအစ(၅)မိနစ္မွာပဲ ဗလင္စီယာေနာက္ခံလူဂါယာရဲ႕ဦးေဆာင္ဂိုးေၾကာင့္
ေနာက္ကလိုက္ကစားခဲ့ရၿပီး (၁၃)မိနစ္မွာ ဒီပိုင္းရဲ႕ေပးပို႔မႈကေန
ဒဏ္ရာေၾကာင့္ (၁)ႏွစ္ေလာက္အနားယူခဲ့ရၿပီးမွ အခုပြဲမွာ ပထမဆုံး
ပြဲထြက္ကစားခဲ့တဲ့ အန္ဆုဖာတီကေခ်ပဂိုးသြင္းယူခဲ့သလို ပထမပိုင္းၿပီးခါနီးမွာ
အန္ဆုဖာတီေၾကာင့္ရတဲ့ပယ္နယ္တီကေန ဒီပိုင္းက ဦးေဆာင္ဂိုး
ျပန္သြင္းခဲ့ပါတယ္။ ဘာစီလိုနာအသင္းအတြက္ တတိယေျမာက္ဂိုးကိုေတာ့
(၈၅)မိနစ္မွာ ေကာ္တင္ဟိုက အနီးကပ္ပိတ္သြင္းယူခဲ့တာျဖစ္ၿပီး
ေကာ္တင္ဟိုဟာ ၂၀၂၀၊ ႏိုဝင္ဘာလ(၂၉)ရက္တုန္းက အိုဆာဆူနာကို (၄-၀)ဂိုးနဲ႔
အႏိုင္ရခဲ့တဲ့အိမ္ကြင္းပြဲမွာ ဂိုးသြင္းယူခဲ့ၿပီးေနာက္ပိုင္း အိမ္ကြင္းမွာပဲ
ဂိုးေပါက္ျပန္ရွာေတြ႕ခဲ့တာျဖစ္ပါတယ္။ ဒီပြဲမွာ အာဂ်င္တီးနား
ဝါရင့္တိုက္စစ္မႉးအဂြဲ႐ိုးဟာလည္း ပြဲၿပီးခါနီးမွာ ဆာဂ်င္ဟိုဒက္စ္အစား
လူစားဝင္ကစားခဲ့ၿပီး ဘာစီလိုနာအတြက္ ပထမဆုံးအႀကိမ္အျဖစ္ ပါဝင္ကစားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီကာလမွာ မန္စီးတီးအသင္းကေန ဘာစီလိုနာအသင္းဆီ
ေျပာင္းေ႐ႊ႕ခဲ့သူ အဂြဲ႐ိုးဟာ ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္မွာ
ေျခသလုံးဒဏ္ရာရရွိခဲ့တာေၾကာင့္ ရက္အေတာ္ၾကာအနားယူခဲ့ရတဲ့အတြက္
အခုပြဲမွာ အသင္းသစ္အတြက္ပြဲဦးထြက္ခြင့္ရခဲ့တာပါ။ ဗလင္စီယာနဲ႔ပြဲမတိုင္ခင္
ၿပိဳင္ပြဲစုံ(၆)ပြဲမွာ (၃)ပြဲအထိရႈံးနိမ့္ခဲ့ၿပီး (၁)ပြဲသာအႏိုင္ရခဲ့တာေၾကာင့္
ဖိအားမ်ားေနတဲ့ ဘာစီလိုနာနည္းျပေရာ္နယ္လ္ကိုးမန္းအတြက္
အခုႏိုင္ပြဲက ဖိအားေတြေလ်ာ့က်ေစခဲ့တဲ့ႏိုင္ပြဲလည္းျဖစ္ခဲ့ပါတယ္။
အခုဆိုရင္ ဘာစီလိုနာအသင္းဟာ လာလီဂါ(၈)ပြဲကစားၿပီးခ်ိန္မွာ (၁၅)မွတ္နဲ႔
အဆင့္(၇)ေနရာေရာက္ရွိလာၿပီး ထိပ္ဆုံးက ဆိုစီဒက္အသင္းနဲ႔ (၅)မွတ္သာ
ကြာဟပါေတာ့တယ္။ ဒါ့အျပင္ လာမယ့္ဗုဒၶဟူးေန႔မွာ ခ်န္ပီယံလိဂ္အုပ္စုက
တက္ဖို႔အေရးပါတဲ့ပြဲအျဖစ္ ဒိုင္နမိုကိဗ္နဲ႔အိမ္ကြင္းပြဲစဥ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး
အဲဒီပြဲၿပီးရင္ေတာ့ တနဂၤေႏြေန႔က်ရင္ အဓိကၿပိဳင္ဘက္ ရီးယဲလ္အသင္းကို
ႏူးကမ့္မွာလက္ခံကစားရမွာျဖစ္တာေၾကာင့္ ပြဲက်ပ္ေတြမတိုင္ခင္ ဘာစီလိုနာအသင္း
ႏိုင္ပြဲျပန္ရွာေတြ႕ခဲ့တဲ့အတြက္ စိတ္ဓာတ္တက္စရာျဖစ္ခဲ့ရပါတယ္။