ကိုးမန်းဟာ နည်းပြရာထူးကနေအထုတ်ခံရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရ

ရီးယဲလ်နဲ့ကစားခဲ့တဲ့ El Clasico ပွဲမှာ(၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်

ဘာစီလိုနာအသင်းနည်းပြရော်နယ်လ်ကိုးမန်းဟာ နည်းပြရာထူးကနေ

အထုတ်ခံရမယ့်အနေအထားနဲ့ရင်ဆိုင်နေရပြီး လာမယ့်(၃)ပွဲမှာသာရလဒ်

မကောင်းခဲ့ရင် သူ့ရာထူးကို သေချာပေါက်စွန့်လွှတ်ရဖို့ရှိနေပါပြီ။

ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဟာ ရော်နယ်လ်ကိုးမန်းရဲ့အနာဂတ်နဲ့

ပတ်သက်လို့ လာမယ့်ပွဲစဉ်(၃)ပွဲရလဒ်အပေါ်မူတည်ပြီးတော့

စဉ်းစားဆုံးဖြတ်သွားမှာဖြစ်ပြီး အသင်းရဲ့ဂန္ထဝင်ကစားသမားဇာဗီကို

နည်းပြသစ်ခန့်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

အသက်(၅၈)နှစ်အရွယ်ရှိပြီဖြစ်သူ နယ်သာလန်နည်းပြရော်နယ်လ်ကိုးမန်ဟာ

ဒီရာသီမှာ ဘာစီလိုနာအသင်းရဲ့စိတ်ပျက်စရာရလဒ်တွေကြောင့်ဖိအားများနေပြီး

ဘာစီလိုနာအသင်းဟာ ရာသီအစပိုင်းက,ကစားခဲ့တဲ့ပြိုင်ပွဲစုံ(၉)ပွဲမှာ (၃)ပွဲသာ

အနိုင်ရခဲ့တာဖြစ်ပါတယ်။ ရီးယဲလ်နဲ့ပွဲမတိုင်ခင် အရေးပါတဲ့ပွဲစဉ်နှစ်ပွဲဖြစ်တဲ့

ဗလင်စီယာနဲ့လာလီဂါ၊ ဒိုင်နမိုကိဗ်နဲ့ချန်ပီယံလိဂ်ပွဲတွေမှာနိုင်ပွဲပြန်ရခဲ့ပေမယ့်

El Clasico ပွဲမှာရှုံးနိမ့်ခဲ့တာကြောင့် အခုဆိုရင် ဘာစီလိုနာအသင်းဟာ

ရီးယဲလ်နဲ့(၅)မှတ်အကွာ အဆင့်(၉)နေရာမှာရပ်တည်နေရပါတယ်။

ရီးယဲလ်နဲ့ပွဲအပြီးမှာ ရှုံးပွဲအပေါ်ဒေါသပေါက်ကွဲနေကြတဲ့ ဘာစီလိုနာအသင်း

ဆိုးသွမ်းပရိသတ်တချို့က ကွင်းပြင်ပမှာ ရော်နယ်လ်ကိုးမန်းရဲ့ကားကို

ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့် ကားဘောနက်အဖုံးနဲ့ကားမှန်တွေကို

ဝိုင်းပြီးတော့လက်နဲ့ထုတ်ရိုက်ခဲ့လို့ ရော်နယ်လ်ကိုးမန်းဟာ

အဲဒီပရိသတ်တွေကြားက ခက်ခက်ခဲခဲမောင်းထွက်ခဲ့ရပါတယ်။

ဘာစီလိုနာအသင်းဟာ လာလီဂါကြားပွဲအဖြစ် မနက်ဖြန်ကျရင်

ဗယ်လက်ကာနိုအသင်းနဲ့အဝေးကွင်းပွဲစဉ်ကစားရမှာဖြစ်ပြီး လာမယ့်စနေနေ့မှာ

အလာဗတ်စ်အသင်းကို အိမ်ကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

အဲဒီပွဲတွေပြီးရင်တော့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ဒိုင်နမိုကိဗစ်ကိုအဝေးကွင်

းပွဲစဉ်အဖြစ်သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဘာစီလိုနာအသင်းဟာ

အုပ်စုအဖွင့်ပွဲစဉ်(၂)ပွဲတုန်းက ဘိုင်ယန်မြူးနစ်၊ ဘင်ဖီကာအသင်းတို့ကို

(၃-ဝ)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တာကြောင့် (၃)ပွဲကစားပြီးချိန်မှာ(၃)မှတ်သာ

ရထားတဲ့အတွက် အုပ်စုအဆင့်ကကျော်ဖြတ်နိုင်ဖို့ဆိုရင် လက်ကျန်(၃)ပွဲမှာ

အနည်းဆုံး(၂)ပွဲအနိုင်ရမှမျှော်လင့်ချက်ရှိမှာဖြစ်ပါတယ်။

zawgyi

ကိုးမန္းဟာ နည္းျပရာထူးကေနအထုတ္ခံရမယ့္အေနအထားနဲ႔ ရင္ဆိုင္ေနရ

ရီးယဲလ္နဲ႔ကစားခဲ့တဲ့ El Clasico ပြဲမွာ(၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္

ဘာစီလိုနာအသင္းနည္းျပေရာ္နယ္လ္ကိုးမန္းဟာ နည္းျပရာထူးကေန

အထုတ္ခံရမယ့္အေနအထားနဲ႔ရင္ဆိုင္ေနရၿပီး လာမယ့္(၃)ပြဲမွာသာရလဒ္

မေကာင္းခဲ့ရင္ သူ႔ရာထူးကို ေသခ်ာေပါက္စြန႔္လႊတ္ရဖို႔ရွိေနပါၿပီ။

ဘာစီလိုနာအသင္းတာဝန္ရွိသူေတြဟာ ေရာ္နယ္လ္ကိုးမန္းရဲ႕အနာဂတ္နဲ႔

ပတ္သက္လို႔ လာမယ့္ပြဲစဥ္(၃)ပြဲရလဒ္အေပၚမူတည္ၿပီးေတာ့

စဥ္းစားဆုံးျဖတ္သြားမွာျဖစ္ၿပီး အသင္းရဲ႕ဂႏၴဝင္ကစားသမားဇာဗီကို

နည္းျပသစ္ခန႔္ဖို႔ျပင္ဆင္ေနတယ္ဆိုတဲ့သတင္းေတြလည္းထြက္ေပၚေနပါတယ္။

အသက္(၅၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ နယ္သာလန္နည္းျပေရာ္နယ္လ္ကိုးမန္ဟာ

ဒီရာသီမွာ ဘာစီလိုနာအသင္းရဲ႕စိတ္ပ်က္စရာရလဒ္ေတြေၾကာင့္ဖိအားမ်ားေနၿပီး

ဘာစီလိုနာအသင္းဟာ ရာသီအစပိုင္းက,ကစားခဲ့တဲ့ၿပိဳင္ပြဲစုံ(၉)ပြဲမွာ (၃)ပြဲသာ

အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ရီးယဲလ္နဲ႔ပြဲမတိုင္ခင္ အေရးပါတဲ့ပြဲစဥ္ႏွစ္ပြဲျဖစ္တဲ့

ဗလင္စီယာနဲ႔လာလီဂါ၊ ဒိုင္နမိုကိဗ္နဲ႔ခ်န္ပီယံလိဂ္ပြဲေတြမွာႏိုင္ပြဲျပန္ရခဲ့ေပမယ့္

El Clasico ပြဲမွာရႈံးနိမ့္ခဲ့တာေၾကာင့္ အခုဆိုရင္ ဘာစီလိုနာအသင္းဟာ

ရီးယဲလ္နဲ႔(၅)မွတ္အကြာ အဆင့္(၉)ေနရာမွာရပ္တည္ေနရပါတယ္။

ရီးယဲလ္နဲ႔ပြဲအၿပီးမွာ ရႈံးပြဲအေပၚေဒါသေပါက္ကြဲေနၾကတဲ့ ဘာစီလိုနာအသင္း

ဆိုးသြမ္းပရိသတ္တခ်ိဳ႕က ကြင္းျပင္ပမွာ ေရာ္နယ္လ္ကိုးမန္းရဲ႕ကားကို

ဝိုင္းဝန္းတိုက္ခိုက္ခဲ့တာေၾကာင့္ ကားေဘာနက္အဖုံးနဲ႔ကားမွန္ေတြကို

ဝိုင္းၿပီးေတာ့လက္နဲ႔ထုတ္႐ိုက္ခဲ့လို႔ ေရာ္နယ္လ္ကိုးမန္းဟာ

အဲဒီပရိသတ္ေတြၾကားက ခက္ခက္ခဲခဲေမာင္းထြက္ခဲ့ရပါတယ္။

ဘာစီလိုနာအသင္းဟာ လာလီဂါၾကားပြဲအျဖစ္ မနက္ျဖန္က်ရင္

ဗယ္လက္ကာႏိုအသင္းနဲ႔အေဝးကြင္းပြဲစဥ္ကစားရမွာျဖစ္ၿပီး လာမယ့္စေနေန႔မွာ

အလာဗတ္စ္အသင္းကို အိမ္ကြင္းပြဲစဥ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။

အဲဒီပြဲေတြၿပီးရင္ေတာ့ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အျဖစ္ ဒိုင္နမိုကိဗစ္ကိုအေဝးကြင္

းပြဲစဥ္အျဖစ္သြားေရာက္ရင္ဆိုင္ရမွာျဖစ္ၿပီး ဘာစီလိုနာအသင္းဟာ

အုပ္စုအဖြင့္ပြဲစဥ္(၂)ပြဲတုန္းက ဘိုင္ယန္ျမဴးနစ္၊ ဘင္ဖီကာအသင္းတို႔ကို

(၃-ဝ)ဂိုးျပတ္နဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ (၃)ပြဲကစားၿပီးခ်ိန္မွာ(၃)မွတ္သာ

ရထားတဲ့အတြက္ အုပ္စုအဆင့္ကေက်ာ္ျဖတ္ႏိုင္ဖို႔ဆိုရင္ လက္က်န္(၃)ပြဲမွာ

အနည္းဆုံး(၂)ပြဲအႏိုင္ရမွေမွ်ာ္လင့္ခ်က္ရွိမွာျဖစ္ပါတယ္။