
သောကြာနေ့မှာကစားခဲ့တဲ့ ယူနိုက်တက်နဲ့ အဲဗာတန်တို့ရဲ့





အက်ဖ်အေဖလား တတိယအဆင့်ပွဲမှာ သရဲနီတွေခွင့်ပြုခဲ့ရတဲ့
တစ်လုံးတည်းသောချေပဂိုးမှာ ဂိုးသမားဒီဂီယာရဲ့ အမှားမကင်းခဲ့ပါဘူး။





ကိုအာဒီရဲ့ သွင်းဂိုးကို ဒီဂီယာကလက်ဆောင်ပေးခဲ့သလိုဖြစ်ခဲ့ပေမဲ့
စပိန်ဂိုးသမားရဲ့အမှားက ရှင်းပြလို့မရအောင်ကိုအရမ်းထူးဆန်းခဲ့ပါတယ်။
ယူနိုက်တက်ဟာ အန်တိုနီရဲ့ ပွဲချိန်၄ မိနစ်သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး





ပွဲချိန် ၁၄ မိနစ်မှာ ချေပဂိုးပြန်ပေးခဲ့ရတာဖြစ်တယ်။
မူပေးရဲ့ဘယ်လိုမှမဖြစ်နိုင်တဲ့ကန်ချက်ကို ဒီဂီယာက





ဂိုးတိုင်ကိုလက်နဲ့ကိုင်ထားပြီး ခြေထောက်နဲ့တားဆီးရာမှာ
ဘောလုံးတစ်လုံးစာလောက်သာရှိတဲ့ သူ့ရဲ့ခြေထောက်ကြားကနေ
ထွက်သွားပြီး အသင့်ရှိနေတဲ့ ကိုအာဒီက ပိတ်သွင်းသွားခဲ့တာပါ။





မကြာသေးခင်က လစာဖြတ်တောက်ခံပြီး အိုးလ်ထရက်ဖို့ဒ်မှာ
ဆက်နေဖို့ကမ်းလှမ်းခဲ့တဲ့ ဒီဂီယာဟာ နောက်ပိုင်းပွဲစဉ်တွေမှာ





ထူးထူးဆန်းဆန်းတွေဆက်တိုက်ဖြစ်နေတာပါ။ အိုးလ်ထရက်ဖို့ဒ်မှာ
ကစားသမားဘဝကိုအဆုံးသတ်မလားဆိုတဲ့ The Guardian
သတင်းစာရဲ့မေးမြန်းချက်ကိုတော့ စပိန်ဂိုးသမားက





“ငါမျှော်လင့်တယ်။ ကျွန်တော်ပြောနေကျအတိုင်း ဒါဟာ
ကျွန်တော့်ကလပ်ပါ၊ ဒီမှာနှစ်အတော်ကြာနေခဲ့ပြီး ဂုဏ်ယူမိသလို





အရမ်းလည်းပျော်ရွှင်မိပါတယ်။ ဟုတ်တယ်၊ ကျွန်တော်
စိတ်အေးလက်အေးပါပဲ၊ လေ့ကျင့်ရေးကိုပဲအာရုံစိုက်ပြီး
တတ်နိုင်သမျှအကောင်းဆုံးလုပ်ဆောင်နေပါတယ်။





သေချာတာကတော့ ကောင်းမွန်တဲ့နည်းလမ်းနဲ့အဆုံးသတ်သွားမှာပါ” လို့ ဆိုခဲ့ပါတယ်။
zawgyi





ကိုအာဒီ သြင္းဂိုးမွာ ဒီဂီယာရဲ႕အမွားကအရမ္းကိုထူးဆန္းၿပီး ရွင္းျပလို႔မရခဲ့ဘူး
ေသာၾကာေန႔မွာကစားခဲ့တဲ့ ယူႏိုက္တက္နဲ႔ အဲဗာတန္တို႔ရဲ႕
အက္ဖ္ေအဖလား တတိယအဆင့္ပြဲမွာ သရဲနီေတြခြင့္ျပဳခဲ့ရတဲ့
တစ္လုံးတည္းေသာေခ်ပဂိုးမွာ ဂိုးသမားဒီဂီယာရဲ႕ အမွားမကင္းခဲ့ပါဘူး။
ကိုအာဒီရဲ႕ သြင္းဂိုးကို ဒီဂီယာကလက္ေဆာင္ေပးခဲ့သလိုျဖစ္ခဲ့ေပမဲ့
စပိန္ဂိုးသမားရဲ႕အမွားက ရွင္းျပလို႔မရေအာင္ကိုအရမ္းထူးဆန္းခဲ့ပါတယ္။
ယူႏိုက္တက္ဟာ အန္တိုနီရဲ႕ ပြဲခ်ိန္၄ မိနစ္သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး
ပြဲခ်ိန္ ၁၄ မိနစ္မွာ ေခ်ပဂိုးျပန္ေပးခဲ့ရတာျဖစ္တယ္။
မူေပးရဲ႕ဘယ္လိုမွမျဖစ္ႏိုင္တဲ့ကန္ခ်က္ကို ဒီဂီယာက
ဂိုးတိုင္ကိုလက္နဲ႔ကိုင္ထားၿပီး ေျခေထာက္နဲ႔တားဆီးရာမွာ
ေဘာလုံးတစ္လုံးစာေလာက္သာရွိတဲ့ သူ႔ရဲ႕ေျခေထာက္ၾကားကေန
ထြက္သြားၿပီး အသင့္ရွိေနတဲ့ ကိုအာဒီက ပိတ္သြင္းသြားခဲ့တာပါ။
မၾကာေသးခင္က လစာျဖတ္ေတာက္ခံၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ
ဆက္ေနဖို႔ကမ္းလွမ္းခဲ့တဲ့ ဒီဂီယာဟာ ေနာက္ပိုင္းပြဲစဥ္ေတြမွာ
ထူးထူးဆန္းဆန္းေတြဆက္တိုက္ျဖစ္ေနတာပါ။ အိုးလ္ထရက္ဖို႔ဒ္မွာ
ကစားသမားဘဝကိုအဆုံးသတ္မလားဆိုတဲ့ The Guardian
သတင္းစာရဲ႕ေမးျမန္းခ်က္ကိုေတာ့ စပိန္ဂိုးသမားက
“ငါေမွ်ာ္လင့္တယ္။ ကြၽန္ေတာ္ေျပာေနက်အတိုင္း ဒါဟာ
ကြၽန္ေတာ့္ကလပ္ပါ၊ ဒီမွာႏွစ္အေတာ္ၾကာေနခဲ့ၿပီး ဂုဏ္ယူမိသလို
အရမ္းလည္းေပ်ာ္႐ႊင္မိပါတယ္။ ဟုတ္တယ္၊ ကြၽန္ေတာ္
စိတ္ေအးလက္ေအးပါပဲ၊ ေလ့က်င့္ေရးကိုပဲအာ႐ုံစိုက္ၿပီး
တတ္ႏိုင္သမွ်အေကာင္းဆုံးလုပ္ေဆာင္ေနပါတယ္။
ေသခ်ာတာကေတာ့ ေကာင္းမြန္တဲ့နည္းလမ္းနဲ႔အဆုံးသတ္သြားမွာပါ” လို႔ ဆိုခဲ့ပါတယ္။