ကိုရီးယားမင်းသားကို ဂျပန်ဗားရှင်းနဲ့ မြင်တွေ့ရမယ့် လက်ဝှေ့သမား

အခုလို ဆိုရှယ်မီဒီယာအားကောင်းမှုနဲ့ အင်တာနက်ခေတ်ကြီးမှာ

ဆယ်လီအတော်များများလည်း ထွက်ပေါ်လာပြီး အဲဒီထဲမှာ
ဂျပန်လက်ဝှေ့သမား ကိုတာမီအူရာလည်း တစ်ဦးအပါအဝင်ဖြစ်ပြီး
လက်ဝှေ့သမားဖြစ်ပေမယ့် အမျိုးသမီးပရိသတ်လည်း
အများအပြားရရှိထားသူဖြစ်ပါတယ်။
သူကိုယ်တိုင်ကလည်း လူမှုမီဒီယာကို

ပုံမှန်သုံးစွဲလေ့ရှိပြီး TikTok မှာ သူ့ဗီဒီယိုတွေကို
ဝင်ရောက်ကြည့်ရှုသူက ၅သန်းကျော်ရှိပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ MMA ဖိုက်တာဖြစ်တဲ့
ကိုတာဟာ တောင်ကိုရီးယားမင်းသားချော
ပတ်ဘိုဂမ်းနဲ့ တစ်ထေရာတည်းပဲလို့ ပရိသတ်တွေက

ယူဆနေပြီး တချို့ကလည်း တောင်ကိုရီးယားနာမည်ကျော်
ယောက်ျားလေးသီချင်းဆိုအဖွဲ့ဖြစ်တဲ့ SF9 ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့
ဒါဝမ်နဲ့လည်း တူတယ်လို့ ထင်မှတ်နေပါတယ်။
သူဟာ ရုပ်ရည် ချောမောခန့်ညားတဲ့အပြင်
လက်ဝှေ့လောကမှာလည်း အလားအလာအများကြီးရှိသူအဖြစ်

သတ်မှတ်ခံထားရပါတယ်။
ကိုဘေးမြို့မှာ မွေးဖွားခဲ့တဲ့ ကိုတာဟာ
ဂျပန်အပျော်တမ်း ဖယ်သာဝိတ်တန်းမှာ
လက်ဝှေ့သမား ၂၇ ဦးရှိတဲ့အနက် အဆင့် ၄
နေရာမှာ ရပ်တည်နေသူဖြစ်ပြီး မကြာသေးခင်ကမှ

လက်ဝှေ့လောကထဲ ဝင်လာပေမယ့်
သူ့ရဲ့အရေးပါမှုကတော့ တစ်မဟုတ်ချင်း တိုးတက်လာပါတယ်။
သူ့ရဲ့ချောမောလှပတဲ့ မျက်နှာပေါက်ကြောင့်
ပရိသတ်သစ်တွေ အများအပြားရလာပြီး
သူကိုယ်တိုင်က အနုပညာလောကထဲ

ဝင်ရောက်လို့ရတဲ့ ရုပ်ရည်မျိုးပိုင်ဆိုင်ထားပေမယ့်
ဝါသနာပါရာ လက်ဝှေ့လောကထဲပဲ ခြေစုံပစ်ဝင်လာတာပါ။

Zawgyi

ကိုရီးယားမင္းသားကို ဂ်ပန္ဗားရွင္းနဲ႔ ျမင္ေတြ႕ရမယ့္ လက္ေ၀ွ႕သမား
အခုလို ဆိုရွယ္မီဒီယာအားေကာင္းမႈနဲ႔ အင္တာနက္ေခတ္ႀကီးမွာ
ဆယ္လီအေတာ္မ်ားမ်ားလည္း ထြက္ေပၚလာၿပီး အဲဒီထဲမွာ
ဂ်ပန္လက္ေ၀ွ႕သမား ကိုတာမီအူရာလည္း တစ္ဦးအပါအ၀င္ျဖစ္ၿပီး
လက္ေ၀ွ႕သမားျဖစ္ေပမယ့္ အမ်ိဳးသမီးပရိသတ္လည္း

အမ်ားအျပားရရွိထားသူျဖစ္ပါတယ္။
သူကိုယ္တိုင္ကလည္း လူမႈမီဒီယာကို
ပုံမွန္သုံးစြဲေလ့ရွိၿပီး TikTok မွာ သူ႕ဗီဒီယိုေတြကို
၀င္ေရာက္ၾကည့္ရႈသူက ၅သန္းေက်ာ္ရွိပါတယ္။
အသက္ ၁၉ ႏွစ္အရြယ္ရွိ MMA ဖိုက္တာျဖစ္တဲ့

ကိုတာဟာ ေတာင္ကိုရီးယားမင္းသားေခ်ာ
ပတ္ဘိုဂမ္းနဲ႔ တစ္ေထရာတည္းပဲလို႔ ပရိသတ္ေတြက
ယူဆေနၿပီး တခ်ိဳ႕ကလည္း ေတာင္ကိုရီးယားနာမည္ေက်ာ္
ေယာက္်ားေလးသီခ်င္းဆိုအဖြဲ႔ျဖစ္တဲ့ SF9 ရဲ႕ အဖြဲ႕၀င္တစ္ဦးျဖစ္တဲ့
ဒါ၀မ္နဲ႔လည္း တူတယ္လို႔ ထင္မွတ္ေနပါတယ္။

သူဟာ ႐ုပ္ရည္ ေခ်ာေမာခန္႔ညားတဲ့အျပင္
လက္ေ၀ွ႕ေလာကမွာလည္း အလားအလာအမ်ားႀကီးရွိသူအျဖစ္
သတ္မွတ္ခံထားရပါတယ္။
ကိုေဘးၿမိဳ႕မွာ ေမြးဖြားခဲ့တဲ့ ကိုတာဟာ
ဂ်ပန္အေပ်ာ္တမ္း ဖယ္သာဝိတ္တန္းမွာ

လက္ေ၀ွ႕သမား ၂၇ ဦးရွိတဲ့အနက္ အဆင့္ ၄
ေနရာမွာ ရပ္တည္ေနသူျဖစ္ၿပီး မၾကာေသးခင္ကမွ
လက္ေ၀ွ႕ေလာကထဲ ၀င္လာေပမယ့္
သူ႕ရဲ႕အေရးပါမႈကေတာ့ တစ္မဟုတ္ခ်င္း တိုးတက္လာပါတယ္။
သူ႕ရဲ႕ေခ်ာေမာလွပတဲ့ မ်က္ႏွာေပါက္ေၾကာင့္

ပရိသတ္သစ္ေတြ အမ်ားအျပားရလာၿပီး
သူကိုယ္တိုင္က အႏုပညာေလာကထဲ
၀င္ေရာက္လို႔ရတဲ့ ႐ုပ္ရည္မ်ိဳးပိုင္ဆိုင္ထားေပမယ့္
ဝါသနာပါရာ လက္ေ၀ွ႕ေလာကထဲပဲ ေျခစုံပစ္၀င္လာတာပါ။