ကိုရီးယားကြယ်ပွင့် တစ်ပွင့်ခေါ်ဖို့ ပက်ဂျီဆန် မန်ယူကို တိုက်တွန်း

စပါးကြယ်ပွင့်ဆွန်ဟောင်မင်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ အောင်မြင်မှု

ကြီးကြီးမားရမယ့်သူလို့ မန်ယူကစားသမားဟောင်းပက်ဂျီဆန်က ဆိုလိုက်ပြီး

ခေါ်ယူမှုလုပ်ဖို့ သူ့အသင်းဟောင်းကို တိုက်တွန်းလိုက်ပါတယ်။

ပက်ဂျီဆန်ဟာ မန်ယူအတွက် ပြိုင်ပွဲအရပ်ရပ် ပွဲ ၂၀၀ ကျော်ကစားခဲ့ပြီး

အသင်းပရိသတ်တွေရဲ့ဖေးဘရိတ်ကစားသမားတစ်ယေက်ဖြစ်ခဲ့တာပါ။

”ဆွန်ဟာ ပရီးမီးယားလိဂ်မှာ သူ့ကိုယ်သူ သက်သေပြထားပြီးသားပါ။

မန်ယူမှာလည်း သူအရမ်းကို ကောင်းကောင်းလုပ်နိုင်မယ်လို့

ကျွန်တော်ယုံကြည်ပါတယ်။ ပြသနာလေးတစ်ခုပဲ ရှိတယ်။

အဲဒါက သူ့ရဲ့ဖေးဘရိတ်နံပါတ်ဖြစ်တဲ့ ၇ ကို စီရော်နယ်ဒိုက ဝတ်ဆင်ထားတာပါ။

ဒါပေမဲ့ ဆွန်ထက် အခြားတစ်ယောက်ကို ရွေးရမယ်ဆိုရင်

ဝုဗ်က ဟွမ်ဟီချန်းနဲ့ မာယော့ကာ လီကန်အင်တု့ိဖြစ်ပြီး နှစ်ယောက်စလုံးက

အလားအလာကောင်းကြသူတွေပါ”လို့ ပက်ဂျီဆန်က ပြောကြားခဲ့တာပါ။

၂၉ နှစ်အရွယ် ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး

တိုက်စစ်ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး အဲဒီပြိုင်ပွဲမှာ

ကစားခဲ့တဲ့ ၂၁၁ ပွဲမှာ ၇၆ ဂိုးသွင်း၊ ၄၁ ဂိုးဖန်တီးပေးထားပါတယ်။

ဒါ့အပြင် ပက်ဂျီဆန်ဟာ မန်ယူမှာ သူနဲ့တွဲကစားဖူးတဲ့ အသင်းကြယ်ပွင့်

စီရော်နယ်ဒိုကို ချီးကျုးစကားဆိုခဲပါတယ်။

”ကလပ်မှာ သူ့ရဲ့အကောင်းဆုံးအချိန်တွေကို အရင်က ဖြတ်သန်းဖူးတဲ့

ကစားသမားတစ်ယောက်ဟာ ယူနိုက်တက်ကို ပြန်လာတယ်ဆိုတာ

မလွယ်ကူသလို အရမ်းလည်း ရှားပါတယ်။ ဒါပေမဲ့ အဲဒါမျိုးလုပ်နိုင်တဲ့တစ်ယောက်က

စီရော်နယ်ဒိုပါပဲ။ ပြီးတော့ အားလုံးသိကြသလိုပဲ သူဟာ လေ့ကျင့်ရေးကို

ပထမဆုံးရောက်လာသလို နောက်ဆုံးမှ ထွက်ခွာသွားသူဖြစ်လို့ ဘောလုံးအပေါ်

သူ့ရဲ့ပြင်းပြမှုကို ပြသရာရောက်ပါတယ်။ ၃၆ နှစ်အရွယ်မှာတောင် သူ့ခြေစွမ်းက

မယုံနိုင်စရာလို့ လူတွေကပြောကြပေမယ့် အရင်ကတည်းက ဒါတွေကိုမြင်ခဲ့တဲ့

ကစားဖော်ဟောင်းတစ်ယောက်အနေနဲ့ကတော့ အံ့သြစရာမရှိပါဘူး”လို့

ပက်ဂျီဆန်က ဆက်လက်ပြောကြားခဲ့တာပါ။

zawgyi

ကိုရီးယားၾကယ္ပြင့္ တစ္ပြင့္ေခၚဖို႔ ပက္ဂ်ီဆန္ မန္ယူကို တိုက္တြန္း

စပါးၾကယ္ပြင့္ဆြန္ေဟာင္မင္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ေအာင္ျမင္မႈ

ႀကီးႀကီးမားရမယ့္သူလို႔ မန္ယူကစားသမားေဟာင္းပက္ဂ်ီဆန္က ဆိုလိုက္ၿပီး

ေခၚယူမႈလုပ္ဖို႔ သူ႔အသင္းေဟာင္းကို တိုက္တြန္းလိုက္ပါတယ္။

ပက္ဂ်ီဆန္ဟာ မန္ယူအတြက္ ၿပိဳင္ပြဲအရပ္ရပ္ ပြဲ ၂၀၀ ေက်ာ္ကစားခဲ့ၿပီး

အသင္းပရိသတ္ေတြရဲ႕ေဖးဘရိတ္ကစားသမားတစ္ေယက္ျဖစ္ခဲ့တာပါ။

”ဆြန္ဟာ ပရီးမီးယားလိဂ္မွာ သူ႔ကိုယ္သူ သက္ေသျပထားၿပီးသားပါ။

မန္ယူမွာလည္း သူအရမ္းကို ေကာင္းေကာင္းလုပ္ႏိုင္မယ္လို႔

ကြၽန္ေတာ္ယုံၾကည္ပါတယ္။ ျပသနာေလးတစ္ခုပဲ ရွိတယ္။

အဲဒါက သူ႔ရဲ႕ေဖးဘရိတ္နံပါတ္ျဖစ္တဲ့ ၇ ကို စီေရာ္နယ္ဒိုက ဝတ္ဆင္ထားတာပါ။

ဒါေပမဲ့ ဆြန္ထက္ အျခားတစ္ေယာက္ကို ေ႐ြးရမယ္ဆိုရင္

ဝုဗ္က ဟြမ္ဟီခ်န္းနဲ႔ မာေယာ့ကာ လီကန္အင္တု႔ိျဖစ္ၿပီး ႏွစ္ေယာက္စလုံးက

အလားအလာေကာင္းၾကသူေတြပါ”လို႔ ပက္ဂ်ီဆန္က ေျပာၾကားခဲ့တာပါ။

၂၉ ႏွစ္အ႐ြယ္ ဆြန္ေဟာင္မင္ဟာ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံး

တိုက္စစ္ကစားသမားေတြထဲက တစ္ေယာက္ျဖစ္ၿပီး အဲဒီၿပိဳင္ပြဲမွာ

ကစားခဲ့တဲ့ ၂၁၁ ပြဲမွာ ၇၆ ဂိုးသြင္း၊ ၄၁ ဂိုးဖန္တီးေပးထားပါတယ္။

ဒါ့အျပင္ ပက္ဂ်ီဆန္ဟာ မန္ယူမွာ သူနဲ႔တြဲကစားဖူးတဲ့ အသင္းၾကယ္ပြင့္

စီေရာ္နယ္ဒိုကို ခ်ီးက်ဳးစကားဆိုခဲပါတယ္။

”ကလပ္မွာ သူ႔ရဲ႕အေကာင္းဆုံးအခ်ိန္ေတြကို အရင္က ျဖတ္သန္းဖူးတဲ့

ကစားသမားတစ္ေယာက္ဟာ ယူႏိုက္တက္ကို ျပန္လာတယ္ဆိုတာ

မလြယ္ကူသလို အရမ္းလည္း ရွားပါတယ္။ ဒါေပမဲ့ အဲဒါမ်ိဳးလုပ္ႏိုင္တဲ့တစ္ေယာက္က

စီေရာ္နယ္ဒိုပါပဲ။ ၿပီးေတာ့ အားလုံးသိၾကသလိုပဲ သူဟာ ေလ့က်င့္ေရးကို

ပထမဆုံးေရာက္လာသလို ေနာက္ဆုံးမွ ထြက္ခြာသြားသူျဖစ္လို႔ ေဘာလုံးအေပၚ

သူ႔ရဲ႕ျပင္းျပမႈကို ျပသရာေရာက္ပါတယ္။ ၃၆ ႏွစ္အ႐ြယ္မွာေတာင္ သူ႔ေျခစြမ္းက

မယုံႏိုင္စရာလို႔ လူေတြကေျပာၾကေပမယ့္ အရင္ကတည္းက ဒါေတြကိုျမင္ခဲ့တဲ့

ကစားေဖာ္ေဟာင္းတစ္ေယာက္အေနနဲ႔ကေတာ့ အံ့ၾသစရာမရွိပါဘူး”လို႔

ပက္ဂ်ီဆန္က ဆက္လက္ေျပာၾကားခဲ့တာပါ။