
ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး အိုင်ကာဒီရဲ့ဇနီးဖြစ်တဲ့ ဝမ်ဒါနာရာ ဟာ
သူ့ယောက်ကျားရဲ့ငယ်ပါထိလုနီးပါးဖြစ်တဲ့အထိပွတ်သပ်ပြတဲ့ ပုံကို
အင်စတာဂရမ်ပေါ်တင်လိုက်လို့ ပရိသတ်တွေကြားထဲမှာ
အံ့ဩမင်သက်ခဲ့ကြရတယ်လို့ သိရပါတယ်။
အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဝမ်ဒါနာရာ ဟာသူ့ရဲ့ကိုယ်ပိုင်အဝတ်အစားဘရန်းတစ်ခုဖြစ်တဲ့
wanda.swim ကိုပရိုမိုးရှင်းလုပ်ရာမှာ အခုလိုလုပ်ပြသွားခဲ့တာဖြစ်ပါတယ်။
သူတို့ဇနီးမောင်နှံဟာရေကူးကန်တစ်ခုမှာပို့စ်ပေးပြီး
ဓါတ်ပုံအရိုက်ခံရာမှာ အိုင်ကာဒီရဲ့ဘောင်းဘီတိုလိပ်တက်နေတဲ့ငယ်ပါနေရာနားကို
ဝမ်ဒါနာရာကလက်နဲ့ထိလုနီးပါးလုပ်ပြခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်လည်းပရိသတ်တွေကြားထဲမှာ အံ့အားသင့်ခဲ့ကြရပြီး
တစ်ဦးကဆိုရင်” ဒီလက်ပေါ့။ သူ့ရဲ့နယ်ပယ်ပိုင်နက်ကိုသတ်မှတ်လိုက်တာ” လို့
တုံ့ပြန်ခဲ့ပါတယ်။ နောက်တစ်ယောက်ကလည်း” မင်းဘယ်နေရာကို
ထိဖို့လုပ်နေတာလဲ ဝမ်ဒါနာရာ” လို့မေးခွန်းထုတ်ခဲ့ပါတယ်။
ဝမ်ဒါနာရာနဲ့ အိုင်ကာဒီ တို့ဟာမကြာသေးခင်က သူတို့လင်မယားအကြားက
လိမ်ညာမှုအရှုပ်တော်ပုံကို အဆုံးသတ်နိုင်ခဲ့ပြီးနောက်
ပြန်လည်ပေါင်းထုပ်နေကြတာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့သတင်းတွေအရ
အိုင်ကာဒီဟာ ဝမ်ဒါနာရာကွယ်ရာမှာဖောက်ပြန်ခဲ့ပြီးသူတို့နှစ်ယောက်
ပြဿနာတက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီအခြေအနေကြောင့် အိုင်ကာဒီဟာ
ပြဿနာဖြေရှင်းနေရတဲ့အတွက် လိုက်ပ်ဇစ်နဲ့ကစားခဲ့တဲ့ ပီအက်စ်ဂျီရဲ့
ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲကိုလွဲချော်ခဲ့ပါသေးတယ်။
ဝမ်ဒါနာရာ ကလည်းအင်စတာဂရမ်ပေါ်မှာ သူတို့လက်ထပ်လက်စွပ်ကို
ဖယ်ရှားပြီးရိုက်ထားတဲ့ပုံတွေကိုတင်ခဲ့ကာ လက်စွပ်မဝတ်တာက
သူ့ကိုပိုပြီးကောင်းမွန်စေတယ်လို့ ဆိုခဲ့တာကြောင့်
သူတို့အိမ်ထောင်ရေးအက်ကြောင်းထင်လာခဲ့ရပါတယ်။
ဒါပေမယ့်သူတို့ဟာနောက်ပိုင်းမှာ ပြန်လည်ပြေလည်သွားကြပြီး
ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလကို မိသားစု၊ မိတ်ဆွေတွေနဲ့အတူ
ဖြတ်သန်းခဲ့ပါတယ်။ ဝမ်ဒါနာရာဟာ သူတို့မိသားစုပုံတစ်ခုကို
အင်စတာဂရမ်ပေါ်တင်ပြီး” ပျော်ရွှင်စရာခရစ္စမတ်ပါ။
သူတို့အားလုံးဟာ ကျွန်မရဲ့အကောင်းဆုံးလက်ဆောင်တွေပါ။
အားလုံးအတွက် မယ်ရီခရစ္စမတ်ပါ”လို့ စာရေးသားဖော်ပြခဲ့ပါတယ်။
zawgyi
ကိုယ့္ရဲ႕ နယ္ပယ္ပိုင္နက္ကိုသတ္မွတ္လိုက္တဲ့ ဝမ္ဒါနာရာ
ပီအက္စ္ဂ်ီအသင္းတိုက္စစ္မႉး အိုင္ကာဒီရဲ႕ဇနီးျဖစ္တဲ့ ဝမ္ဒါနာရာ ဟာ
သူ႔ေယာက္က်ားရဲ႕ငယ္ပါထိလုနီးပါးျဖစ္တဲ့အထိပြတ္သပ္ျပတဲ့ ပုံကို
အင္စတာဂရမ္ေပၚတင္လိုက္လို႔ ပရိသတ္ေတြၾကားထဲမွာ
အံ့ဩမင္သက္ခဲ့ၾကရတယ္လို႔ သိရပါတယ္။
အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ ဝမ္ဒါနာရာ ဟာသူ႔ရဲ႕ကိုယ္ပိုင္အဝတ္အစားဘရန္းတစ္ခုျဖစ္တဲ့
wanda.swim ကိုပ႐ိုမိုးရွင္းလုပ္ရာမွာ အခုလိုလုပ္ျပသြားခဲ့တာျဖစ္ပါတယ္။
သူတို႔ဇနီးေမာင္ႏွံဟာေရကူးကန္တစ္ခုမွာပို႔စ္ေပးၿပီး
ဓါတ္ပုံအ႐ိုက္ခံရာမွာ အိုင္ကာဒီရဲ႕ေဘာင္းဘီတိုလိပ္တက္ေနတဲ့ငယ္ပါေနရာနားကို
ဝမ္ဒါနာရာကလက္နဲ႔ထိလုနီးပါးလုပ္ျပခဲ့တာျဖစ္ပါတယ္။
ဒါေၾကာင့္လည္းပရိသတ္ေတြၾကားထဲမွာ အံ့အားသင့္ခဲ့ၾကရၿပီး
တစ္ဦးကဆိုရင္” ဒီလက္ေပါ့။ သူ႔ရဲ႕နယ္ပယ္ပိုင္နက္ကိုသတ္မွတ္လိုက္တာ” လို႔
တုံ႔ျပန္ခဲ့ပါတယ္။ ေနာက္တစ္ေယာက္ကလည္း” မင္းဘယ္ေနရာကို
ထိဖို႔လုပ္ေနတာလဲ ဝမ္ဒါနာရာ” လို႔ေမးခြန္းထုတ္ခဲ့ပါတယ္။
ဝမ္ဒါနာရာနဲ႔ အိုင္ကာဒီ တို႔ဟာမၾကာေသးခင္က သူတို႔လင္မယားအၾကားက
လိမ္ညာမႈအရႈပ္ေတာ္ပုံကို အဆုံးသတ္ႏိုင္ခဲ့ၿပီးေနာက္
ျပန္လည္ေပါင္းထုပ္ေနၾကတာျဖစ္ပါတယ္။ ထြက္ေပၚလာတဲ့သတင္းေတြအရ
အိုင္ကာဒီဟာ ဝမ္ဒါနာရာကြယ္ရာမွာေဖာက္ျပန္ခဲ့ၿပီးသူတို႔ႏွစ္ေယာက္
ျပႆနာတက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ဒီအေျခအေနေၾကာင့္ အိုင္ကာဒီဟာ
ျပႆနာေျဖရွင္းေနရတဲ့အတြက္ လိုက္ပ္ဇစ္နဲ႔ကစားခဲ့တဲ့ ပီအက္စ္ဂ်ီရဲ႕
ခ်န္ပီယံလိဂ္အုပ္စုအဆင့္ပြဲကိုလြဲေခ်ာ္ခဲ့ပါေသးတယ္။
ဝမ္ဒါနာရာ ကလည္းအင္စတာဂရမ္ေပၚမွာ သူတို႔လက္ထပ္လက္စြပ္ကို
ဖယ္ရွားၿပီး႐ိုက္ထားတဲ့ပုံေတြကိုတင္ခဲ့ကာ လက္စြပ္မဝတ္တာက
သူ႔ကိုပိုၿပီးေကာင္းမြန္ေစတယ္လို႔ ဆိုခဲ့တာေၾကာင့္
သူတို႔အိမ္ေထာင္ေရးအက္ေၾကာင္းထင္လာခဲ့ရပါတယ္။
ဒါေပမယ့္သူတို႔ဟာေနာက္ပိုင္းမွာ ျပန္လည္ေျပလည္သြားၾကၿပီး
ခရစၥမတ္နဲ႔ ႏွစ္သစ္ကူးကာလကို မိသားစု၊ မိတ္ေဆြေတြနဲ႔အတူ
ျဖတ္သန္းခဲ့ပါတယ္။ ဝမ္ဒါနာရာဟာ သူတို႔မိသားစုပုံတစ္ခုကို
အင္စတာဂရမ္ေပၚတင္ၿပီး” ေပ်ာ္႐ႊင္စရာခရစၥမတ္ပါ။
သူတို႔အားလုံးဟာ ကြၽန္မရဲ႕အေကာင္းဆုံးလက္ေဆာင္ေတြပါ။
အားလုံးအတြက္ မယ္ရီခရစၥမတ္ပါ”လို႔ စာေရးသားေဖာ္ျပခဲ့ပါတယ္။