
မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာဟာအသင်းအတွက်
အကောင်းဆုံးခြေစွမ်းပြနေတဲ့ကန်ဆယ်လိုကိုသမိုင်းမှာ အအောင်မြင်ဆုံး
နောက်ခံလူတွေထဲက တစ်ယောက်ဖြစ်တဲ့
ဘိုင်ယန်မြူးနစ် ကစားသမားဟောင်း ဖိလစ်လမ်းနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။
လက်ရှိ ဥရောပဘောလုံးရာသီမှာကန်ဆယ်လောက် ကွင်းအတွင်း
ကွင်းအပြင်နှစ်ခုစလုံးမှာအသင်းအတွက် အကောင်း ဆုံးစွမ်းဆောင်ပေးနိုင်တဲ့
ပြိုင်ဘက် ကစားသမား မရှိသေးကြောင်း သိရပါတယ်။
ပေါ်တူဂီနောက်ခံလူဟာပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲမှာ
ဂိုးဖန်တီးမှုသုံးကြိမ် လုပ်ထားသလို ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲမှာလည်း
ဂိုးဖန်တီးမှုသုံးကြိမ်လုပ်ဆောင်ထားသူဖြစ်ပါတယ်။“အခုချိန်မှာ
ကန်ဆယ်လိုက ဘိုင်ယန်မြူးနစ်က ဖိလစ်လမ်းလိုကစားနေတာပါ။
လမ်းက ကျွန်တော့်ဘဝမှာ မြင်တွေ့ခဲ့ဖူးသမျှထဲ
နောက်တန်းကနေ ကွင်းလယ်ခံစစ် ကစားသမားအဆင့်ထိ
ပြောင်းကစားနိုင်တဲ့အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။”
“ကန်ဆယ်လိုမှာလည်း အဲဒီလို အရည်အချင်းရှိတယ်။
သူ့ရဲ့ နဂိုနေရာက ညာခြမ်းပါ။ ဒါပေမယ့် သူက ပြဿနာမရှိဘဲနှစ်ခြမ်းလုံးမှာ
ကစားနိုင်တယ်။ ခြေနှစ်ဖက်လုံးနဲ့လည်း ပြီးပြည့်စုံစွာ
ကစားနိုင်ပါတယ်။ သူ့မှာ ကြီးမားတဲ့ အရည်အသွေးတစ်ခုရှိတယ်။
သူက တစ်ရက်ကို ၂၄ နာရီလုံး ဘောလုံးကစားနိုင်တယ်။ ကစားရတာကိုပဲ
သူက သဘောကျနေတာပါ ”လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာပါ။
အသက် ၂၇ နှစ်အရွယ် ကန်ဆယ်လိုဟာ ၂၀၁၉ ခုနှစ် မှာ
ဂျူဗင်တပ်စ်ကနေ ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့လာပြီးနောက်ပိုင်း
အင်္ဂလန်မှာ ကနဦး ရုန်းကန်ခဲ့ရပေမယ့် အခုတော့ အထိုင်ကျလာနေပါပြီ။
zawgyi
ကိုယ့္ငါးခ်ဥ္ ကိုယ္ခ်ဥ္ေနတဲ့ ဂြာဒီယိုလာ
မန္စီးတီးအသင္းနည္းျပဂြါဒီယိုလာဟာအသင္းအတြက္
အေကာင္းဆုံးေျခစြမ္းျပေနတဲ့ကန္ဆယ္လိုကိုသမိုင္းမွာ အေအာင္ျမင္ဆုံး
ေနာက္ခံလူေတြထဲက တစ္ေယာက္ျဖစ္တဲ့
ဘိုင္ယန္ျမဴးနစ္ ကစားသမားေဟာင္း ဖိလစ္လမ္းနဲ႔ ႏႈိင္းယွဥ္ခဲ့ပါတယ္။
လက္ရွိ ဥေရာပေဘာလုံးရာသီမွာကန္ဆယ္ေလာက္ ကြင္းအတြင္း
ကြင္းအျပင္ႏွစ္ခုစလုံးမွာအသင္းအတြက္ အေကာင္း ဆုံးစြမ္းေဆာင္ေပးႏိုင္တဲ့
ၿပိဳင္ဘက္ ကစားသမား မရွိေသးေၾကာင္း သိရပါတယ္။
ေပၚတူဂီေနာက္ခံလူဟာပရီးမီးယားလိဂ္ေဘာလုံးၿပိဳင္ပြဲမွာ
ဂိုးဖန္တီးမႈသုံးႀကိမ္ လုပ္ထားသလို ခ်န္ပီယံလိဂ္ေဘာလုံးၿပိဳင္ပြဲမွာလည္း
ဂိုးဖန္တီးမႈသုံးႀကိမ္လုပ္ေဆာင္ထားသူျဖစ္ပါတယ္။“အခုခ်ိန္မွာ
ကန္ဆယ္လိုက ဘိုင္ယန္ျမဴးနစ္က ဖိလစ္လမ္းလိုကစားေနတာပါ။
လမ္းက ကြၽန္ေတာ့္ဘဝမွာ ျမင္ေတြ႕ခဲ့ဖူးသမွ်ထဲ
ေနာက္တန္းကေန ကြင္းလယ္ခံစစ္ ကစားသမားအဆင့္ထိ
ေျပာင္းကစားႏိုင္တဲ့အေကာင္းဆုံး ကစားသမား ျဖစ္ခဲ့ပါတယ္။”
“ကန္ဆယ္လိုမွာလည္း အဲဒီလို အရည္အခ်င္းရွိတယ္။
သူ႔ရဲ႕ နဂိုေနရာက ညာျခမ္းပါ။ ဒါေပမယ့္ သူက ျပႆနာမရွိဘဲႏွစ္ျခမ္းလုံးမွာ
ကစားႏိုင္တယ္။ ေျခႏွစ္ဖက္လုံးနဲ႔လည္း ၿပီးျပည့္စုံစြာ
ကစားႏိုင္ပါတယ္။ သူ႔မွာ ႀကီးမားတဲ့ အရည္အေသြးတစ္ခုရွိတယ္။
သူက တစ္ရက္ကို ၂၄ နာရီလုံး ေဘာလုံးကစားႏိုင္တယ္။ ကစားရတာကိုပဲ
သူက သေဘာက်ေနတာပါ ”လို႔ ဂြာဒီယိုလာက ေျပာဆိုခဲ့တာပါ။
အသက္ ၂၇ ႏွစ္အ႐ြယ္ ကန္ဆယ္လိုဟာ ၂၀၁၉ ခုႏွစ္ မွာ
ဂ်ဴဗင္တပ္စ္ကေန ေပါင္သန္း ၆၀ နဲ႔ ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပိုင္း
အဂၤလန္မွာ ကနဦး ႐ုန္းကန္ခဲ့ရေပမယ့္ အခုေတာ့ အထိုင္က်လာေနပါၿပီ။