ကိုယ်လုံးတီးကောင်ဝင်လာ တာကစားရကြပ်သွားတယ်လို့ ဘရူနိုဖာနန်ဒက်စ် ဖွင့်ဟ
မန်ယူအသင်းအတွက်အရေးအကြီးဆုံးကနိုင်ပွဲတွေဖြစ်ပြီး ရော်နယ်ဒိုကိစ္စကအတွင်းရေးသာဖြစ်တယ်လို့ ဘရူနိုဖာနန်ဒက်စ်ကပြောဆိုလိုက်ပါတယ်။
“အခုအချိန် ရော်နယ်ဒိုအကြောင်းကို အတွင်းမှာသိမ်းထားမှာပါ။ ဘာမှမပြောချင်ဘူး။ ကျွန်တော်တို့ဒီကိစ္စကိုအထဲမှာ ကိုင်တွယ်ရမယ်။ ပြီးတော့ ငါတို့ဘာဖြစ်ချင်လဲ။
ဘာတွေဆက်ဖြစ်မလဲဆိုတာမသိပါဘူး။ ဒါကြောင့် ခရစ္စတီယာနိုအပါအဝင် လူတိုင်းအတွက်အရေးအကြီးဆုံးကအသင်းအနိုင်ရဖို့ပါပဲ။
ကျွန်တော့်အတွက်က တော့ ဒီအချက်အရေးကြီးဆုံးပါ” လို့ Sky Sports နဲ့တွေ့ဆုံမှုမှာ ဘရူနိုကပြောဆို ခဲ့ပါတယ်။ ဆက်လက်ပြီး ဘရူနိုကချဲလ်ဆီးနဲ့ပွဲစဉ်ဟာ သရေတစ်မှတ်နဲ့ထိုက်တန်ခဲ့တယ်လို့ ဆိုပါတယ်။
“ဟုတ်တယ်။ ပထမအချက်ကငါတို့တကယ်ကောင်းတယ် ဆိုတာ သိသာပါတယ်။ နည်းစနစ်ပိုင်းအပြောင်းအလဲအရ ကူကူရယ်လာနေရာမှာ ကိုဗာဆစ်ဝင်လာတော့ ကျွန်တော်တို့ကွင်းလယ်မှာ ပြဿနာရှိလာခဲ့ပါတယ်။
ဒါပေ မဲ့နေရာမှန်မှာရှိခဲ့ပြီး အခွင့်အရေးတွေရခဲ့ပါတယ်။ ပထမပိုင်းမှာ ငါတို့ဦးဆောင်ဖို့ ရှိခဲ့တာပါ။ ဒုတိယပိုင်းမှာ ပင်နယ်တီပေးခဲ့ရပြီး ရုန်းထွက်ဖို့အတွက် ယုံကြည်ချက်ရှိခဲ့ပါတယ်။
အကောင်းဆုံးစိတ်ဓါတ်နဲ့ တိုက်ပွဲဝင်ခဲ့ပြီးလိုချင်တာမရခဲ့ပေမဲ့ အကောင်း ဆုံးတစ်ခုတော့ဖြစ်ခဲ့ပါတယ်” လို့ ပွဲအပြီးမှာ ဖာနန်ဒက်စ်က ဖွင့်ဟခဲ့ပါတယ်။
(Zawgyi)
ရော်နယ်ဒို ဒရာမာတွေထက်နိုင်ပွဲအရေးကြီးပြီး ကိုယ်လုံးတီးကောင်ဝင်လာ တာကစားရကြပ်သွားတယ်လို့ ဘရူနိုဖာနန်ဒက်စ် ဖွင့်ဟ