ကိုယ်နဲ့ ထိုက်တန်တဲ့ အကျိုးကို ပြန်ခံစားရတယ်လို့ ကျွန်တော် မြင်ပါတယ် – မေဆန်မောင့်

မေဆန်မောင့်ရဲ့ချယ်လ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ လမ်းပတ်

လက်ထက်မှာ ရုန်းကန်ခဲ့ရပေမယ့် တူချယ်လ်ရောက်လာပြီးမှာတော့

အသင်းဟာ စွမ်းဆောင်ရည်ပိုင်းကောင်းမွန်လာခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ

ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ မေဆန်မောင့်ဟာ

ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဖလားရယူရာမှာ အဓိက

ခြေစွမ်းပြနိုင်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။မေဆန်မောင့်နဲ့ အတူ

ဆန်ခါတင်စာရင်းမှာ ချယ်လ်ဆီး အသင်း ကစားသမားတွေဖြစ်တဲ့

အက်စ်ပီကွီတာ၊ဂျော်ဂျင်ဟို၊ကန်တီနဲ့ လူကာကူတို့လည်းပါဝင်နေတာပါ။

လက်ရှိမှာ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ အတူ ၂၀၂၂ ကမ္ဘာ့ဖလား

ခြေစစ်ပွဲ ကစားဖို့ ပူးပေါင်းနေတဲ့ မောင့် ဟာ မနေ့က ပြုလုပ်ခဲ့တဲ့ ပွဲကြို

သတင်းစာ ရှင်းလင်းပွဲမှာတော့ Ballon D’Or ဆု ဆွတ်ခူးနိုင်ခြေနဲ့

ပတ်သက်တဲ့ မေးမြန်းမှုတွေကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း တုန့်ပြန် ဖြေကြားခဲ့ပါတယ် ။

မောင့် က ” ကျွန်တော် ကတော့ ရမယ်လို့ မထင်ပါဘူး ။ ဒါပေမယ့် ခင်ဗျားတို့

ဘယ်တော့မှ ကြိုမြင်နိုင်မှာ မဟုတ်ပါဘူး ။ ကျွန်တော့်အတွက်

အရေးကြီးဆုံးအရာက နောက်ထပ် မြင့်မားတဲ့ ခြေစွမ်း အဆင့်တွေကို

တက်လှမ်း ရောက်ဖို့ပါပဲ ။ အခုလို Ballon D’Or ဆု အတွက် ဆန်ခါတင် စာရင်းမှာ

ပါဝင်ခွင့် ရတာ ကျွန်တော့် အတွက် စပါယ်ရှယ် ဖြစ်ပါတယ် ။ “

” ကျွန်တော်ဟာလည်း ဒီစာရင်း ပါဝင်ခဲ့တာကို အခြားသူတွေ နည်းတူ

ထုတ်ပြန်တဲ့ တစ်ချိန်တည်းမှာမှ သိခဲ့တာပါ ။ ဒီလို နာမည်ကြီး

ကစားသမား အများအပြား အကြားမှာ ဒီဆု အတွက် ဆန်ခါတင် စာရင်းမှာ

ပါဝင်ခွင့် ရတာ ကျွန်တော့် အတွက် အိပ်မက် တစ်ခု သဖွယ်ပါပဲ ။ “ ” ဒါဟာ

ဒီ နှစ်အနည်းငယ် အတွင်း ကျွန်တော့်ရဲ့ ပြင်းထန်တဲ့ ကြိုးစား  အားထုတ်မှုတွေကြောင့်

ဖြစ်လာတဲ့ ရလဒ် တစ်ခုပဲလို့ ထင်ပါတယ် ။ ကိုယ်နဲ့ ထိုက်တန်တဲ့ အကျိုးကို

ပြန်ခံစားရတယ်လို့ ကျွန်တော် မြင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

zawgyi

ကိုယ္နဲ႔ ထိုက္တန္တဲ့ အက်ိဳးကို ျပန္ခံစားရတယ္လို႔ ကြၽန္ေတာ္ ျမင္ပါတယ္ – ေမဆန္ေမာင့္

ေမဆန္ေမာင့္ရဲ႕ခ်ယ္လ္ဆီး အသင္းဟာ ၿပီးခဲ့တဲ့ရာသီက နည္းျပ လမ္းပတ္

လက္ထက္မွာ ႐ုန္းကန္ခဲ့ရေပမယ့္ တူခ်ယ္လ္ေရာက္လာၿပီးမွာေတာ့

အသင္းဟာ စြမ္းေဆာင္ရည္ပိုင္းေကာင္းမြန္လာခဲ့ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွ

ာ ခ်န္ပီယံဆုကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ေမဆန္ေမာင့္ဟာ

ခ်ယ္လ္ဆီးအသင္း ခ်န္ပီယံလိဂ္ဖလားရယူရာမွာ အဓိက

ေျခစြမ္းျပႏိုင္တဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။ေမဆန္ေမာင့္နဲ႔ အတူ

ဆန္ခါတင္စာရင္းမွာ ခ်ယ္လ္ဆီး အသင္း ကစားသမားေတြျဖစ္တဲ့

အက္စ္ပီကြီတာ၊ေဂ်ာ္ဂ်င္ဟို၊ကန္တီနဲ႔ လူကာကူတို႔လည္းပါဝင္ေနတာပါ။

လက္ရွိမွာ အဂၤလန္ လက္ေ႐ြးစင္ အသင္းနဲ႔ အတူ ၂၀၂၂ ကမာၻ႔ဖလား

ေျခစစ္ပြဲ ကစားဖို႔ ပူးေပါင္းေနတဲ့ ေမာင့္ ဟာ မေန႔က ျပဳလုပ္ခဲ့တဲ့ ပြဲႀကိဳ

သတင္းစာ ရွင္းလင္းပြဲမွာေတာ့ Ballon D’Or ဆု ဆြတ္ခူးႏိုင္ေျခနဲ႔

ပတ္သက္တဲ့ ေမးျမန္းမႈေတြကို အခုလိုပဲ ပြင့္ပြင့္လင္းလင္း တုန႔္ျပန္ ေျဖၾကားခဲ့ပါတယ္ ။

ေမာင့္ က ” ကြၽန္ေတာ္ ကေတာ့ ရမယ္လို႔ မထင္ပါဘူး ။ ဒါေပမယ့္ ခင္ဗ်ားတို႔

ဘယ္ေတာ့မွ ႀကိဳျမင္ႏိုင္မွာ မဟုတ္ပါဘူး ။ ကြၽန္ေတာ့္အတြက္

အေရးႀကီးဆုံးအရာက ေနာက္ထပ္ ျမင့္မားတဲ့ ေျခစြမ္း အဆင့္ေတြကို

တက္လွမ္း ေရာက္ဖို႔ပါပဲ ။ အခုလို Ballon D’Or ဆု အတြက္ ဆန္ခါတင္ စာရင္းမွာ

ပါဝင္ခြင့္ ရတာ ကြၽန္ေတာ့္ အတြက္ စပါယ္ရွယ္ ျဖစ္ပါတယ္ ။ “

” ကြၽန္ေတာ္ဟာလည္း ဒီစာရင္း ပါဝင္ခဲ့တာကို အျခားသူေတြ နည္းတူ

ထုတ္ျပန္တဲ့ တစ္ခ်ိန္တည္းမွာမွ သိခဲ့တာပါ ။ ဒီလို နာမည္ႀကီး

ကစားသမား အမ်ားအျပား အၾကားမွာ ဒီဆု အတြက္ ဆန္ခါတင္ စာရင္းမွာ

ပါဝင္ခြင့္ ရတာ ကြၽန္ေတာ့္ အတြက္ အိပ္မက္ တစ္ခု သဖြယ္ပါပဲ ။ “ ” ဒါဟာ

ဒီ ႏွစ္အနည္းငယ္ အတြင္း ကြၽန္ေတာ့္ရဲ႕ ျပင္းထန္တဲ့ ႀကိဳးစား  အားထုတ္မႈေတြေၾကာင့္

ျဖစ္လာတဲ့ ရလဒ္ တစ္ခုပဲလို႔ ထင္ပါတယ္ ။ ကိုယ္နဲ႔ ထိုက္တန္တဲ့ အက်ိဳးကို

ျပန္ခံစားရတယ္လို႔ ကြၽန္ေတာ္ ျမင္ပါတယ္ ။ ” လို႔ ေျပာၾကားခဲ့ပါတယ္ ။