ကိုယ်တိုင်လည်း စံချိန်သစ်ရေးထိုးနိုင်ခဲ့သလို စပါးအတွက်လည်း စံချိန်ချိုးပေးနိုင်ခဲ့တဲ့ ဟယ်ရီကိန်း

စပါးက ဝုဗ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အိမ်ရှင်အတွက် တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ဟယ်ရီကိန်းဟာ စပါးနဲ့အတူ သွင်းဂိုး ၂၅၀ ပြည့်မြောက်တဲ့စံချိန်ကို ရရှိခဲ့ပြီဖြစ်ပါတယ်။ နောက်ပြီး ဒီသွင်းဂိုးဟာ ဟယ်ရီကိန်းအတွက်

ပရီးမီးယားလိဂ်သွင်းဂိုး ၁၈၅ ဂိုးမြောက် သွင်းဂိုးဖြစ်ပြီး မန်စီးတီးအသင်းနဲ့အတူ တိုက်စစ်မှူးဟောင်း အဂူရို တင်ထားခဲ့တဲ့ ၁၈၄ ဂိုးစံချိန် ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ဟယ်ရီကိန်းဟာ ပရီးမီး ယားလိဂ် ထာဝရ သွင်းဂိုးအများဆုံး ကစားသမားစာရင်းမှာ

အဆင့် ၄ နေ ရာကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ထူးခြားတာက ဒီပွဲမှာ စပါးအသင်းဟာလည်း ဟယ်ရီကိန်းနဲ့အတူ စံချိန်သစ်တစ်ရပ်ကို ရရှိခဲ့ပါတယ်။ အဲဒါကတော့ ဟယ်ရီကိန်းရဲ့သွင်းဂိုးကြောင့် စပါးဟာ ၁၉၉၂ ခုနှစ်မှာ ပရီးမီးယား လိဂ်ပြိုင်ပွဲလို့

အမည်ပြောင်းလဲပြီးနောက်ပိုင်း အိမ်ကွင်းသွင်းဂိုး ၁၀၀၀ ပြည့်မြောက်တဲ့ ပဉ္စမမြောက်အသင်း ဖြစ်လာခဲ့တာပါပဲ။ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားသူကတော့ နယူးကာဆယ်တိုက်စစ်မှူးဟောင်း အလန်ရှီးယားဖြစ်ပြီး သွင်းဂိုး ၂၆၀ နဲ့

ပထမဆုံး နေရာမှာ ရပ်တည်နေပါတယ်။ ဒုတိယနေရာမှာတော့ မန်ယူတိုက်စစ်မှူးဟောင်း ရွန်နေးဖြစ်ပြီး ၂၀၈ ဂိုးနဲ့ ရပ်တည်နေသလို သရဲနီတိုက်စစ်မှူးဟောင်း အင်ဒီကိုးကလည်း ၁၈၇ ဂိုး နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ အဆင့် ၆ နေရာမှာတော့

ချဲလ်ဆီး ကွင်းလယ်လူဟောင်း လမ်းပတ်ဖြစ်ပြီး ၁၇၇ ဂိုးနဲ့ ရပ်တည်နေပါတယ်။ အဆင့် ၈ နေရာမှာတော့ အာဆင်နယ် ဂန္ထဝင်တိုက်စစ်မှူး သီယာရီ ဟင်နရီ က ၁၇၅ ဂိုးနဲ့ ရပ်တည်နေပြီး လီဗာပူးတိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာ က ၁၆၃ ဂိုးနဲ့ အဆင့် ၈ နေရာမှာ ရှိနေပါတယ်။

အဆင့် ၉ နေရာမှာတော့ စပါးတိုက်စစ်မှူးဟောင်း ဒီဖိုးက ၁၆၂ ဂိုးနဲ့ ရပ်တည်နေပြီး အဆင့် ၁၀ နေရာ မှာတော့ လီဗာပူးတိုက်စစ်မှူးဟောင်း အိုဝင်က သွင်းဂိုး ၁၅၀ နဲ့ ရပ်တည်နေပါတယ်။

(zawgyi)

စပါးက ဝုဗ္ကို ၁-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ အိမ္ရွင္အတြက္ တစ္လုံးတည္းေသာ သြင္းဂိုးကို သြင္းယူႏိုင္ခဲ့တဲ့ ဟယ္ရီကိန္းဟာ စပါးနဲ႔အတူ သြင္းဂိုး ၂၅၀ ျပည့္ေျမာက္တဲ့စံခ်ိန္ကို ရရွိခဲ့ၿပီျဖစ္ပါတယ္။ ေနာက္ၿပီး ဒီသြင္းဂိုးဟာ ဟယ္ရီကိန္းအတြက္

ပရီးမီးယားလိဂ္သြင္းဂိုး ၁၈၅ ဂိုးေျမာက္ သြင္းဂိုးျဖစ္ၿပီး မန္စီးတီးအသင္းနဲ႔အတူ တိုက္စစ္မႉးေဟာင္း အဂူ႐ို တင္ထားခဲ့တဲ့ ၁၈၄ ဂိုးစံခ်ိန္ ကိုလည္း ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ဟယ္ရီကိန္းဟာ ပရီးမီး ယားလိဂ္ ထာဝရ သြင္းဂိုးအမ်ားဆုံး

ကစားသမားစာရင္းမွာ အဆင့္ ၄ ေန ရာကို ေရာက္လာခဲ့ၿပီျဖစ္ပါတယ္။ ဒါ့အျပင္ ထူးျခားတာက ဒီပြဲမွာ စပါးအသင္းဟာလည္း ဟယ္ရီကိန္းနဲ႔အတူ စံခ်ိန္သစ္တစ္ရပ္ကို ရရွိခဲ့ပါတယ္။ အဲဒါကေတာ့ ဟယ္ရီကိန္းရဲ႕သြင္းဂိုးေၾကာင့္ စပါးဟာ ၁၉၉၂ ခုႏွစ္မွာ ပရီးမီးယား

လိဂ္ၿပိဳင္ပြဲလို႔ အမည္ေျပာင္းလဲၿပီးေနာက္ပိုင္း အိမ္ကြင္းသြင္းဂိုး ၁၀၀၀ ျပည့္ေျမာက္တဲ့ ပၪၥမေျမာက္အသင္း ျဖစ္လာခဲ့တာပါပဲ။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲတစ္ေလွ်ာက္ ဂိုးအမ်ားဆုံး သြင္းယူထားသူကေတာ့ နယူးကာဆယ္တိုက္စစ္မႉးေဟာင္း အလန္ရွီးယားျဖစ္ၿပီး

သြင္းဂိုး ၂၆၀ နဲ႔ ပထမဆုံး ေနရာမွာ ရပ္တည္ေနပါတယ္။ ဒုတိယေနရာမွာေတာ့ မန္ယူတိုက္စစ္မႉးေဟာင္း ႐ြန္ေနးျဖစ္ၿပီး ၂၀၈ ဂိုးနဲ႔ ရပ္တည္ေနသလို သရဲနီတိုက္စစ္မႉးေဟာင္း အင္ဒီကိုးကလည္း ၁၈၇ ဂိုး နဲ႔ တတိယေနရာမွာ ရပ္တည္ေနပါတယ္။

အဆင့္ ၆ ေနရာမွာေတာ့ ခ်ဲလ္ဆီး ကြင္းလယ္လူေဟာင္း လမ္းပတ္ျဖစ္ၿပီး ၁၇၇ ဂိုးနဲ႔ ရပ္တည္ေနပါတယ္။ အဆင့္ ၈ ေနရာမွာေတာ့ အာဆင္နယ္ ဂႏၴဝင္တိုက္စစ္မႉး သီယာရီ ဟင္နရီ က ၁၇၅ ဂိုးနဲ႔ ရပ္တည္ေနၿပီး လီဗာပူးတိုက္စစ္မႉးေဟာင္း ေရာ္ဘီေဖာင္လာ က

၁၆၃ ဂိုးနဲ႔ အဆင့္ ၈ ေနရာမွာ ရွိေနပါတယ္။ အဆင့္ ၉ ေနရာမွာေတာ့ စပါးတိုက္စစ္မႉးေဟာင္း ဒီဖိုးက ၁၆၂ ဂိုးနဲ႔ ရပ္တည္ေနၿပီး အဆင့္ ၁၀ ေနရာ မွာေတာ့ လီဗာပူးတိုက္စစ္မႉးေဟာင္း အိုဝင္က သြင္းဂိုး ၁၅၀ နဲ႔ ရပ္တည္ေနပါတယ္။