ကိုယ်စိုက်တာထပ်ပိုပြီး ပြန်သိမ်းရပြီဖြစ်တဲ့ ဇူးမား

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဝက်စ်ဟမ်းအသင်းရဲ့ နောက်ခံလူ ဇူးမားဟာ

သူ့ရဲ့ အိမ်မွေးကြောင်လေးတွေကို ညှင်းပန်းနှိပ်စက်ခဲ့ပါတယ်။

ဒါကြောင့် အသင်းက(၁)ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေအဖြစ်

ပေါင် ၂ သိန်းခွဲ ပေးဆောင်စေခဲ့သလို သူ့ရဲ့ ကြောင်လေးကိုလည်း

တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအသင်းက

လာရောက်ခေါ်ဆောင်သွားခဲ့ပြီလို့ သိရပါတယ်။

ဒါ့အပြင် ဇူးမားကို စပွန်ဆာပေးထားတဲ့

နာမည်ကျော် အားကစားပစ္စည်း ကုမ္ပဏီဖြစ်တဲ့ Adidas က

ဇူးမားနဲ့ လမ်းခွဲကြောင်း ကြေညာသွားခဲ့ပါတယ်။

ဇူးမားကတော့ အဲဒီအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး

တောင်းပန်ပြောဆိုထားခဲ့ပါတယ်။

ထို့အပြင် ဝက်စ်ဟမ်း (၁-ဝ) ဝက်ဖို့ဒ်ပွဲတွင် ပွဲထွက်အဖြစ်

ပါဝင်ကစားခဲ့တဲ့ ဇူးမားကို နှစ်ဖက်ပရိသတ်များ လှောင်ပြောင်ခဲ့သလို၊

၎င်းကို ပွဲထွက်အဖြစ်အသုံးပြုခဲ့တဲ့

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မွိုက်စ်မှာလည်း ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။

ဝက်စ်ဟမ်းအသင်း၏ ထုတ်ပြန်ချက်တွင်

“ဇူးမားအနေဖြင့် အသင်း၏ ဒဏ်ရိုက်ခြင်းကို ကျေနပ်စွာလက်ခံခဲ့ကြောင်း၊

ယင်းဒဏ်ငွေကို တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့ထံ လှူဒါန်းသွားမည်ဖြစ်ကြောင်း၊

ဇူးမား၏အပြုအမူကို မိမိတို့အနေဖြင့် ရှုတ်ချကြောင်း၊

RSPCA အနေဖြင့် ဇူးမား၏ အပြုအမူကို

ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း” ဖော်ပြပါရှိပါတယ်။

ဇူးမားဟာ ပွဲပယ်ခံရခြင်းကြောင့် လက်စတာနှင့်ပွဲကို လွဲချော်ပါမယ်။

zawgyi

ကိုယ်စိုက်တာထပ်ပိုပြီး ကိုယ်ပြန်သိမ်းရပြီဖြစ်တဲ့ ဇူးမား





















